သမ္မတသက်တမ်း ရက်ပိုင်းသာရှိတော့ပေမယ့် ဒေါ်နယ်ထရန့်ကို ရာထူးကနေဖယ်ရှားဖို့ ပြင်ဆင်နေ

ဝါရှင်တန်၊ ဇန်နဝါရီ-၁၁-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်မှုလုပ်ငန်းစဉ်မစတင်မီ သူ့ကိုရာထူးကနေဖယ်ရှားဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုဆီက လွှတ်တော်အမတ်တွေကို အသိပေးခဲ့ပါတယ်။

ဒါကတော့ ထရန့်ကို ရာထူးကနေဖယ်ရှားပေးဖို့ ဒုတိယသမ္မတ မိုက်ပင့်စ်ကိုတောင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်ဖို့ဖြစ်ပါတယ်။

တစ်ကယ်လို့ ဒီနည်းလမ်းသာ အထမမြောက်ခဲ့ဘူးဆိုရင် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနှင်းခံခဲ့ရတဲ့ ဖြစ်စဉ်မှာ ဆူပူအုံကြွအောင်လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေက စီစဉ်နေပါတယ်။ပထမဆုံးမဲပေးမှုကတော့ ဇန်နဝါရီ ၁၁ ရက်မှ စတင်နိုင်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စပလိုဆီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ ကိုအသုံးပြုပြီး ရာထူးတာဝန်နဲ့ မထိုက်တန်ဘူးဆိုကာ ထရန့်ကို ဖြုတ်ချပေးဖို့ ဒုသမ္မတ မိုက်ပင့်စ်ကို တရားတောင်းဆိုဖို့ ဆုံးဖြတ်ချက်အတွက် အစီအစဉ်တွေကို လွှတ်တော်အမတ်တွေဆီကို ဇန်နဝါရီ ၁၀ ရက်မှာ ပေးပို့ခဲ့ပါတယ်။

ဒီနည်းလမ်းသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒေါ်နယ်ထရန့်ရာထူးကနေ ဖယ်ရှားခံရပြီး မိုက်ပင့်စ်က ကြားဖြတ်သမ္မတ ဖြစ်လာမှာပါ။

ဒီလိုတောင်းဆိုမှုဟာ ပထမခြေလှမ်းဖြစ်ပြီး အဲဒီနောက်မှာတော့ စွပ်စွဲပြစ်တင်မှုဆိုင်ရ ဥပဒေကြမ်းတစ်ရပ်ကိုပါ လွှတ်တော်မှာတင်သွင်းသွားမယ်လို့ ပလိုဆီက ပြောပါတယ်။

မိမိတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီကို ကာကွယ်ရမှာဖြစ်ပြီး သမ္မတထရန့်ဟာ အဲဒီအရာနှစ်ခုစလုံးကို ခြိမ်းခြောက်နေတဲ့အတွက် အရေးတကြီးဆောင်ရွက်ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW