နယ်စပ်ခြံစည်းရိုးကာရံနေတာကို မြန်မာဘက်က ကန်ကွက်နေပေမယ့် တရုတ်က ဆက်လက်လုပ်ကိုင်နေ

ဇန်နဝါရီ ၁၁ -၂၀၂၁
ကိုတိုးကြီး (VOM)

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် ၊ လွယ်ဂျယ်မြို့၊ မြန်မာ-တရုတ် ၂ နိုင်ငံနယ်စပ်မှာ တရုတ်ဘက်က သံတိုင်တွေစိုက်ထူပြီး အခိုင်အမာ နယ်စပ်ခြံစည်းရိုး ခတ်နေတဲ့အတွက် မနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အဲ့ဒီလုပ်ငန်းခွင်ကို သွားရောက် ကန့်ကွက် တားမြစ်ခဲ့ရတယ်လို့ သိရပါတယ်။

” မြန်မာ-တရုတ် ၂ နိုင်ငံ နယ်နိမိတ် နယ်ခြားမှတ်တိုင် အမှတ်(၄၉ /၂ ) နဲ့ ၁၀ မီတာအတွင်း မြေညီကွန်ကရက်ခုံပေါ်မှာ အရှည် ၁၀ ပေအရွယ်အစားရှိတဲ့ သံတိုင်တွေစိုက်ထူပြီး တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးခတ်နေတာကြောင့် မြေပြင်ကွင်းဆင်း သွားရောက်ကန့်ကွက်ခဲ့တာဖြစ်တယ်”လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ပြောပါတယ်။

အဲ့ဒီ နယ်နိမိတ် ခြံစည်းရိုးခတ်လုပ်နေတဲ့ နေရာကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ကန့်ကွက်ခဲ့တာကြောင့် တရုတ်ဘက်က ခြံစည်းရိုးသံတိုင် ၂၂ တိုင် ၊ အလျားပေအရှည် ၂၂၀ ခတ်လုပ်နေတာကို ယာယီရပ်ဆိုင်းထားပေမယ့် ညနေ ၃ နာရီမှာ အဲ့ဒီလုပ်ငန်းခွင်ရဲ့အလုပ်တွေကို တရုတ်ဘက်က ပြန်လည်လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မြန်မာ-တရုတ် ၂ နိုင်ငံ ဆက်ဆံရေးကို အစဉ်ရှေးရှု့ပြီး သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ၂ နိုင်ငံ သံတမန်နည်းလမ်းအရ ညှိနှိုင်းဆောင်ရွက်ပြီး သဘောတူခွင့်ပြုချက်ရမှသာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံ ၊ လုံချွမ်းခရိုင် ၊ ကျန်းဖုန်းမြို့ ၊ ပြည်သူ့အစိုးရဌာနကို လိပ်မူပြီး မြန်မာဘက်က အဲ့ဒီ နယ်စပ်ခြံစည်းရိုးလုပ်ကိုင်နေတာကို ကန့်ကွက်စာ ပေးပို့ခဲတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလကလည်း ၂ နိုင်ငံနယ်နိမိတ် မှတ်တိုင်ကနေ ၁၁ ပေခန့်အကွာ နေရာမှာ မြေအနက် ၂ ပေ ၊ အကျယ်မျက်နှာပြင် ၁ ပေ ၆ လက်မ၊ အရှည် ပေ ၁၁၀၀ ရှိတဲ့ ရေမြှောင်းတူးဖော်ခြင်းလုပ်ငန်းကို တရုတ်ဘက်က လုပ်ကိုင်လာတဲ့အတွက် မြန်မာဘက်က ကန့်ကွက်စာပေးပို့ ကန့်ကွက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Photo – မိုးမောက်မြို့နယ် ထွေ /အုပ်
#voiceofmyanmar #VOM #မိုးမောက် #မြန်မာတရုတ်နယ်စပ် #ခြံစည်းရိုး #တရုတ်ဘက်ဆက်လုပ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW