ဇန်နဝါရီ ၂၀ -၂၀၂၀ အေးချမ်းသူ(VOM) အခြေခံလူတန်းစားဘဝမြင့်မားတိုးတက်ရေးပါတီ(YDP)မှ အတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ – ၁၂၄(က)နဲ့ မနေ့ ဇန်နဝါရီ ၁၉ရက်နေ့ အမှုဖွင့်ထားတယ်လို့ YDPပါတီကနေ သိရပါတယ်။ “ဟုတ်ပါတယ် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ၊ အစ်မတို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးရင် အမှုကို ရင် ဆိုင်သွားမှာပါ”လို့ YDPပါတီမှ တွဲဘက်အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဒေါ်မိုးမိုးခိုင်က အတည်ပြုပြောပါတယ်။ မိုက်ကယ်ကျော်မြင့်ဟာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ တိုင်းပြုပြည်ပြု မော်ကွန်းကျောက်စာတိုင်စိုက်ထူမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဖြန့်ချီရေးသားခဲ့ပါတယ်။ အဲ့ဒီလိုရေးသားတာဟာ လက်ရှိအစိုးရအနေနဲ့ မဲမသမာမှုပြုလုပ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ယူတယ်လို့ စွပ်စွဲရာရောက်တဲ့အပြင် တပ်မတော်ကို နိုင်ငံတော်အာဏာ ထိန်းသိမ်းဖို့ တိုက်တွန်းတဲ့သဘော သက်ရောက်နေတာကြောင့် တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က မနေ့ ဇန်နဝါရီ ၁၉ရက် နေ့လယ်ပိုင်းက…
Read MoreDay: January 19, 2021
BYMA ကုမ္ပဏီအလုပ်သမားတွေ ဆန္ဒပြတောင်းဆိုမှု ပြန်လည်အဆင်ပြေ
ဇန်နဝါရီ ၁၉-၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးအနီးရှိ မီးရထားဝန်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်က BYMA ကုမ္ပဏီလုပ်သားတွေဟာ လုပ်ခလစာ ဖြတ်တောက်ခြင်းနဲ့ နိုင်ငံတော်ကထောက်ပံ့ပေးတဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေတွေ မရရှိလို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒတောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒပြမှုကြောင့် ကုမ္ပဏီဘက်ကနေ အလုပ်သမားတွေတောင်းဆိုတာကို လိုက်လျောမယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဒီကနေ့ညနေပိုင်းမှာ ညှိနိူင်းမှုအဆင်ပြေသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ” တိုင်းဒေသကြီး လူမူဖူလုံရေးက တာဝန်ရှိသူတွေနဲ့ အထဲမှာ ညှိနိုင်းတဲ့အခါမှာ ကိုဗစ်ဒုတိယလှိုင်းမှာ ရရှိမယ့် လူမူဖူလုံရေးကြေးထောက်ပံ့မူကို ဒီလ ၂၆ ရက်နေ့မှာ အားလုံးအတွက် ကုမ္ပဏီကို ချက်လက်မှတ်ပို့ပေးပါမယ်လို့ ညှိနိုင်းမှုရလာပါတယ်။ အစိုးရရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်နေရတဲ့အတွက်ကြောင့် အမြန်ဆုံးလုပ်ပေးရတာဖြစ်ပါတယ်။ မှန်မှန်ကန်ကန် တိတိကျကျလုပ်ပေးဖို့ ကုမ္ပဏီက ပံ့ပိုးကူညီပေးသွားမှာပါ၊ အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့ တစ်ပတ်စာလုပ်ခလစာရယ် ကားခတွေရယ် OT ကြေးတွေရယ် ဘောနက်စ်တွေရယ် အားလုံးကို ၂၆ ရက်နေ့မှာ အားလုံးရှင်းပေးသွားမှာဖြစ်ပါတယ်”လို့ BYMAကုမ္ပဏီမှ…
Read MoreVoice Of Myanmar ရဲ့ ဇန်နဝါရီ ၁၉ ရက်သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်
-ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးရရှိဖို့ အထည်ချုပ်စက်ရုံ အလုပ်သမား ၅ ရာကျော် ဆန္ဒပြ – ရန်ကုန် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ မီးရထားဝန်းထဲက BYMA ကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြ – မြို့နယ် ၄ ခုမှာ တပ်မတော်ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ပွဲ တစ်နေ့တည်းပြုလုပ်ခဲ့ – ကရင်စစ်ရှောင်တွေ ပြန်နေရာချဖို့ လိုအပ်ချက်တွေရှိနေ – ပြည်တွင်းခရီးသွားလုပ်ငန်း ဇွန်လနောက်ပိုင်းမှ ပြန်လည်အဆင်ပြေမယ် – ဇနီးကို ပြန်ပေါင်းဖို့အတွက် ခေါ်မရလို့ ယောင်္ကျားဖြစ်သူ ကြိုးဆွဲချသေတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ ရုပ်သံသတင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ယူကျုမှာ Voice Of Myanmar လို့ ရိုက်ရှာပြီး စပ်ခရိုက်လုပ်ထားယုံနဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။…
Read Moreသိပ္ပံနည်းပညာရဲ့ ကဏ္ဍကတော့ ပြီးပြီ၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ကဏ္ဍက ဘယ်လိုလဲ
ရေးသားသူ- ဘရာဂျင်ဒြာ နဗ်နစ် (အိန္ဒိယသံအမတ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အိန္ဒိယနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်) အိန္ဒိယ၊ တောင်အာဖရိကအပါအဝင် အခြားသော နိုင်ငံ ၈ ခုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ကုန်သွယ်ရေးဆိုင်ရာ မူဝါဒဆိုင်ရာတွေထဲက မူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ အချို့အချက်အလက်တွေကို ခေတ္တဖြေလျှော့ပေးဖို့ အဆိုပြုတင်ပြထားပါတယ်။ ဒါက ဘာလဲဆိုတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေ ကုသဆေးတွေကို အရှိန်အဟုန်မြှင့်ပြီး ထုတ်လုပ်လာကြတဲ့အခါ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ TRIPS လို့ အများသိကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ မူဝါဒတွေက ဒီအဆိုပြုတဲ့ နိုင်ငံတွေရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို အဟန့်အတား မဖြစ်စေဖို့ပါပဲ။ အဆိုပြုချက်အပေါ် ကန့်ကွက်လိုသူ အနည်းစု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ ရှိခဲ့ပေမယ့် ဒီအဆိုပြုချက်ကို အဖွဲ့ဝင်တွေ အတော်များများက သဘောတူ ထောက်ခံခဲ့ကြပါတယ်။ အမျိုးမျိုးသော နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာတဝှမ်းက…
Read Moreရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးရရှိဖို့ အထည်ချုပ်စက်ရုံ အလုပ်သမား ၅ ရာကျော် ဆန္ဒပြ
ဇန်နဝါရီ ၁၉ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ရွှေလင်ပန်းစက်မှုဇုန်ရှိ Unique HTTအထည်ချုပ်စက်ရုံမှ အလုပ်သမား ၅ ရာကျော်ဟာ ရက်မှန်ကြေး(၂၀၀၀၀)ကျပ်၊ ကျွမ်ကျင်ကြေး(A)အဆင့်(၃၀၀၀၀)ကျပ်ပေးဖို့အပါအဝင် အချက်(၁၈)ချက်ရရှိစေဖို့ ဒီကနေ့မနက်ပိုင်းက စက်ရုံရှေ့မှာဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာတွင် ပါဝင်တဲ့ အလုပ်သမားတစ်ဦးက “ညီမတို့က အလုပ်သမားခြင်း တန်းတူညီတူရချင်လို့ ဆန္ဒပြတာပါ၊ ရက်မှန်ကြေး သူများနှစ်သောင်းဆို ကိုယ်လည်း နှစ်သောင်းရချင်တယ်။ ကျွမ်းကျင်ကြေး သူများ သုံးသောင်းဆို ကိုယ်လည်း သုံးသောင်းရချင်တယ်”လို့ ပြောပါတယ်။ အလုပ်သမားတွေ အခုလိုဆန္ဒပြတာနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားတွေ၊ အလုပ်သမားအရေးဆောင်ရွက်သူတွေ ညိုနှိုင်းခဲ့ကြခဲ့ရာ အဆင်ပြေမှုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်ကပြောပါတယ်။ “အလုပ်သမားတွေက နှစ်သောင်းတောင်းတာ အလုပ်ရှင်က တစ်သောင်းပေးတယ်၊ နှစ်ဘက်ပြေလည်မှုရရှိသွားတယ်”လို့ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ အလုပ်သမားတွေဟာ ဖြေရှင်းမှုအဆင်ပြေပြီးနောက်ပိုင်း ဆန္ဒပြပွဲကို ရုတ်သိမ်းခဲ့ပါတယ်။ Unique HTT အထည်ချုပ်စက်ရုံဟာ လှိုင်သာယာ(အနောက်ပိုင်း)မြိုနယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ပန်းစက်မူဇုန်၊…
Read Moreရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်တောင်းတဲ့ကိစ္စ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာပြောသလဲ
ဇန်နဝါရီ ၁၉ -၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့မှာ ဆိုင်ကယ်ကို မှတ်ပုံတင်နဲ့ တရားဝင်စီးခွင့်ရဖို့အတွက် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်မှာ အဆိုအောင်မြင်ထားတာကြောင့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒဂုံမြို့နယ်၊ အမှတ်(၂) တို်င်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ” ဆိုင်ကယ်ကို ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အချို့မှာ မဖြစ်မနေ စီးနေရတဲ့အတွက် နယ်မြေသတ်မှတ်ပေးပြီးတော့ ပိုင်းခြားပြီးတော့ စီးခွင့်ပြုဖို့ အဆိုပြုတင်ပြတယ်။ စီးခွင့်ပြုရင်လည်း စီးခွင့်ရတဲ့ မြို့နယ်တွေမှာ မှတ်ပုံတင်ထားပြီးတော့ ကျန်တဲ့ စီးခွင့်မပြုတဲ့ နေရာတွေမှာတော့ စီးမယ်ဆိုရင် ဥပဒေအရ အရေးယူဖို့ ကျွန်တော်ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးမှာ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို တင်ပြခဲ့ပါတယ်။ မဲခွဲဆုံးဖြတ်တဲ့အခါမှာ အဆိုက နိုင်ခဲ့တယ် ။ ဒါကို လက်ရှိအချိန်မှာ အကောင်အထည် မဖော်ဘူး ။ ဆိုင်ကယ်စီးခွင့်မပြုတာကို ရန်ကုန်စည်ပင်ဥပဒေက ဟိုအရင်ကဟာကို ကျင့်သုံးနေတာ ပြင်လိုက်ရင် ရတယ် ။ စီးခွင့်ပြုရင်လည်း လှိုင်သာယာ…
Read Moreကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း ဂျပန်မှာ သတ်သေမှုနှုန်း မြင့်တက်နေ
တိုကျို၊ ဇန်နဝါရီ ၁၉-၂၀၂၁ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုယ့်ကိုကိုယ်သတ်သေမှုနှုန်းဟာ အစိုးရက ကူညီထောက်ပံ့မှုတွေပေးခဲ့တဲ့ ကိုဗစ်-၁၉ ပထမလှိုင်းမှာ ကျဆင်းခဲ့ပေမယ့် ဒုတိယလှိုင်းကျရောက်ချိန်မှာ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူတွေအပါအဝင် သတ်သေမှုနှုန်း မြင့်တက်ခဲ့ပါတယ်။ ဇူလိုင်လမှ အောက်တိုဘာလအထိ သတ်သေမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်တဲ့ ဖေဖော်ဝါရီလကနေ ဇွန်လအတွင်း ၁၄ ရာခိုင်နှုန်းကျဆင်းမှုထက် သိသိသာသာမြင့်တက်ခဲ့တယ်လို့ ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နဲ့ တိုကျိုလူမှုဆိုင်ရာအင်စတီကျုမှ သုတေသီတွေရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ ပုံမှန်စီးပွားရေးအခြေအနေတွေနဲ့ မတူညီတာကြောင့် အခုကပ်ရောဂါဟာ ကလေးငယ်တွေ၊ လူငယ်တွေနဲ့ အထူးသဖြင့်အိမ်ရှင်မအမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အချိုးအစားမမျှတစွာ သက်ရောက်ခဲ့တေယ်လို့ သုတေသီတွေက ပြောပါတယ်။ ကပ်ရောဂါအစောပိုင်းကာလတွေမှာ သတ်သေမှုနှုန်းကျဆင်းရတာဟာ အစိုးရရဲ့ထောက်ပံ့ကြေးပေးမှု၊ အလုပ်ချိန်လျှော့ချတာနဲ့ စာသင်ကျောင်းတွေ ပိတ်ထားတာတွေကြောင့်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ ကာလကြာရှည် ကပ်ရောဂါဖြစ်ပွားနေတာဟာ အမျိုးသမီးအများစုလုပ်ကိုင်နေတဲ့…
Read Moreဇနီးကို ပြန်ပေါင်းဖို့အတွက် ခေါ်မရလို့ ယောကျာၤးဖြစ်သူ ကြိုးဆွဲချသေဆုံး
ဇန်နဝါရီ ၁၉ -၂၀၂၁ ကောင်းလက်ျာ(VOM) တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မရမ်းပင်ချောင်းကျေးရွာမှာ မနေ့ ဇန်ဝါရီလ ၁၈ ရက်နေ့မနက်ပိုင်းက ကွဲကွာနေတဲ့ ဇနီးကို ပြန်လည်ပေါင်းသင်းဖို့ခေါ်ဆိုရာ ခေါ်မရတဲ့အတွက် ယောကျာၤးဖြစ်သူ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့သမုတ်နယ်မြေရဲစခန်းကနေ သိရပါတယ်။ ” အခင်းမဖြစ်မှီ တစ်ရက်က ကွဲနေတဲ့ဇနီးကို သဲပုံဆိပ်ရွာမှာသွားခေါ်တာကို လိုက်မလာလို့ဆိုပြီး သူ့အမေအိမ်ကို မူးပြီးရောက်လာသေးတယ်လို့ သိရတယ်။ နောက်တစ်နေ့ မနက်ကျ ရာဘာခြံထဲက အိမ်မှာ ကြိုးဆွဲချ သေဆုံးနေတာကို အလုပ်သမားတစ်ဦးကတွေ့ခဲ့တာပါ”လို့ သမုတ်နယ်မြေရဲစခန်းမှ တာဝန်ခံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ မရမ်းပင်ချောင်းကျေးရွာအနီး ရာဘာခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀အရွယ်အမျိုးသားဟာ နေအိမ်တန်းလျားက ထုပ်တန်းတစ်ခုမှာ ကြိုးဆွဲချသေဆုံးနေတာကို ရာဘာခြစ်ဖို့ ဓါးလာငှားတဲ့ ကုမ္ပဏီက လုပ်သားတစ်ဦးမြင်တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က မိဘတွေနေအိမ်ပြန်သွားတဲ့ ဇနီးကို လိုက်ခေါ်တာ ပြန်မလိုက်တာကြောင့် စိတ်ညစ်နေတယ်ဆိုပြီး မိခင်ဖြစ်သူကို…
Read Moreသစ်တောပြုစုထိန်းသိမ်းရေး ဘာကြောင့် အရေးကြီးသလဲ
သွေး (စစ်ကိုင်း) သစ်တောတွေဟာ ဂေဟစနစ်အတွက် အလွန်အရေးပါသလို သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတဲ့ အထဲမှာ ကျမတို့ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။ သစ်တောပြုန်းတီးမှုကြောင့် ရေအရင်းအမြစ် ရှားပါးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ သစ်တောထွက် သယံဇာတတွေ နည်းပါးလာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် တရားမဝင် သစ်ထုတ်လုပ်မှုတွေကို ဟန့်တားပိတ်ပင်ဖို့ လိုအပ်နေသလို သစ်တောတွေ ပြန်လည်ပြုစု ပျိုးထောင်ရေး လုပ်ဆောင်သွားဖို့ ပါ လိုအပ်နေပါပြီ။ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ နိုင်ငံ့ဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်စဉ်ပြုန်းတီးမှုကတော့ နိုင်ငံ ဧရိယာရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို နှစ်စဉ် နိုင်ငံ့ဧရိယာရဲ့ ၁…
Read Moreအင်းစိန်မှာ ငြိမ်းစုစီမတင်ဘဲ တပ်မတော်ထောက်ခံပွဲလုပ်သူတွေ ဖမ်းဆီးခံရ
ဇန်နဝါရီ ၁၉ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)ရှေ့၊ ပလက်ဖေါင်း မြက်ခင်းပြင်မှာ ဒီကနေ့မနက်ပိုင်းက ငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်မှုကို ထောက်ခံကြောင်းပြုလုပ်ခဲ့ရာ ဦးဆောင်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ “တပ်မတော်က ပြည်သူနဲ့တစ်သားတည်းရှိနေတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေဟာ ဒီမိုကရေစီတည်တံ့ရေးကိုဦးတည်နေတယ်၊ တပ်မတော်ရဲ့ သဘောထားထုတ်ပြန်ချက်တွေကို ကြိုဆိုတဲ့အနေနဲ့ အခုလိုပြုလုပ်ရခြင်းဖြစ်တယ်”လို့ ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူ ဦးသိန်းဦးက ပြောပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ ငြိမ်းစုစီမတင်တဲ့အတွက် အင်းစိန်မြို့မရဲစခန်းက ရဲမှူးတစ်ဦးနဲ့ ဆန္ဒထုတ်ဖော်သူတို့ စကားအချေအတင်ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီပွဲကို ဦးဆောင်ပြုလုပ်တဲ့ ဦးသိန်းဦး နဲ့ ဝန်းရံသူ ၁၆ ဦးဟာ ” ဒီမိုကရေစီ တည်တံ့ရေး၊ ပြည်သူ့ဆန္ဒကို ဦးစားပေးပါ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေပါသည်”စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးသိန်းဦးကို ငြိမ်းစုစီဥပေ အရ အရေးယူဆောင်ရွက်ဖို့…
Read More