နေပြည်တော်၊ ဇန်နဝါရီ – ၁၂-၂၀၂၁ ကိုထွန်း(VOM) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. Wang Yi ကို ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက နေပြည်တော် ၊ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Qian Keming၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wu Jianghao၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နဲ့ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မနေ့…
Read MoreMonth: January 2021
YDPပါတီတွဲဖက်အတွင်းရေးမှူးကို ခရိုင်UECက ငြိမ်းစုစီနဲ့ အမှုဖွင့်
ဇန်နဝါရီ ၁၂-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူစုလူဝေးနဲ့ တပ်မတော်ထောက်ခံပဲွဲ ဦးဆောင်ပြုလုပ်ခဲ့တဲ့ အခြေခံလူတန်းစားဘဝတိုးတက်မြှင့်မားရေးပါတီ(YDP)မှ တွဲဘက်အတွင်းရေးမှူးကို ရန်ကုန်အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ငြိမ်းစုစီဥပဒေနဲ့ ကျောက်တံတားမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်စုစီပုဒ်မနဲံ အရေးယူဆောင်ရွက်ခံရသူဒေါ်မိုးမိုးခိုင်က “အစ်မကို အနောက်ပိုင်းခရိုင်ကော်မရှင်က ငြိမ်းစုစီပုဒ်မ-၂၀နဲ့ အမှုဖွင့်တယ်၊ အစ်မ အဆင့်ဆင့်တင်ထားတာလေ ငြိမ်းစုစီတင်တာကို အမှုဖွင့်တာ၊ တပ်မတော်ထောက်ခံပွဲကို ဥပဒေနဲ့အညီဆောင်ရွက်ခဲ့ပေမယ့်လည်း အခုလိုရွေးကောက်ပွဲကော်မရှင်ရဲ့ စေခိုင်းချက်အရ အမှုဖွင့်ခဲ့တာကို ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ တွဲဖက်အတွင်းရေးမှူးဒေါ်အေးအေးခိုင်ကို အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိူင်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး မနေ့ ဇန်နဝါရီ ၁၁ရက်နေ့ညပိုင်းက (ပ) ၇/၂၀၂၁၊ ငြိမ်းစုစီပုဒ်မ-၂၀ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်တယ်လို့ ကျောက်တံတားမြို့မရဲစခန်းကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ အခြေခံလူတန်းစားဘဝမြှင့်မားရေးပါတီမှ ဦးဆောင်ပြီး တပ်မတော်ထောက်ခံပဲွဲပြုလုပ်ခဲ့ရာ လူဦးရေ ၂၈ဦးသာ စာတင်ခဲ့ပေမယ့် ဝန်းရံသူ…
Read MoreNLD နဲ့တွေ့ဖို့ကိစ္စ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ရုတ်သိမ်း
ဇန်နဝါရီ ၁၂-၂၀၂၁ ကောင်းလက်ျာ(VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ ဒီကနေ့တွေ့ဆုံကြဖို့ စီစဉ်ထားပေမယ့် နေရာရွေးချယ်မှု အဆင်မပြေတာအပြင် တိုင်းရင်းသား ပါတီလေးတွေကို လေးစားမှုမရှိဘူးလို့ယူဆခဲ့မိလို့ တွေ့ဆုံဖို့ရုတ်သိမ်းလိုက်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)အတွင်းရေးမှူး ခူးသဲရယ်က ပြောပါတယ်။ ” တွေ့ဆုံကြဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ၂၄ ကတည်းက သိထားတယ်။ ဒါကြောင့် တရားဝင်တွေ့ကြမယ်ဆို ဖုန်းနဲ့ဆက်တာမျိုးမလုပ်ဘဲ စာနဲ့ပေနဲ့ဖိတ်ကြားဖို့ကြိုတင်မေတ္တာရပ်ခံထားတယ်။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေအပေါ် သူတို့လေးစားမှုမရှိဘူးလို့ ခံစားရလို့ဒီကနေ့တွေ့ဆုံပွဲဖို့ မတက်ဖို့ ဆုံးဖြတ်တာပါ”လို့ ခူးသဲရယ်က ပြောပါတယ်။ NLD ပါတီနဲ့တွေ့ဆုံဖို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင် ၅ ဦးကို ကြိုတင်ရွေးချယ်ထားတဲ့အပြင် ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးကိစ္စတွေကိုသာ ဦးတည်ဆွေးနွေးမှုပြုလုပ်ဖို့နဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိစ္စတွေကို တစ်ဖက်ပါတီက ကမ်းလှမ်းလာမှသာ ပြန်လည်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။ NLD ပါတီမှ ဗဟိုကော်မတီဝင် ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးနဲ့…
Read Moreအမေရိကန်တစ်ဝန်းမှာ လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ FBI သတိပေး
ဝါရှင်တန်၊ ဇန်နဝါရီ ၁၂-၂၀၂၁ မျိုးဆက် (VOM) ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ ရက်ပိုင်းအတွင်း အမေရိကန်တစ်ဝန်းမှာ လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ FBI က သတိပေးပြောဆိုလိုက်ပါတယ်။ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝါရှင်တန်ဒီစီ၌ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး လက်နက်ကိုင်အုပ်စုတွေဟာ ပြည်နယ် ၅၀ ရှိ လွှတ်တော်တွေနဲ့ ဝါရှင်တန်ဒီစီမှာ စုဝေးဖို့ စီစဉ်ထားတယ်လို့ FBI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်လွှတ်တော်ပြင်ပမှာ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ မစ္စတာဘိုင်ဒင်က ဇန်နဝါရီ ၁၁ ရက်မှာ သတင်းထောက်တွေကိုပြောပါတယ်။ သူနဲ့အတူ ရွေးကောက်ခံဒု-သမ္မတ ကာမာလာဟားရစ်တို့ဟာ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်နေတဲ့ သမ္မတဒေါ်နယ်ထရန့်ကိုထောက်ခံသူအစွန်းရောက်တွေ လွှတ်တော်ကို ဝင်ရောက်စီးနှင်းခဲ့ပြီး သီတင်းနှစ်ပတ်အကြာမှာ အဲ့ဒီအဆောက်အအုံပြင်ပမှာ ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိနေပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာပြုလုပ်မယ့် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် အထူးစစ်ဆင်ရေးတွေကိုစတင်ဖို့ အမေရိကန်ထောက်လှမ်းရေးဌာနကို ညွှန်ကြားထားတယ်လို့ အမိမြေလုံခြုံရေးဌာန…
Read Moreဖလမ်းမြို့မှာ အိမ် ၆ လုံး မီးလောင်၊ လူ ၂ ဦးသေဆုံး
ဇန်နဝါရီ ၁၂ -၂၀၂၁ ကိုတိုကြီး (VOM) ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖာထောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအောက်ဘက်၊ ဟားခါးမြို့အထွက်လမ်းမှာ ဒီကနေ့မနက် ၄ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ “မီးစတင်လောင်တာက ဒီမနက် ၄ နာရီ မိနစ် ၂၀ လောက်မှာဖြစ်တယ် ၊ မီးစတင်လောင်ကျွမ်းရတာက အပူပေးစက်ဟီတာက အပူလွန်ကဲပြီး ကူးစက်လောင်တာဖြစ်တယ် ၊ နေအိမ် ၅ လုံးက မီးလောင်ပျက်စီးတယ် နေအိမ် ၁ လုံးကတော့ မီးကူးဆက်မှုမရှိအောင် ဖျက်လိုက်တယ်”လို့ ချင်းပြည်နယ်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစာရုံမန်းက ပြောပါတယ်။ မီးစတင်လောင်တဲ့ နေအိမ်မှာ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦးနဲ့ အသက် ၅၀ ဝန်းကျင် မသန်စွမ်းအမျိုးသမီးကြီး ၁…
