မြန်မာစစ်တပ်ပိုင် MEC နဲ့ ဦးပိုင်ကုမ္ပဏီတွေကို အမေရိကန်အရေးယူပိတ်ဆို့မယ်

ဝါရှင်တန်၊ မတ် ၂၅-၂၀၂၁
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် စစ်တပ်ကထိန်းချုပ်ထားတဲ့ လုပ်ငန်းစုကြီးနှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့ဖို့စီစဉ်နေတယ်လို့ ဒီကိစ္စကိုသိရှိတဲ့ အမေရိကန်အစိုးရသတင်းရင်းမြစ်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒီလိုအရေးယူရာမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ကို အမေရိကန်ဘဏ္ဍရေးဌာနက အမည်ပျက်စာရင်းသွင်းမှာဖြစ်ပြီး အဲဒီလုပ်ငန်းတွေရဲ့ အမေရိကန်မှာရှိတဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေအတွင်းမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လက်ရှိအချိန်ထိ လူပေါင်း ၂၇၅ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ မြန်မာစစ်တပ်နဲ့ စစ်တပ်ပိုင်ဆိုင်မှုတွေအပေါ် အရေးယူပိတ်ဆို့နိုင်ဖို့ ဖေဖော်ဝါရီ ၁၁ ရက်မှာအမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအမိန့်အရ မြန်မာစစ်တပ်က ထုတ်ယူဖို့ကြိုးစားခဲ့တဲ့ နယူးယောက်ဗဟိုဘဏ်က ဒေါ်လာ ၁ ဘီလီယံကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့ရဲ့သားသမီးတွေအပါအ၀င် ထိပ်တန်းစစ်ဘက်အရာရှိတွေကို အမေရိကန်၊ ဗြိတိန်၊အီးယူနဲ့ ကနေဒါနိုင်ငံတို့က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

Ref : Reuters
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW