မျိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်ရောဂါ ဘင်္ဂလားဒေ့ရှ်မှာ စတင်တွေ့ရှိဆိုတဲ့ သတင်းမှားပျံ့နေ

ဒီဇင်ဘာ-၂၉-၂၀၂၀ ဆွေလင်းထွန်း(VOM) မျိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်ရောဂါဟာ ဘင်္ဂလားဒေ့ရှ်မှာ စတင်တွေ့ရှိတာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ အဆိုပါသတင်းမှားကို ခေတ်ဘုန်းခ ခေတ်ဘုန်းခဆိုတဲ့ အကောင့်ကနေ လူမှုကွန်ယက်မှာ ဒီနေ့နေ့လယ် ၁ နာရီခန့်က တင်ခဲ့တာဖြစ်ပြီး နှစ်သက်သူ ၃ထောင်ကျော်၊ မှတ်ချက်ရေးသားသူ ၁၅၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၅၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ သတင်းမှားမှာ “သက်ဆိုင်ရာအာဏာပိုင်များ သိစေရန်{မျိုးဗီဇပြောင်း ကူးဆက်မြန်} COVID-19 ကပ်ရောဂါသည် ဘင်္ဂလားဒေ့ရှ်၌ စတင်တွေ့ရှိဆိုတဲ့ သတင်းတွေ အချိန်နဲ့တပြေးညီ တက်နေပါတယ် ဒေသအာဏာပိုင်များ သတင်းလက်ဦးမှု ရယူကာ နယ်စပ်မျဉ်းတလျှောက် ပိတ်ဆို့ထားနိုင်ဖို့ပါ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ UK နိုင်ငံမှာတွေ့တဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုးနဲ့ဆင်တူတဲ့ ရောဂါပိုးကို လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ခဲ့တယ်လို့ Bangladesh Council of Scientific…

Read More

တိုင်းရင်းသားပြည်နယ်တွေနဲ့ အာဏာခွဲဝေဖို့ကိစ္စ NLD ပါတီမှာ အစီအစဉ်ရှိပြီးပြီလား

နေပြည်တော်-ဒီဇင်ဘာ-၂၉-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာအမှတ်(၂)၊ ရတနာသိဒ္ဓိရပ်ကွက်၊ မလှိုင်လမ်းနဲ့ ပန်းရွှေပြည် (၃)လမ်းထောင့်မှာရှိတဲ့ ၊ အမှတ်(၅၆၅၉)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)မှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ မွန်းလွဲပိုင်းက NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေး အပြီးမှာ UEC မှာ ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်စာရင်းနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဖို့ကိစ္စတွေအပြင် ပြည်နယ်တွေမှာ အာဏာခွဲဝေမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။   တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုန်ခမ်းနော်ဆမ်းတို့ဦးဆောင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ရက်နေ့က ဖွဲ့စည်းပေးထားခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း၊ ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမြင့်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်ကြည်ညွန့်၊…

Read More

ရှမ်းကုန်းကျေးရွာကို အမည်မသိ လူတစ်စုက မီးဝင်ရှို့

ဒီဇင်ဘာ ၂၉-၂၀၂၀ ကိုတိုးကြီး၊ ထက်အောင်စိုင်း (VOM) ချင်းလူမျိုးတွေ အများစု နေထိုင်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ရှမ်းကုန်းကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက အမည်မသိလူတစ်စု ရွာထဲကိုဝင်လာပြီး လူနေအိမ်တွေကို မီးရှို့သွားတယ်လို့ သိရပါတယ်။ ‌” မနက်က ၁ နာရီ မထိုးခင် အချိန်လောက်ဖြစ်မယ်၊ ပရဟိတရုံးနဲ့ လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးတယ်၊ အခြား လူနဲ့ တိရစ္ဆာန် သေဆုံးဒဏ်ရာရတာတော့ မရှိဘူး၊ မီးစတင်လောင်ရတဲ့ အခြေအနေက ရှို့မီးဖြစ်တာပါ၊ ကောက်သိမ်းရင် ဆက်ကြေးအခွန် ပေးရမယ်၊ တာဝန်မကျေရင် မီးရှို့မယ်။ အဲ့ဒါမှ မဟုတ်ရင် ကျွဲ၊ နွားတွေယူမယ်လို့ ရွာကို ပြောခံထားရတာတွေရှိတယ်။ ဘယ်အဖွဲ့ကလည်းဆိုတာ ‌အဖွဲ့အစည်း အမည်ကို မပြောရဲဘူး “လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းကုန်းရွာခံတစ်ဦးက ပြောပါတယ်။ အမည်မသိ လူတစ်စုရဲ့…

Read More

မြန်မာအပါအဝင် တရားမဝင်လုပ်သားတွေကို မှတ်ပုံတင်ပေးဖို့ ထိုင်းပြည်ထဲရေး စီစဉ်နေ

ဘန်ကောက်၊ ဒီဇင်ဘာ၂၉-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုထိန်းချုပ်ဖို့ အားထုတ်မှုတစ်ခုအဖြစ် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှ တရားမဝင်ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်ကို တရားဝင်မှတ်ပုံတင်ပေးဖို့အတွက် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၉ ရက်နှောင်းပိုင်းမှာပြုလုပ်မယ့် အစိုးရအဖွဲ့ အပတ်စဉ်အစည်းအဝေးမှာ ခွင့်ပြုချက်ရရှိဖို့အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တင်ပြသွားမှာဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ကို အစိုးရအဖွဲ့က အတည်ပြုမယ်ဆိုရင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ – ၁၇ ကို အသုံးပြုပြီး တရားမဝင်အလုပ်သမားတွေကို မှတ်ပုံတင်ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ ပြုပြင်ပြောင်းလဲမှုဟာ ယမန်နေ့မတိုင်မီက ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှ တရားမဝင်လုပ်သားတွေအတွက်သာ အကြုံးဝင်မှာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်မှ ဝင်ရောက်လာသူတွေ မပါဘူးလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံအတွင်းက…

Read More

ရေတွင်းဘောင်ပေါ်ထိုင်ပြီး ဖုန်းပြောလေ့ရှိတဲ့ ကျောင်းထိုင်ဘုန်းကြီး ရေတွင်းထဲပြုတ်ကျလို့ ပျံတော်မူ

ဒီဇင်ဘာ ၂၉ -၂၀၂၀ ကိုတိုးကြီး (VOM) ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု ၊ ကျီးတောကျေးရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ ရေတွင်းထဲပြုတ်ကျပြီး ပျံလွန်တော်မူနေတာကို မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီကျော်က တွေ့ရတယ်လို့ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” ရေတွင်းကျပြီး ပျံလွန်တော်မူနေတာ ၂ ရက်ရှိပြီလို့ ခန့်မှန်းရတယ်၊ ဘာကြောင့်လဲဆိုတော့ ၂၇ ရက် မနက်က ဆွမ်းပို့လာသူတွေက ဘုန်းကြီးမတွေ့လို့ ဖုန်းဆက်တယ်၊ ဆက်လို့မရဘူးလို့ သိရတယ်။ အဲ့ဒါကြောင့် ဆွမ်းပို့သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားထားတယ်၊ မနေ့က ညနေပိုင်းအထိ ဘုန်းကြီးမတွေ့လို့ လိုက်ရှာကြရာက ရေတွင်းထဲ ပြုတ်ကျ ပျံလွန်တော်မူနေတာကို တွေ့ရတယ်”လို့ ကျီးတောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သက်တော် ၃၉ နှစ် အရွယ် ကျောင်းထိုင်ဆရာတော်ဟာ…

Read More

သစ်သားနဲ့ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံးဂြိုဟ်တု ဂျပန်နိုင်ငံတီထွင်နေ

တိုကျို၊ ဒီဇင်ဘာ၂၉-၂၀၂၀ မျိုးဆက်(VOM) ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ကျိုတိုတက္ကသိုလ်တို့ဟာ ၂၀၂၃ ခုနှစ်မှာ သစ်သားနဲ့ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံး ဂြိုဟ်တုကိုဖန်တီးဖို့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။ ဆူမစ်တိုမိုသစ်ကုမ္ပဏီဟာ သစ်ပင်တွေကြီးထွားလာမှုနဲ့ အာကာသအတွင်း သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေ အသုံးပြုနိုင်ဖို့ သုတေသနလုပ်ငန်းကို စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိုတိုတက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဲဒီကုမ္ပဏီဟာ ကမ္ဘာကြီးရဲ့ ပြင်ပမှာ သစ်အမျိုးအစား အမျိုးမျိုးနဲ့အတူ စမ်းသပ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်းကို နိုင်ငံစုံကနေ ဂြိုဟ်တုများစွာ လွှတ်တင်နေကြတာကြောင့် အာကာသအမှိုက်တွေဟာ လက်ရှိမှာတော့ ပြဿနာတစ်ရပ်အဖြစ် ကြီးထွားလာနေပြီဖြစ်ပါတယ်။ သစ်သားနဲ့ပြုလုပ်မယ့် ဂြိုဟ်တုဟာ ကမ္ဘာမြေပေါ်ကို ပြန်ကျလာရင်လည်း လေထုထဲမှာ အခြားအရာလိုမျိုး အန္တရာယ်မဖြစ်စေဘဲ မီးလောင်ကျွမ်းသွားတာ ဒါမှမဟုတ် အပိုင်းအစတွေအဖြစ် ပြန့်ကျဲသွားမှာဖြစ်ပါတယ်။ Ref : BBC Photo: SUMITOMO FORESTRY #voiceofmyanmar #VOM #တိုကျို

Read More

နိုင်ငံသားအထောက် အထားမဲ့သူတွေကို သယ်လာတဲ့ ပုသိမ်ကဘုန်းကြီးထွက်ပြေးတာ ဖမ်းမမိသေး

ပုသိမ်-ဒီဇင်ဘာ-၂၉-၂၀၂၀ ကိုအောင်(ပုသိမ်) ဒီဇင်ဘာ၂၄ရက်နေ့က နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ယောက်ကို သယ်လာတဲ့ ပုသိမ် သာသနာ့ဓမ္မဂုဏ်ရည် တံဆိပ်နဲ့ ကားတစ်စီးဟာ ပြည်မြို့အရောက်မှာ ဘီးပေါက်သွားကာမှ ကားထဲမှာ နိုင်ငံသားအထောက်အထားမပြနိုင်သူ ၁၃ယောက်ကိုတွေ့ခဲ့ချိန်မှာ ယာဉ်မောင်းနဲ့ဘုန်းကြီးဟာ ကားကိုထားပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီ ၁၃ ယောက်ကို ပို့ဆောင်ပေးခဲ့တဲ့သူဟာ ပုသိမ်မြို့ အမှတ်၁၄ရပ်ကွက်က သာသနာ့ဓမ္မာ့ဂုဏ်ရည်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်နဲ့ သူ့ရဲ့ယာဉ်မောင်း ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင် က “အမှတ်၁၄ ပန်းဆက် ရပ်ကွက်ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဦးဣိန္ဒကနဲ့ ယဥ်မောင်းက ဂိုလေး(ခ)ခင်မောင်လင်းတို့လို့ အတည်ပြုလို့ရပါတယ်။ တရားခံတွေကတော့ ထွက်ပြေးနေပါတယ်”လို့ ပြောပါတယ်။ ပုသိမ်သာသနာ့ ဓမ္မဂုဏ်ရည်ကျောင်းက ကျောင်းထိုင်ဘုန်းကြီးကို ပြည်မြို့မှာအမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။ “ဘုန်းကြီးကတော့ပုသိမ်က သူတို့ကိုပြည်မှာပဲ ပုဒ်မ ၃၆၇နဲ့အမှုဖွင့်ထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။ အထောက်အထားမဲ့သူတွေကို ခိုးသွင်းမှုနဲ့ ပတ်သတ်ပြီး ပဲခူးတိုင်း ပြည်မြို့မရဲစခန်းက…

Read More

ကမ္ဘာ့အပူဆုံးနှစ်ဖြစ်ပြီး ရာသီဥတုပြောင်းလဲတာကြောင့် စားနပ်ရိက္ခာနဲ့ ရေရှားမှုတွေ ဖြစ်လာမယ်

ဒီဇင်ဘာ ၂၉-၂၀၂၀ ယဉ်ပပထွန်း (VOM) ၂၀၂၀ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံး ဒုတိယနှစ်ဖြစ်တဲ့အတွက် ရာသီဥတု ပြောင်းလဲလာတာကြောင့် စားနပ်ရိက္ခာရှားပါးမှု ၊ ရေရှားပါးမှုတွေနဲ့ ကျန်းမာရေးဆိုင်ရာရောဂါတွေ ထူပြောလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောပါတယ်။ ပြီးခဲ့တဲ့၂၀၁၆ခုနှစ်က ကမ္ဘာ့ပထမဆုံး အပူဆုံးနှစ်ဖြစ်ခဲ့ပြီး အခု၂၀၂၀ က ဒုတိယ ကမ္ဘာ့အပူဆုံးနှစ် ဖြစ်တာကိုလည်း သိရပါတယ်။ “ ၂၀၁၆ မှာ ရာသီဥတုလျော့ချဖို့အတွက်ကို နိုင်ငံတွေ သဘောတူခဲ့တယ် ။ အခုလက်ရှိအခြေအနေထိတော့ အကောင်အထည်မဖော်နိုင်ခဲ့သေးဘူး ။ မဖော်နိုင်သေးတဲ့ ကြားထဲ ရာသီဥတုပြောင်းလဲမှုတွေက ဆက်ပြီးတော့ ပြောင်းလဲမယ့်အနေအထားမျိုးရှိတယ် ။ ဒီနှစ်ဆိုရင်လည်း လာနီညာ နှစ်တစ်နှစ်ဖြစ်ပေမယ့်လည်း ကမ္ဘာ့အပူချိန်က ဒုတိယအပူဆုံး နှစ်အနေနဲ့ ရှိနေခဲ့တယ်၊ ရာသီဥတုပြောင်းလဲဖို့က ကမ္ဘာနိုင်ငံမှာရှိတဲ့ လူတိုင်အားလုံးပူးပေါင်းပါဝင်ဖို့လိုပါတယ် ။ တနိုင်ငံထဲက ရာသီဥတုပြောင်းလဲ ဖို့လုပ်နေလို့မရဘူး၊ ကမ္ဘာနိုင်ငံတွေအကုန်လုံးက ပူးပေါင်းဆောင်ရွက်မှသာ…

Read More

နိုင်ငံတော်ထောက်ပံ့ငွေ သိန်း ၃၀ မပေးဘဲ ချန်ထားတဲ့ အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ဒေသခံတွေကတိုင်ကြား

ဒီဇင်ဘာ ၂၉-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်ရှိ ဗျိုက်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ အခြေခံလူတန်းစားတွေကိုပေးတဲ့ နိုင်ငံတော်ထောက်ပံ့ငွေထဲက ကျပ်သိန်း ၃၀ ကိုချန်ထားလို့ဒေသခံတွေက ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်ကြားခဲ့ပါတယ်။ “ဗျိုက်ကြီးကျေးရွာအုပ်စုမှာ ကိုဗစ်ထောက်ပံ့ကြေးငွေနဲ့ပတ်သက်ပြီးအိမ်ထောင်စု ၃၂၈ အိမ်အတွက် ငွေကျပ် ၆၅ သိန်း ၆ သောင်းကို အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း လက်မှတ်နဲ့ ထုတ်ယူခဲ့ပြီး ရပ်ကျေးမှာကျတော့ နေအိမ် ၂၇၈ အိမ်ကို တစ်အိမ် ၂ သောင်းနှုန်းနဲ့ ငွေကျပ် ၅၅ သိန်း ၆ သောင်းပဲ ဝေတယ်၊ အဲ့ဒီတော့ တစ်ကြိမ်ဝေရင် ဆယ်သိန်းလောက် ငွေကွာနေတယ်၊ ၃ ကြိမ်ဝေတော့ ငွေသိန်း ၃၀ ကွာနေတဲ့အတွက် ခိုင်မာတဲ့သက်သေခံအထောက်အထားတွေနဲ့ ကျောင်းကုန်းမြို့နယ် ထွေအုပ်ကို တိုင်ခဲ့တာပါ၊ ဒါပေမယ့် အရေးယူမှုမရှိတဲ့အတွက် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးကို ထပ်ဆင့်တိုင်ကြားခြင်း ဖြစ်ပါတယ်”လို့ တိုင်ကြားခဲ့သူ…

Read More

တောင်ကြီးမြို့မ‌ဈေးကြီးကို ဒီဇင်ဘာ(၃၀)ရက်နေ့မှာ ပြန်ဖွင့်မယ်

ဒီဇင်ဘာ ၂၉-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့ရှိ မြို့မဈေးကြီးကို မနက်ဖြန် ဒီဇင်ဘာ (၃၀)ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။ “ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ဈေးသူဈေးသားတွေကို လိုက်နာရောင်းချစေမှာပါ။ တောင်ကြီးမြို့တော်စည်ပင်ဘက်ကလည်း အဲ့ဒီလိုသတ်မှတ်ချက်တွေနဲ့အညီ လိုက်လံစစ်ဆေးသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့အခန်းကဏ္ဍကိုတော့ မြို့နယ်ကိုဗစ်ကော်မတီနဲ့စေတနာ့ဝန်ထမ်းအဖွဲ့တွေ ပေါင်းပြီး စစ်‌ဆေးမှု‌တွေ ပြုလုပ်ဆောင်ရွက်သွားမှာပါ”လို့ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကျပြောပါတယ်။ တောင်ကြီးမြို့မဈေး အပိုင်း (၄) K ရုံမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတစ်ဦး စတင်တွေ့ရှိခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းမှစပြီး မြို့မဈေးကြီးကို ပိတ်ထားခဲ့တာဟာ တစ်လပြည့်တော့မှာ ဖြစ်ပါတယ်။ အခု ဈေးကြီးကို ပြန်ဖွင့်ရာမှာလည်း သတ်မှတ်စည်းကမ်းတွေအတိုင်း တစ်ခန်းခြားစနစ်နဲ့ ရောင်းချခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ မြို့မဈေးကြီးအတွင်းမှာတော့ ဈေးရုံပေါင်း ၁၉ ရုံ နဲ့ ဆိုင်ခန်းပေါင်း ၁,၈၆၈ ခန်းရှိတယ်လို့ သိရပါတယ်။ အလားတူ နိုဝင်ဘာ ၂၉…

Read More
VOM News

FREE
VIEW