Read Moreအသက်၁၄ နှစ်မိန်းကလေးကို ဟိုတယ်ခေါ်ပြီး အဓမ္မပြုကျင့်သူတွေကို အမှုဖွင့်ဖမ်းဆီး
ဇန်နဝါရီ ၁၂ -၂၀၂၁ ကောင်းလက်ျာ(VOM) တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုမှာ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးကို အလှဓါတ်ပုံရိုက်ပေးမယ်ဆိုပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းမှူး ဒု-ရဲမှူးချိုလွင်က ပြောပါတယ်။ ” သူတို့သုံးဦးလုံးကို မနေ့က ဖမ်းဆီးစစ်ဆေးနေတယ်။ အဝတ်စားတွေကို ဓာတုဗေဒဝန်ရုံးကို မပို့ရသေးဘူး။ အခု အွန်လိုင်းမှာပျံ့နေတဲ့ အချုပ်ထဲက လိုင်းသုံးနေတယ်ဆိုတာ မဟုတ်ပါဘူး။ ဖုန်းလည်း ဖမ်းတဲ့နေ့ကတည်းက သိမ်းပြီးသားပါ”လို့ ဒု-ရဲမှူးချိုလွင်က ပြောပါတယ်။ ပြီးခဲတဲ့၂၀၂၀၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်ခန့်က မြိတ်မြို့မှာနေတဲ့ အသက် ၁၄နှစ်အရွယ် မိန်းကလေးနဲ့ အမေဖြစ်သူဟာ နေအိမ်မှာရှိနေချိန် ပုလောမြို့နယ်၊ အမှတ် ၁ ရပ်ကွက်နေ ကိုထက်(ခ)ထက်ဝင်းဖြိုး (၂၇ နှစ်)နဲ့ အဖော်အဖြစ်လိုက်လာတဲ့ အမျိုးသားနှစ်ဦးရောက်လာပြီး သမီးဖြစ်သူကို အလှဓါတ်ပုံရိုက်ပေးဖို့ လာခေါ်တဲ့အတွက် အဖော်တစ်ဦးထည့်ပေးကာ စေလွှတ်ခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းကနေ…
Read MoreVOM ရဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု
ဇန်နဝါရီ ၁၀-၂၀၂၁ – ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှား ဖြစ်တယ်ဆိုတဲ့ သတင်း – သတင်းကတော့ ပြည်ခိုင်ဖြိုး သမိုင်းမရိုင်းချင်လို့ ဥပဒေဘောင်တွင်းမှလုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတဲ့ သတင်း – UEC ဖျက်သိမ်းပေးဖို့ နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ဆန္ဒပြတဲ့ သတင်း – ကွာရန်တင်းစင်တာကို ဘုန်းကြီးတစ်ပါးက မီးနဲ့ရှို့ တဲ့သတင်း – ဟားခါးမြို့မှာ နေအိမ် ၃ လုံးမီးလောင်ပြီး လူ ၁ ဦးသေဆုံး ခဲ့တဲ့သတင်း – တန်ဆည်မြို့မှာ ရေမော်တာခလုတ် မပိတ်ဘဲထားရာကနေ အပူလွန်ကဲပြီး သိန်း ၂၄၀ကျော် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့တဲ့ သတင်း – မူးယစ်ဖမ်းတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ အလွတ်တန်း သတင်းထောက်တစ်ဦးက ဆန္ဒဖော်ထုတ်ခဲ့တဲ့ သတင်း VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် WWW.facebook.com/voiceofmyanmarnews လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ…
Read MoreVOM ရဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု
ဇန်နဝါရီ ၁၁-၂၀၂၁ – တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ သတင်း – နယ်စပ်ခြံစည်းရိုးကာရံနေတာကို မြန်မာဘက်က ကန်ကွက်နေပေမယ့် တရုတ်က ဆက်လက်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်း – မြန်မာယာဉ်မောင်း ၁၁ ဦးကို တရုတ်နိုင်ငံက ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ သတင်း – အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ဆက်လက်ဆွေးနွေးဖို့ ရခိုင်လွှတ်တော်အတည်ပြု ခဲ့တဲ့ သတင်း – ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ ကုန်တင်မော်တော်တွေကို ရှမ်းနီ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်ခံတဲ့ သတင်း – ကျပ်သန်း ၄၅၀၀ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတစ်ခုကို ကရင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့တဲ့ သတင်း – ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးသာရှိတယ် ဆိုတဲ့ သတင်း VOM သတင်းဌာနရဲ့…
Read Moreမန်နေဂျာကိုအလုပ်ထုတ်ရာကနေ အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ထောင်ကျော်ဆန္ဒပြ
ဇန်နဝါရီ ၁၁-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန်-၁ ရှိ ရွှေသဇင်အထည်ချုပ်စက်ရုံရှေ့မှာ မန်နေဂျာကို အလုပ်ထုတ်လိုက်လို့ အလုပ်သမားတစ်ထောင်ကျော်ဆန္ဒပြတောင်းဆိုမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အလုပ်သမားတစ်ထောင်ကျော်ဟာ မန်နေဂျာပြန်လည်ခန့်ထားပေးရေးနဲ့ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေဆုံးရှုံးနေတဲ့အတွက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်တယ်လို့ စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ မအိရွှေစင်က ပြောပါတယ်။ “ကျွန်မတို့ ၂၁ချက် တောင်းဆိုထားတယ်၊ အဲ့ဒီအချက်ပြေလည်မှ လုပ်ငန်းခွင်ပြန်ဝင်မယ်”လို့ မအိရွှေစင်ကပြောပါတယ်။ စက်ရုံဝန်ထမ်းတွေဟာ အလုပ်နားချိန်၁နာရီအပြည့်အဝပေးရေး၊ စက်ရုံမှူးကို ချက်ချင်းအလုပ်ရပ်ဆိုင်းပေးရေး၊ တရုတ်တွေဖိနှိပ်မှုအောက်မှ လွတ်မြောက်စေရေး၊ တရားမျှတပြီး လုပ်ငန်းခွင်သာယာမှုကို ပေးနိုင်သော မန်နေဂျာဒေါ်ထက်ထက်အား အလုပ်ပြန်ခန့်ပေးရေး၊ ဝန်ထမ်းများအား အတင်းအကြပ် ညဆိုင်းခိုင်းစေခြင်းအား ရပ်တန့်ပေးရေး စတဲ့ အချက်တွေပါဝင်တဲ့ တောင်းဆိုချက် ၂၁ ချက်ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအလုပ်သမားတွေ ဆန္ဒပြတာကို သွားရောက်ကူညီပေးခဲ့တဲ့ Action Labor Rightအဖွဲ့မှ စည်းရုံးရေးမှူး ကိုကျော်ကျော်က “အဓိကဖြစ်တာက မန်နေဂျာကို အလုပ်ထုတ်တာကနေ အခြားအချက်တွေပါ အလုပ်သမားတွေတောင်းဆိုတာ၊…
Read Moreနယ်စပ်ခြံစည်းရိုးကာရံနေတာကို မြန်မာဘက်က ကန်ကွက်နေပေမယ့် တရုတ်က ဆက်လက်လုပ်ကိုင်နေ
ဇန်နဝါရီ ၁၁ -၂၀၂၁ ကိုတိုးကြီး (VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် ၊ လွယ်ဂျယ်မြို့၊ မြန်မာ-တရုတ် ၂ နိုင်ငံနယ်စပ်မှာ တရုတ်ဘက်က သံတိုင်တွေစိုက်ထူပြီး အခိုင်အမာ နယ်စပ်ခြံစည်းရိုး ခတ်နေတဲ့အတွက် မနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အဲ့ဒီလုပ်ငန်းခွင်ကို သွားရောက် ကန့်ကွက် တားမြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ” မြန်မာ-တရုတ် ၂ နိုင်ငံ နယ်နိမိတ် နယ်ခြားမှတ်တိုင် အမှတ်(၄၉ /၂ ) နဲ့ ၁၀ မီတာအတွင်း မြေညီကွန်ကရက်ခုံပေါ်မှာ အရှည် ၁၀ ပေအရွယ်အစားရှိတဲ့ သံတိုင်တွေစိုက်ထူပြီး တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးခတ်နေတာကြောင့် မြေပြင်ကွင်းဆင်း သွားရောက်ကန့်ကွက်ခဲ့တာဖြစ်တယ်”လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ပြောပါတယ်။ အဲ့ဒီ နယ်နိမိတ် ခြံစည်းရိုးခတ်လုပ်နေတဲ့ နေရာကို…
Read More