ဘုရားမုခ်ဦးဟောင်း ဖြိုဖျက်ရာကနေ ပြိုကျပြီး အလုပ်သမားတစ်ဦးသေဆုံး

‌ဇန်နဝါရီ ၉-၂၀၂၁
ကောင်းလက်ျာ(VOM)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာရှိ ဆုတောင်းပြည့်ဘုရားမုခ်ဦးဟောင်းကို ဖြိုဖျက်ရာ ပြိုကျမှုဖြစ်ပွားပြီး အလုပ်သမားတစ်ဦး သေဆုံးမှု မနေ့ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” အလုပ်သမား ၃ ဦး လုပ်ကိုင်ဆောင်ရွက်နေတုန်း ပြိုကျတာပါ။ တစ်ဦးက အခင်းဖြစ်နေရာမှာပဲ ဆုံးသွားတယ်။ ကျန်နှစ်ဦးက သာမန်ထိခိုက်ဒဏ်ရာပဲရတယ်”လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မုခ်ဦးဟောင်းပြိုကျချိန်‌ သေဆုံးသွားသူဟာ လုပ်သားချစ်မိုးဦး(၁၈ နှစ်)ဆိုသူ‌ဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်အပေါ် ကွန်ကရစ်အစိတ်ပိုင်းတွေ ပိကျရာကနေ သေဆုံးခဲ့တာဖြစ်တယ်လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

လူသေဆုံးမှုနဲ့ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် – ၃ /၂၀၂၁ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊မဟုတ် စစ်ဆေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Phot -မြတ်ထွဋ်
#voiceofmyanmar #VOM #မြိတ် #မုခ်ဦးပြိုကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW