အသက်၁၄ နှစ်မိန်းကလေးကို ဟိုတယ်ခေါ်ပြီး အဓမ္မပြုကျင့်သူတွေကို အမှုဖွင့်ဖမ်းဆီး

ဇန်နဝါရီ ၁၂ -၂၀၂၁ ကောင်းလက်ျာ(VOM) တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုမ‌ှာ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးကို အလှဓါတ်ပုံရိုက်ပေးမယ်ဆိုပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းမှူး ဒု-ရဲမ‌‌ှူးချိုလ‌ွင်က ပြောပါတယ်။ ” သူတို့သုံးဦးလုံးကို မနေ့က ဖမ်းဆီးစစ်ဆေးနေတယ်။ အဝတ်စားတွေကို ဓာတုဗေဒဝန်ရုံးကို မပို့ရသေးဘူး။ အခု အွန်လိုင်းမှာပျံ့နေတဲ့ အချုပ်ထဲက လိုင်းသုံးနေတယ်ဆိုတာ မဟုတ်ပါဘူး။ ဖုန်းလည်း ဖမ်းတဲ့နေ့ကတည်းက သိမ်းပြီးသားပါ”လို့ ဒု-ရဲမ‌‌ှူးချိုလ‌ွင်က ပြောပါတယ်။ ပြီးခဲတဲ့၂၀၂၀၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်ခန့်က မြိတ်မြို့မှာနေတဲ့ အသက် ၁၄နှစ်အရွယ် မိန်းကလေးနဲ့ အမေဖြစ်သူဟာ နေအိမ်မှာရှိနေချိန် ပုလောမြို့နယ်၊ အမှတ် ၁ ရပ်ကွက်‌‌နေ ကိုထက်(ခ)ထက်ဝင်းဖြိုး (၂၇ နှစ်)နဲ့ အဖော်အဖြစ်လိုက်လာတဲ့ အမျိုးသားနှစ်ဦးရောက်လာပြီး သမီးဖြစ်သူကို အလှဓါတ်ပုံရိုက်ပေးဖို့ လာခေါ်တဲ့အတွက် အဖော်တစ်ဦးထည့်‌ပေးကာ စေလွှတ်ခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းကနေ‌…

Read More

VOM ရဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

 ဇန်နဝါရီ ၁၀-၂၀၂၁ – ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှား ဖြစ်တယ်ဆိုတဲ့ သတင်း – သတင်းကတော့ ပြည်ခိုင်ဖြိုး သမိုင်းမရိုင်းချင်လို့ ဥပဒေဘောင်တွင်းမှလုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတဲ့ သတင်း – UEC ဖျက်သိမ်းပေးဖို့ နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ဆန္ဒပြတဲ့ သတင်း – ကွာရန်တင်းစင်တာကို ဘုန်းကြီးတစ်ပါးက မီးနဲ့ရှို့ တဲ့သတင်း – ဟားခါးမြို့မှာ နေအိမ် ၃ လုံးမီးလောင်ပြီး လူ ၁ ဦးသေဆုံး ခဲ့တဲ့သတင်း – တန်ဆည်မြို့မှာ ရေမော်တာခလုတ် မပိတ်ဘဲထားရာကနေ အပူလွန်ကဲပြီး သိန်း ၂၄၀ကျော် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့တဲ့ သတင်း – မူးယစ်ဖမ်းတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ အလွတ်တန်း သတင်းထောက်တစ်ဦးက ဆန္ဒဖော်ထုတ်ခဲ့တဲ့ သတင်း VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ…

Read More

VOM ရဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု

ဇန်နဝါရီ ၁၁-၂၀၂၁ – တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ သတင်း – နယ်စပ်ခြံစည်းရိုးကာရံနေတာကို မြန်မာဘက်က ကန်ကွက်နေပေမယ့် တရုတ်က ဆက်လက်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်း – မြန်မာယာဉ်မောင်း ၁၁ ဦးကို တရုတ်နိုင်ငံက ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ သတင်း – အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ဆက်လက်ဆွေးနွေးဖို့ ရခိုင်လွှတ်တော်အတည်ပြု ခဲ့တဲ့ သတင်း – ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ ကုန်တင်မော်တော်တွေကို ရှမ်းနီ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်ခံတဲ့ သတင်း – ကျပ်သန်း ၄၅၀၀ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတစ်ခုကို ကရင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တဲ့ သတင်း – ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးသာရှိတယ် ဆိုတဲ့ သတင်း VOM သတင်းဌာနရဲ့…

