ပဲခူးတိုင်းမှာ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်တဲ့ ကိုယ်စားလှယ်လောင်း ၈ ဦးရှိ

ဒီဇင်ဘာ ၃၁-၂၀၂၀ သိင်္ဂီထွန်း(VOM) ပဲခူးတိုင်းမှာ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၈ ဦးရှိခဲ့တယ်လို့ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကနေ အမည်ပျက်စာရင်းသွင်းမှာဖြစ်ပြီး အဲ့ဒီကိုယ်စားလှယ်တွေဟာ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့ဘဲ လာမယ့် ၂၀၂၅ ခုနှစ်ရောက်မှသာ ယှဉ်ပြိုင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။ “ပြည်သူလွှတ်တော်မှာက ၁၂၄ ရှိတယ်၊ တင်သွင်းတာက ၁၂၁ ဆိုတော့ ၃ ဦးကမသွင်းဘူးပေါ့။ အမျိုးးသားမှာက ၃၆ ယောက်ရှိတာ အကုန်တင်သွင်းတယ်၊ နောက်ပြီး တိုင်း-၁ မှာက ၁၂၉ ရှိတယ်၊ တင်သွင်းတာက ၁၂၇ ဆိုတော့ ၂ ယောက်က မတင်သွင်းဘူးပေါ့။ တိုင်း-၂ မှာက ၁၃၃ ရှိတယ်၊ ၁၃၀ ပဲသွင်းတော့ ၃ ဦးက မတင်သွင်းဘူးပေါ့။ ကရင်မှာတော့ ၇ဦးရှိတာကို ၇ ဦးလုံး အကုန်တင်သွင်းတယ်။…

Read More

တပ်မတော်အနေနဲ့ မဲစာရင်းမှားယွင်းမှုတွေကို ဥပဒေအတိုင်းကန့်ကွက်သွားမယ်

ဒီဇင်ဘာ ၃၀-၂၀၂၀ ကိုထွန်း(VOM) တပ်မတော်အနေနဲ့ မဲစာရင်းမှားယွင်းမှုတွေကို ဥပဒေအတိုင်းကန့်ကွက်သွားမယ်လို့ မနေ့ ဒီဇင်ဘာ ၃၀ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့တာဖြစ်ပါတယ်။ “တပ်မတော်က သုံးခုထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်၊ ထုတ်ပြန်ချက်သုံးခုမှာ ကျွန်တော်တို့ စာရင်းဇယားတွေနဲ့ဖော်ပြပြီးဖြစ်ပါတယ်၊ အဓိက ကတော့ လက်ရှိ တိုင်းဒေသကြီး၊ပြည်နယ်၊မြို့နယ်တွေမှာရှိတဲ့ မဲဆန္ဒရှင်စာရင်းတွေကိုပေးထားတဲ့ မဲဆန္ဒရှင်စာရင်းတွေရှိပါတယ်၊ အချို့ကို မဲစာရင်းကြေညာတဲ့ မဲဆန္ဒနယ်ကတော့ တိုင်းဒေသကြီး၊ပြည်နယ်၊မြို့နယ်တွေမှာရှိတဲ့ မဲဆန္ဒရှင်စာရင်းတွေကို မဲစာရင်းကြေညာပြီးမှမရတာတွေလည်း ရှိတယ်၊ ပါတီတွေကိုပေးခဲ့တာတွေရှိတယ်၊ PDF ဖိုင်တွေနဲ့ဟာတွေရှိတယ်၊ ကျွန်တော်တို့က PDF ဖိုင်မှတဆင့် Excel ဖိုင်အဖြစ်ပြောင်းတယ်၊ Excel ဖိုင်အဖြစ်ပြောင်းပြီး စစ်ဆေးတယ်၊ အများအားဖြင့်မူတည်တာကတော့ လူတစ်ယောက်ရဲ့ It သည် မြန်မာနိုင်ငံမှာတော့ မှတ်ပုံတင်နံပါတ်၊ မှတ်ပုံတင်ကတ်ဖြစ်ပါတယ်၊ အဲ့ဒီမှတ်ပုံတင်ကတ်တွေကိုပဲ ကျွန်တော်တို့အဓိကထားပြီး စစ်ဆေးခဲ့ပါတယ်၊ အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာ မှတ်ပုံတင်ကတ်တွေ ထပ်နေတာကိုတွေ့ရတယ်၊ ဒါနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားမှာကတော့ ဥပဒေအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်”လို့ ဗိုလ်ချူပ်ဇော်မင်းထွန်းက…

Read More

ပဲခူးတိုင်းဝန်ကြီးချုပ်ကို USDP ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်သွင်း

ဒီဇင်ဘာ ၃၀-၂၀၂၀ ကောင်းလက်ျာ(VOM) ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရလဒ်အသာစီးနဲ့ အနိုင်ရထားခဲ့တဲ့ လက်ရှိ ပဲခူးတိုင်းဝန်ကြီးချုပ်ကို USDP ပါတီ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းက ‌မဲဆွယ်ကာလမှာ ငွေကြေးပေးပြီး မဲဆွယ်တယ်ဆိုပြီး အရေးယူပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ‌တင်ပြထားခဲ့တယ်လို့ သိရပါတယ်။ ” ‌ရွေးကောက်ပွဲမတိုင်မီညက ငွေကြေးပေးဝေနေတဲ့ ရုပ်သံဖိုင်တွေမှာအထင်အရှားမြင်ရတယ်။ နောက်ပြီး ရုပ်သံသက်သေ လူသက်သေတွေ စနစ်တကျ ဆုဆောင်ပြင်ဆင်ပြီးမှ ကျွန်တော်ကန့်ကွက်လွှာတင်ခဲ့တာပါ”လို့ ရေတာရှည်မြို့နယ်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၂ မှာ ဝန်ကြီးချုပ်နဲ့ယှဉ်ပြိုင်ခဲ့သူ USDP ပါတီမှ ဦးအောင်နိုင်ထွန်းက ပြောပါတယ်။ NLDပါတီဝင်၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ဒေသတွင်းသာမက လူမှုကွန်ရက်စာမျက်နှာတွေမ‌ှာပါ ပြောစကားအဆန်းတွေကြောင့် လူသိများသူ ဖြစ်ပြီး ရေတာရှည်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၂ ကနေ ၂၀၂၀ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဦးဝင်းသိန်းဟာ ရေတာရှည်မြို့နယ်၊ ရေနီမြို့က ကျေးရွာတစ်ရွာမှာ မဲဆန္ဒရှင်ပြည်သူအချို့ကို မဲဆွယ်နေချိန် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအချို့ ပေးဝေနေတဲ့…

Read More

ဦးပိန်တံတားနားမှာ လည်ပတ်စရာနေရာ တစ်ခုတိုးလာတော့မယ့် စက္ကူပန်းနန်းတော်

မန္တလေး၊ ဒီဇင်ဘာ- ၃၀- ၂၀၂၀ ရှိုင်းအောင်(VOM) အမရပူရ တောင်သမန်အင်းဘေး ဦးပိန်တံတားနား ရတနာပုံတက္ကသိုလ်ရှိတဲ့ဘက်ခြမ်းမှာ ဖန်တီးထားတဲ့ စက္ကူပန်းနန်းတော်ဟာ ကိုဗစ်ကာလအလွန်မှာ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာမှာမို့ လမ်းညွန်ပါရစေ။ အဲဒီနေရာမှာ စက္ကူပန်း မျိုးစိတ် ၇၀ ကျော်၊ အရောင် ၃၀ ကျော် နဲ့ ပန်းပင်ပေါင်း ၁ သိန်းကျော်ပါဝင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် စီစဉ်ထားတာကို တွေ့ရပါတယ်။ “စက္ကူပန်း မျိုးစိတ်တွေကို လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကနေ စုဆောင်းခဲ့တာပါ၊ LAND SCAPE တွေထက်ကို စက္ကူပန်းတွေက အရမ်းပိုနေတဲ့အတွက် ကျနော်တို့ကို ဒီနားမှာ စက္ကူပန်းကို အထူးပြုတဲ့ ပန်းဥယျာဉ်တစ်ခု တည်ဆောက်မယ်ပေါ့နော်၊ အဓိကကတော့ ဒီနားမှာရှိတဲ့ နယ်ခံတွေနဲ့ မန္တလေးမြို့သူ မြို့သားတွေ အပန်းဖြေလို့ရအောင်နဲ့ သူများနိုင်ငံတွေမှာလည်း Landscape တွေကို လူသွားလူလာများတဲ့နေရာမျိုးတွေမှာ တွင်တွင်ကျယ်ကျယ်…

Read More

အခုနှစ်အတွင်း သတင်းသမား ၅၀ ဦးသတ်ဖြတ်ခံရပြီး ၃၈၇ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ

ပါရီ၊ ဒီဇင်ဘာ-၃၀-၂၀၂၀ မျိုးဆက် (VOM) ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ သတင်းသမား ၅၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး သူတို့ထဲက သုံးပုံနှစ်ပုံဟာ စစ်မက်ဖြစ်ပွားတာမျိုးမရှိတဲ့ နိုင်ငံတွေကဖြစ်တယ်လို့ ပါရီအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အတွင်း သတင်းသမား ၅၀ ဦးဟာ သူတို့ရဲ့ သတင်းလုပ်ငန်းလုပ်ကိုင်ရင်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သတင်းဆိုင်ရာလုပ်ငန်းတွေ နည်းပါးပေမယ့်လည်း အခုနှစ်အတွင်း အသတ်ခံရတဲ့ သတင်းသမားအရေအတွက်ဟာ ယမန်နှစ်က ၅၃ ဦးရှိတာကြောင့် အခုနှစ်မှာ အနည်းငယ်သာကျဆင်းသွားတာဖြစ်ပါတယ်။ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၃၄ ခုဟာ စစ်မက်ဖြစ်ပွားခြင်းမရှိတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။…

Read More

မီးရထားဘူတာရုံမှာ အသုံးပြုတဲ့ ဆက်သွယ်ရေးစကားပြောစက်တွေ ခိုးယူခံရ

ဒီဇင်ဘာ ၃၀-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မန်ကျည်းဘုတ်ကျေးရွာ၊ ချောင်းဦး – ပခုက္ကူ မီးရထားလမ်းပိုင်း မန်ကျည်းဘုတ် မီးရထားဘူတာရုံမှာ တပ်ဆင်အသုံးပြုနေတဲ့ မီးရထားဝန်ကြီးဌာနပိုင် ဆက်သွယ်ရေး စကားပြောစက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူခံရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြောင်မြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” ရုံပိုင်ကြီး မြောင်ကိုသွားနေခိုက် သူ့ရုံးခန်းကို ဖောက်ထွင်း ခိုးခံရတယ်လို့တော့ ကြားတယ်” လို့ မန်ကျည်းဘုတ်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ မီးရထား ရုံပိုင်ကြီးဟာ ဒီဇင်ဘာ ၂၈ မနက်က ရုံးလုပ်ငန်းကိစ္စတွေ လုပ်ဆောင်ဖို့ မြောင်မြို့နယ် စာရင်းဦးစီးဌာနရုံးကို သွားရောက်ပြီးအပြန် ရုံးခန်းကိုဝင်ရောက်တဲ့အခါ ပြတင်းတံခါးပွင့်နေပြီး ရုံးခန်းထဲမှာထားတဲ့ ရထားပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးတပ်ဆင်အသုံးပြုနေတဲ့ ဆက်သွယ်ရေးစကားပြောစက် (အထိုင်စက်) နဲ့ အဲ့ဒီ စက်ကို ချိတ်ဆက်အသုံးပြုရတဲ့ ဘက္ထရီအိုး ခိုးယူခံထားရတာကို တွေ့ရတယ်လို့…

Read More

ဖမ်းဆီးခံ တောင်ကုတ်အမတ် (၃) ဦးကို ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆို

ဒီဇင်ဘာ ၃၀- ၂၀၂၀ ထက်အောင်စိုင်း (VOM) အေအေအဖွဲ့က ဖမ်းဆီးထားတဲ့ တောင်ကုတ်မြို့နယ် NLD အမတ် (၃) ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်နယ်ဗဟို အလုပ်မှုဆောင်အဖွဲ့က မနေ့ ဒီဇင်ဘာ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အခုလိုမျိုး NLD ပါတီဖက်က တောင်းဆိုထားတာဟာ ပြီးခဲ့တဲ့ လပိုင်းက တစ်ကြိမ်နဲ့ အခုတစ်ကြိမ်ဆိုလျှင် နှစ်ကြိမ်မြောက် တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ဆက်စပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က “ အဲ့ဒါကတော့ ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထုတ်ပြန်တဲ့ဟာဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ ရှေ့အနာဂတ်မှာ နိုင်ငံတော်ကို ညီညွှတ်တဲ့ အမျိုးသားညီညွှတ်ရေး အစိုးရတစ်ရပ်အနေနဲ့ သွားမယ်။ တိုင်းရင်းသားတွေအားလုံးက မျှော်လင့်ထားတဲ့ ဒီမိုကရေစီပြည်ထောင်စုထူထောင်ဖို့အတွက်လည်း လိုလားတယ်။ အဲ့ဒီဟာတွေကို အခြေခံပြီးတော့ တိုင်းရင်းသားပါတီ (၄၈)…

Read More

ပြည်သူ့ဆေးရုံကြီးက လက်ထောက်ဆရာဝန်ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၀ ကိုတိုးကြီး(VOM) မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ကျန်းမာရေးဝန်ထမ်းအိမ်ယာထဲက လက်ထောက်ဆရာဝန် တစ်ဦးရဲ့ နေအိမ် အိပ်ခန်းထဲမှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၁ နာရီက မူးယစ်စိတ်ကြွဆေးပြားတွေနဲ့အတူ မြို့ခံလူငယ် ၃ ယောက်ကိုပါ တွေ့ရှိရတယ်လို့ ရေးမြို့နယ် ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ ရေးမြို့မရဲစခန်းမှူး ဒု-ရဲမှူး ဝင်းမြင့် က ” ပြည်သူ့ဆေးရုံးကြီးက လက်ထောက်ဆရာဝန်ရဲ့ နေအိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ် ၊ ဆရာဝန် အပါအဝင် လူငယ် ၄ ယောက်နဲ့ မူးယစ် စိတ်ကြွဆေးပြား ၃၃ ပြား ရှာဖွေသိမ်းဆည်းမိတာဖြစ်တယ်”လို့ ပြောပါတယ်။ လက်ထောက်ဆရာဝန်ရဲ့ နေအိမ်အခန်းအတွင်း ဂျပ်စက္ကူပုံးထဲကနေ WY စာတမ်းပါ ပန်းရောင် ရူးသွပ်စိတ်ကြွဆေးပြား ၂၇ ပြား…

Read More

ရေနီမြို့ အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားနဲ့ လူ ၄ ဦး ကိုဗစ်ပိုးတွေ့၊ အထည်ချုပ်စက်ရုံအားလုံးပိတ်

ဒီဇင်ဘာ ၂၉-၂၀၂၀ သိင်္ဂီထွန်း(VOM) ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့က အထည်ချုပ်စက်ရုံအားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ ပိတ်လိုက်ပြီဖြစ်တယ်လို့် ရေနီမြို့နယ်ကျန်းမာရေးမှူး ဦးမြင့်ဇော်ကပြောပါတယ်။ ကနီမြို့နယ်အတွင်းရှိ Bago Young Clothing အထည်ချုပ်စက်ရုံ ၃ ခုထဲက စက်ရုံတစ်ခုမှာ တရုတ်နိုင်ငံသားအပါအဝင် ကိုဗစ်အတည်ပြု လူနာ ၄ ဦးအထိ ထွက်ပေါ်ထားသလို အနံ့ပျောက်သူတွေလည်းရှိနေတာကြောင့် အထည်ချုပ်စက်ရုံတွေကို တစ်ပတ်တိတိ ပိတ်လိုက်တာဖြစ်ပါတယ်။ “စက်ရုံအကုန်ပိတ်တာပါ။ အထည်ချုပ်စက်ရုံကနှစ်ခုရှိတယ်။ Bago Young မှာက ၄ ရုံရှိပေမယ့် ၁ရုံက လုပ်ငန်းမလည်ပတ်သေးဘူး။ ပိတ်ရတဲ့အကြောင်းအရင်းက bago young က လက်တလော ပိုးတွေ့ ထွက်နေတာပေါ့။ အဲ့ဒါကို နောက်ကုမ္ပဏီကို ဘာလို့ပိတ်လဲဆိုရင် အဲ့ဒီစက်ရုံက အရမ်းကြီးဝေးတာမရှိဘူး ကပ်နေတယ်၊ အုတ်တံတိုင်းပဲခြားတယ်။နောက်ပြီး အရင်ကလည်း ၁၉ရက်နေ့လောက်က…

Read More

ကွာရန်တင်းဝင်နေတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရ

ဒီဇင်ဘာ ၂၉-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာရှိ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၀ အရွယ်အမျိုးသားက အဓမ္မပြုကျင့်မှု ဒီဇင်ဘာ ၂၇ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မအူပင်မြို့မရဲစခန်းကနေ သိရပါတယ်။ ”ငါးကြီးဂရက်ကျေးရွာက ရွှေပြည်အေးဘုရားကြီးကျောင်းမှာပဲ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားက ကျူးလွန်တယ်လို့ ပြောပါတယ်။ ကောင်မလေးက ဒလမြို့နယ်ကနေပြန်လာပြီး မအူပင်မြို့ကို အလည်လာရောက်တာဖြစ်ပါတယ်။ တစ်ကြိမ်ပြုကျင့်ခံရတယ်လို့ပြောပါတယ်။ လက်ရှိ ပြစ်မှုကျူးလွန်သူလို့ဆိုသူကို အမှုဖွင့်ထားပါတယ်”လို့ မအူပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ ငါးကြီးဂရက်ကျေးရွာရှိ ရွှေပြည်အေးဘုရားကြီးကျောင်း ကွာရန်တင်းစင်တာအောက်ထပ်မှာ ရန်ကုန်တိုင် ၊ဒလမြို့နယ်၊ ရှမ်းကန်ကျေးရွာကနေပြန်လာပြီး ကွာရန်တင်းဝင်နေတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးဟာ အခြား အမျိုးသမီး ၃ ဦးတို့နဲ့ အိပ်နေချိန် တံခါးခေါက်သံကြားလို့ တံခါးကိုဖွင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို တံခါးဖွင့်ကြည့်ခဲ့ရာ ရွှေပြည်အေးဘုရားကြီးကျောင်းအပေါ်ထပ်မှာ…

Read More
VOM News

FREE
VIEW