အသက်၁၄ နှစ်မိန်းကလေးကို ဟိုတယ်ခေါ်ပြီး အဓမ္မပြုကျင့်သူတွေကို အမှုဖွင့်ဖမ်းဆီး

ဇန်နဝါရီ ၁၂ -၂၀၂၁
ကောင်းလက်ျာ(VOM)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုမ‌ှာ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးကို အလှဓါတ်ပုံရိုက်ပေးမယ်ဆိုပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းမှူး ဒု-ရဲမ‌‌ှူးချိုလ‌ွင်က ပြောပါတယ်။

” သူတို့သုံးဦးလုံးကို မနေ့က ဖမ်းဆီးစစ်ဆေးနေတယ်။ အဝတ်စားတွေကို ဓာတုဗေဒဝန်ရုံးကို မပို့ရသေးဘူး။ အခု အွန်လိုင်းမှာပျံ့နေတဲ့ အချုပ်ထဲက လိုင်းသုံးနေတယ်ဆိုတာ မဟုတ်ပါဘူး။ ဖုန်းလည်း ဖမ်းတဲ့နေ့ကတည်းက သိမ်းပြီးသားပါ”လို့ ဒု-ရဲမ‌‌ှူးချိုလ‌ွင်က ပြောပါတယ်။

ပြီးခဲတဲ့၂၀၂၀၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်ခန့်က မြိတ်မြို့မှာနေတဲ့ အသက် ၁၄နှစ်အရွယ် မိန်းကလေးနဲ့ အမေဖြစ်သူဟာ နေအိမ်မှာရှိနေချိန် ပုလောမြို့နယ်၊ အမှတ် ၁ ရပ်ကွက်‌‌နေ ကိုထက်(ခ)ထက်ဝင်းဖြိုး (၂၇ နှစ်)နဲ့ အဖော်အဖြစ်လိုက်လာတဲ့ အမျိုးသားနှစ်ဦးရောက်လာပြီး သမီးဖြစ်သူကို အလှဓါတ်ပုံရိုက်ပေးဖို့ လာခေါ်တဲ့အတွက် အဖော်တစ်ဦးထည့်‌ပေးကာ စေလွှတ်ခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းကနေ‌ သိရပါတယ်။

သမီးဖြစ်သူကို ထည့်ပေးခဲ့ချိန် မြိတ်မြို့နေရာအချို့မှာ အလှဓါတ်ပုံရိုက်ကူးပြီးနောက်ပိုင်း မြိတ်မြို့နယ်၊ ထားဝယ်စုရပ်ကွက်ရှိ ဟိုတယ်တစ်ခုမ‌ှာတည်းခို‌နေချိန် အဓမ္မပြုကျင့်ခံရသူရဲ့ အဖော်အဖြစ်ပါလာတဲ့ အမျိုးသမီး တစ်ဦးနဲ့ ကိုထက်(ခ)ခန့်ဝင်းထူးရဲ့ သူငယ်ချင်း မင်းခန့်ထူး၊အောင်မင်းခန့်တို့ဟာ ပြင်ပကို ထွက်ခွာသွားချိန် အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို သမီးဖြစ်သူကို ကိုထက်(ခ)ထက်ဝင်းဖြိုးဆိုသူက အဓမ္မပြုကျင့်နေတာကို လူမှုကွန်ယက်စာမျက်နှာ(အွန်လိုင်း)မှာတက်လာတာကြောင့် မိခင်ဖြစ်သူက မေးမြန်းခဲ့ရာ သမီးဖြစ်သူ အဓမ္မပြုကျင့်ခံခဲ့ရတာကို သိရှိခဲ့ရတာဖြစ်တယ်လို့ မိခင်ရဲ့ထွက်ဆိုချက်အရ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ကိုထက် (ခ)ထက်ဝင်းဖြိုး အပါအဝင် အမျိုးသား ၃ ဦးကို မြိတ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၆၃/၃၇၆/၁၁၄ တို့နဲ့ အမှုဖွင့် ဖမ်းဆီးကာ စစ်‌ဆေး‌ဆောင်ရွက်နေတယ်လို့ မြိတ်မြို့မရဲစခန်းကနေ သိရပါတယ်။

Photo – မြိတ်သတင်းစုံ
#voiceofmyanmar #VOM #မြိတ် #အသက်၁၄နှစ်မိန်းကလေး #အမျိုးသား၃ဦး #အဓမ္မပြုကျင့်

Related posts

Leave a Comment

VOM News

FREE
VIEW