Read More

မန်နေဂျာကိုအလုပ်ထုတ်ရာကနေ အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ထောင်ကျော်ဆန္ဒပြ

ဇန်နဝါရီ ၁၁-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန်-၁ ရှိ ရွှေသဇင်အထည်ချုပ်စက်ရုံရှေ့မှာ မန်နေဂျာကို အလုပ်ထုတ်လိုက်လို့ အလုပ်သမားတစ်ထောင်ကျော်ဆန္ဒပြတောင်းဆိုမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အလုပ်သမားတစ်ထောင်ကျော်ဟာ မန်နေဂျာပြန်လည်ခန့်ထားပေးရေးနဲ့ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေဆုံးရှုံးနေတဲ့အတွက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်တယ်လို့ စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မအိရွှေစင်က ပြောပါတယ်။ “ကျွန်မတို့ ၂၁ချက် တောင်းဆိုထားတယ်၊ အဲ့ဒီအချက်ပြေလည်မှ လုပ်ငန်းခွင်ပြန်ဝင်မယ်”လို့ မအိရွှေစင်ကပြောပါတယ်။ စက်ရုံဝန်ထမ်းတွေဟာ အလုပ်နားချိန်၁နာရီအပြည့်အဝပေးရေး၊ စက်ရုံမှူးကို ချက်ချင်းအလုပ်ရပ်ဆိုင်းပေးရေး၊ တရုတ်တွေဖိနှိပ်မှုအောက်မှ လွတ်မြောက်စေရေး၊ တရားမျှတပြီး လုပ်ငန်းခွင်သာယာမှုကို ပေးနိုင်သော မန်နေဂျာဒေါ်ထက်ထက်အား အလုပ်ပြန်ခန့်ပေးရေး၊ ဝန်ထမ်းများအား အတင်းအကြပ် ညဆိုင်းခိုင်းစေခြင်းအား ရပ်တန့်ပေးရေး စတဲ့ အချက်တွေပါဝင်တဲ့ တောင်းဆိုချက် ၂၁ ချက်ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအလုပ်သမားတွေ ဆန္ဒပြတာကို သွားရောက်ကူညီပေးခဲ့တဲ့ Action Labor Rightအဖွဲ့မှ စည်းရုံးရေးမှူး ကိုကျော်ကျော်က “အဓိကဖြစ်တာက မန်နေဂျာကို အလုပ်ထုတ်တာကနေ အခြားအချက်တွေပါ အလုပ်သမားတွေတောင်းဆိုတာ၊…

Read More

နယ်စပ်ခြံစည်းရိုးကာရံနေတာကို မြန်မာဘက်က ကန်ကွက်နေပေမယ့် တရုတ်က ဆက်လက်လုပ်ကိုင်နေ

ဇန်နဝါရီ ၁၁ -၂၀၂၁ ကိုတိုးကြီး (VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် ၊ လွယ်ဂျယ်မြို့၊ မြန်မာ-တရုတ် ၂ နိုင်ငံနယ်စပ်မှာ တရုတ်ဘက်က သံတိုင်တွေစိုက်ထူပြီး အခိုင်အမာ နယ်စပ်ခြံစည်းရိုး ခတ်နေတဲ့အတွက် မနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အဲ့ဒီလုပ်ငန်းခွင်ကို သွားရောက် ကန့်ကွက် တားမြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ” မြန်မာ-တရုတ် ၂ နိုင်ငံ နယ်နိမိတ် နယ်ခြားမှတ်တိုင် အမှတ်(၄၉ /၂ ) နဲ့ ၁၀ မီတာအတွင်း မြေညီကွန်ကရက်ခုံပေါ်မှာ အရှည် ၁၀ ပေအရွယ်အစားရှိတဲ့ သံတိုင်တွေစိုက်ထူပြီး တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးခတ်နေတာကြောင့် မြေပြင်ကွင်းဆင်း သွားရောက်ကန့်ကွက်ခဲ့တာဖြစ်တယ်”လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ပြောပါတယ်။ အဲ့ဒီ နယ်နိမိတ် ခြံစည်းရိုးခတ်လုပ်နေတဲ့ နေရာကို…

Read More

အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ဆက်လက်ဆွေးနွေးဖို့ ရခိုင်လွှတ်တော်အတည်ပြု

ဇန်နဝါရီ ၁၁ -၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်လက်နက်ကိုင် အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ်ကနေ ပယ်ဖျက်ပေးရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆိုကိုတင်သွင်းတဲ့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ကြေညာထားတဲ့ အေအေအဖွဲ့ကို ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပယ်ဖျက်ပေးရေး ပြည်နယ်အစိုးရကနေ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆို ဒီကနေ့မှာပဲ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဦးထွန်းသာစိန်ရဲ့အဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့ကာ ကန့်ကွက်သူမရှိပဲ ပြည်နယ်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုနိုင်ခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော်မှာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ ” ဒီနေ့မှာတော့…

Read More

တရုတ်နိုင်ငံက မြန်မာယာဉ်မောင်း ၁၁ဦးကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေး

ဇန်နဝါရီ ၁၁-၂၀၂၁ အေးချမ်းသူ(VOM) တရုတ်အစိုးရကနေ မူဆယ်-မန့်ဝိန်းကားဂိတ်မှာရှိတဲ့ မြန်မာကုန်တင်ယာဉ်မောင်း ၁၁ ဦးကို ဒီကနေ့မနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့‌တယ်လို့ အဲ့ဒီနယ်စပ်မှာတာဝန်ကျနေတဲ့ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “ရှန်တိန်ယာဉ်မောင်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးတာပါ၊ ဒီနေ့ဆေးထိုးတာ ၁၁ ဦးပါ ဒုတိယအကြိမ်ပေါ့။ အရင်လကလည်း လေးဆ ယ်ကျော်ထိုးသေးတယ်၊ ဂိတ်ကိုတော့မပိတ်ထားပါဘူး။ သေချာအစီအစဉ်တကျလုပ်နေပါတယ်”လို့ ယာဉ်ထိန်းရဲတပ်ကြပ်မျိုးမင်းသူက ‌VOMကို‌ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီမှူး ဦးအယ်လ်စိုးထန်ထူးက “ကျနော်တို့ဘက်က ကိုဗစ်စစ်တာ ဆေးမထိုးဘူး၊ ဆေးကလည်း မူဆယ်ကို တရုတ်ကလှူထားတာ၊ ဒီနေ့မှ ပြန်စစ်ရမှာ။ မစစ်တာသုံးရက်ရှိပြီ၊ ဒါက ပါဆင်နယ်ကိစ္စဖြစ်နေတယ် ကျနော်တို့နဲ့မဆိုင်ဘူး။ တရုတ်ဘက်ကလုပ်တာ ထိုးခွင့်ပြုတယ်၊မပြုဘူး ဆိုတာလည်း ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး”လို့ “လို့ VOMကိုပြောပါတယ်။ တရုတ်ပြည်ဘက်က မြန်မာယာဉ်မောင်းတွေကို ကာကွယ်ဆေး ဒုတိယအကြိမ် ပြန်လည်ထိုးပေးတာနဲ့ပတ်သတ်ပြီး အသိပေးအကြောင်းကြားခြင်းမရှိကြောင်း မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိူင်စိုးက VOMကို ပြောပါတယ်။ မူဆယ်မြို့နယ်၊ မူဆယ်-မန့်ဝိန်း…

Read More

သမ္မတသက်တမ်း ရက်ပိုင်းသာရှိတော့ပေမယ့် ဒေါ်နယ်ထရန့်ကို ရာထူးကနေဖယ်ရှားဖို့ ပြင်ဆင်နေ

ဝါရှင်တန်၊ ဇန်နဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်မှုလုပ်ငန်းစဉ်မစတင်မီ သူ့ကိုရာထူးကနေဖယ်ရှားဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုဆီက လွှတ်တော်အမတ်တွေကို အသိပေးခဲ့ပါတယ်။ ဒါကတော့ ထရန့်ကို ရာထူးကနေဖယ်ရှားပေးဖို့ ဒုတိယသမ္မတ မိုက်ပင့်စ်ကိုတောင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ တစ်ကယ်လို့ ဒီနည်းလမ်းသာ အထမမြောက်ခဲ့ဘူးဆိုရင် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနှင်းခံခဲ့ရတဲ့ ဖြစ်စဉ်မှာ ဆူပူအုံကြွအောင်လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေက စီစဉ်နေပါတယ်။ပထမဆုံးမဲပေးမှုကတော့ ဇန်နဝါရီ ၁၁ ရက်မှ စတင်နိုင်ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စပလိုဆီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ ကိုအသုံးပြုပြီး ရာထူးတာဝန်နဲ့ မထိုက်တန်ဘူးဆိုကာ ထရန့်ကို ဖြုတ်ချပေးဖို့ ဒုသမ္မတ မိုက်ပင့်စ်ကို တရားတောင်းဆိုဖို့ ဆုံးဖြတ်ချက်အတွက် အစီအစဉ်တွေကို လွှတ်တော်အမတ်တွေဆီကို ဇန်နဝါရီ ၁၀ ရက်မှာ ပေးပို့ခဲ့ပါတယ်။ ဒီနည်းလမ်းသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒေါ်နယ်ထရန့်ရာထူးကနေ…

Read More

ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ ကုန်တင်မော်တော်တွေကို ရှမ်းနီ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်

ဇန်နဝါရီ ၁၁ -၂၀၂၁ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်းဖီးလင်းရွာအနီး၊ ချင်းတွင်းမြစ်ကြောင်းထဲမှာ ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ ကုန်တင်မော်တော်တွေကို ရှမ်းနီ လက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ဆက်ကြေးလာကောက်နေတယ်လို့ ရေယာဉ်လုပ်ငန်းရှင်တွေကနေ သိရပါတယ်။ “မော်တော် ၁ စီးကို ၆ သိန်းကောက်တယ် ၊ ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ မော်တော် ၁၅ စီး ပေးလိုက်ရတယ် ၊ ရှမ်းနီအဖွဲ့ကဖြစ်တယ် ၊ ရှမ်းနီအဖွဲ့လို့ ပြောနိုင်တာက ဆက်ကြေး ငွေလက်ခံဖြတ်ပိုင်း သူတို့ပြန်ပေးတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ကုန်တင်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသည်တင် ရေယာဉ်တွေ ပြေးဆွဲသွားလာခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာက ယာယီပိတ်ထားခဲ့တာဟာ ဒီကနေ့အချိန်ထိ ဖြစ်တာကြောင့် အထက်ချင်းတွင်းဒေသ…

Read More

ကျပ်သန်း ၄၅၀၀ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတစ်ခုကို ကရင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြု

ဇန်နဝါရီ ၁၁-၂၀၂၁ ခွန်ခမ်းသူ(VOM) ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပထမဆုံးအနေနဲ့ ကျပ်သန်း ၄၅၀၀ ရင်းနှီးမြုပ်နှံတဲ့ ဟိုတယ်နဲ့အပန်းဖြေစခန်းတစ်ခုကို ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ဘားအံမြို့နယ်၊ မိဇံကျးရွာ(မိဇံမြေနုကျွန်း)၊ ဦးပိုင်အမှတ်-၁၁၈ ၊ N-၁၁၀ ၊ ကွင်းအမှတ်- ၁၁၀၆ ၊ မိဇံတောင်စွန်းကွင်း၊ မြေဧက ၁၀ ဒသမ ၇၂ ပေါ်မှာခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၇ နေရာနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး UHM(Development Co,Ltd)ကုမ္ပဏီကို နှစ် ၅၀ လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။ ” စိမ်းလန်းသန့်ရှင့်တဲ့ ပတ်ဝန်းကျင် လေထု၊ ရေထုကိုအခြေပြုတဲ့ မီးခိုးမထွက်တဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာရင် ဒေသခံလူထုတွေရဲ့လူမှု စီးပွားရေးတွေတိုးတက်လာမယ်၊ ဒီလိုဖွံ့ဖြိုးတိုးတက်လာမှ မီးခိုးမထွက်တဲ့ စက်ရုံကနေ ဒေသခံလူထုတွေရဲ့ စားဝတ်နေရေးအပြင် လမ်းပန်းဆက်သွယ်ရေးတွေ၊ ပညာရေးတွေအစ တိုးတက်လာမယ်”လို့ ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်…

Read More
VOM News

FREE
VIEW