ကုလသမဂ္ဂအကြီးအကဲအဖြစ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ဖို့ ဂူတာရက်စ် ဆန္ဒရှိနေ

ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁၁-၂၀၂၁
မျိုးဆက် (VOM)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်လိုတယ်လို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကို ပြောကြားခဲ့ကြောင်း ဒီကိစ္စကိုသိရှိထားတဲ့ သံတမန်နှစ်ဦးကို ကိုးကားပြီ ဘလွန်းဘာဂ်သတင်းဌာနက ဇန်နဝါရီ ၁၀ ရက်မှာရေးသား ဖော်ပြထားပါတယ်။

ဂူတာရက်စ်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဥက္ကဋ္ဌကို များမကြာမီမှာ အကြောင်းကြားသွားဖွယ်ရှိတယ်လို့ ဘလွန်းဘာဂ်သတင်းဌာနက ဖော်ပြထားပါတယ်။

အသက် ၇၁ နှစ်အရွယ် မစ္စတာဂူတာရက်စ်ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ကုလသမဂ္ဂရဲ့ ၉ ဦးမြောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့ ၅ နှစ်သက်တမ်းဟာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

သူဟာ ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်ဖို့ မဆုံးဖြတ်မီ အမေရိကန်မှာ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲကို စောင့်ဆိုင်းနေခဲ့ကာ ဂျိုးဘိုင်ဒင်အနိုင်ရရှိပြီးနောက် အတွင်းရေးမှူးချုပ်အဖြစ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ဖို့ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဘလွန်းဘာဂ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဘလွန်းဘာဂ်ရဲ့ သတင်းဖော်မှုနဲ့ပတ်သက်ပြီး ဂူတာရက်စ်က မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ သမ္မတဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းအတွင်း အဖြစ်အပျက်များစွာမှာတော့ အမေရိကန်နဲ့ ကုသလမဂ္ဂတို့အကြား သဘောထားအမြင် တူညီအပ်စပ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW