ဘန်ဒါဆရာဘဂါ၀မ်၊ စက်တင်ဘာ ၅-၂၀၂၁ မျိုးဆက် (VOM) အာဆီယံအဖွဲ့က ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီးဖြစ်သူ Erywan Yusof ဟာ မြန်မာနိုင်ငံကိုလာမယ့် သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးကိုပါ ကြိုးစားနေတယ်လို့ စက်တင်ဘာ ၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီးနောက် နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ စတငနိုင်ဖို့ အာဆီယံအဖွဲ့က အားထုတ်လုပ်ဆောင်လျှက်ရှိပါတယ်။ ဒီကိစ္စရပ်တွေမှာ သံတမန်ရေးရာနည်းလမ်းအရ ဆောင်ရွက်ဖို့အတွက် အထူးသံတမန်အဖြစ် Erywan Yusof ကို အာဆီယံအဖွဲ့က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကိုသွားဖို့ အရေးတကြီးလိုအပ်နေကြောင်း ၊ ဒါပေမယ့် မသွားခင်မှာ အာမခံချက်တွေရဖို့လိုတယ်လို့ Erywan Yusof ကရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ…
Read MoreMonth: September 2021
ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံး
စက်တင်ဘာ ၅-၂၀၂၁ KK(VOM) ဟားခါးမြို့နယ်၊ စျေးသစ်ရပ်ကွက်ရှီ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးကို မနေ့ည ၁၂နာရီဝန်းကျင်က အမည်မသိအဖွဲ့က လာရောက်ပစ်ခတ်လို့ ရဲတစ်ဦးသေဆုံးခဲ့ပြီး အချို့ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အမည်မဖော်လိုသူဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက”ဝန်ထမ်းအိမ်ယာဘက်ကနေ ဗုံးနဲ့ပစ်တယ်၊ သူပစ်ကိုယ်ပစ်အပြန်အလှန်ပစ်ခတ်တာကြားရတယ်၊ ရဲတစ်ဦးသေတယ်လို့ကြားတယ်၊ အချို့လည်း ဒဏ်ရာရတယ်လို့ သိရတယ်”လို့ ပြောပြပါတယ်။ လက်တလောမှာ ဟားခါးမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး စစ်တပ်နဲ့ရဲတွေဟာ ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ #voiceofmyanmar #VOM #ဟားခါး
Read Moreအာဖဂန်မှာ အမျိုးသမီးအခွင့်အရေးများအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေ
ကဘူး၊ စက်တင်ဘာ-၅-၂၀၂၁ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်အဖွဲ့က ထိန်းချုပ်ပြီးနောက် အမျိုးသမီးဒါဇင်ပေါင်းများစွာဟာ ကဘူးမြို့မှာ အမျိုးသမီးအခွင့်အရေး ဆန္ဒပြတောင်းဆိုမှုတွေကို စက်တင်ဘာ ၄ ရက်မှာပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြအမျိုးသမီးတွေဟာ သမ္မတနန်းတော်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြပြီး သူတို့ကို တာလီဘန်တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေနဲ့ ပစ်မှတ်ထားဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့တာကြောင့် တာလီဘန်တွေက ဖြိုးခွင်းထိန်းသိမ်း ခဲ့ရတာလို့ အာဖဂန်အခြေစိုက် တိုလိုသတင်းဌာနက ဖော်ပြထားပါတယ်။ နိုင်ငံကိုတာလီဘန်တွေက ထိန်းချုပ်ပြီးနောက် မြို့တော်ကဘူးနဲ့ ဟီရတ်တို့မှာ အမျိုးသမီးတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ အမျိုးသမီးတွေကတော့ အလုပ်လုပ်ခွင့်နဲ့ အစိုးရအဖွဲ့မှာ ပါ၀င်ခွင့်ရရေးတို့ကို တောင်းဆိုနေကြပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ အာဖဂန်အစိုးရသစ်ကို ဖွဲ့စည်းတော့မယ်လို့ တာလီဘန်တွေက ကြေညာထားပါတယ်။ အစိုးရအဖွဲ့မှာ အမျိုးသမီးတွေပါ၀င်ခွင့်ရမှာဖြစ်ပေမယ့်…
Read Moreပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ထဲက ခမ်းနေတဲ့ကန်ရေ မိုးတွင်းမှာတောင် ပြည့်မလာသေး
ပြင်ဦးလွင်-စက်တင်ဘာ၅-၂၀၂၁ NL(VOM) မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ ၊အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲက ကန်ရေဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလကစပြီး တဖြည်းဖြည်းခမ်းခြောက်လာခဲ့တာဟာ ၂၀၂၀ ပြည့်နှစ် ဧပြီလလောက်ကတည်းက လုံးဝခမ်းခြောက်သွားခဲ့ပါတယ်။ ဒီနှစ် ၂၀၂၁ စက်တင်ဘာလ(၁)ရက်နေ့ ကနေ (၃)ရက်နေ့အထိ ပြင်ဦးလွင်မြို့မှာ မိုးရွာရက်(၂)ရက်ရှိခဲ့ပြီး မိုးရေချိန်၃ဒသမ၅၈ရရှိကာ မြို့၏အထင်ကရနေရာဖြစ်တဲ့ ကန်တော်လေးမှာ ရေပြည့်ခဲ့ပြီး ကန်တော်ကြီးမှာ ရေမပြည့်တဲ့ အတွက် မြို့နေပြည်သူများက တအံ့တသြ ဖြစ်ခဲ့ရပါသည်။ “ကန်တော်ကြီးရေခမ်းနေတာ(၂)နှစ်ပြည့်ပါတော့မယ် ရေမရတဲ့အကြောင်းကတော့ ကန်အောက်ခြေကပေါက်သွားပါတယ်၊ရေထွက်ဂေဟစနစ် ပျက်ဆီးသွားတယ် ၊ကန်ရဲ့ သိုလှောင်ပမာဏထက်ပိုတဲ့ရေကိုထိမ်းထားရတဲ့အခြေနေကြောင့် အောက်ခြေပေါက်သွားတာ” လို့ ကန်တော်ကြီးကို လေ့လာစောင့်ကြည့်နေသူ ကိုကွေဆာ (pol Quasar)ကပြောပြပါတယ်။ “ကန်ဘေးမှာ အဆောက်ဦးတွေဆောက်၊အုတ်တံတိုင်းတွေခတ်တော့၊ရေဝင်လမ်းကြောင်းကပိတ်နေတာလဲမှန်ပါတယ်၊ခါတိုင်းဖြစ်နေကြအတွေ့အကြုံအရပြောတာပါ၊ရေလမ်းကြောင်းတွေပြောင်းပြီး ကန်ထဲရေမဝင်လာတော့ဘူး၊ကန်တော်ကြီး တာဝန်ရှိသူတွေကလည်း ရေပြန်တက်ဖို့ လုပ်ကိုင်နေတာဘဲ၊ကန်တော်ကြီးရဲ့သဘာဝက မိုးကုန်ပြီးဆောင်းအဝင်လောက်မှာရေတဖြည်းဖြည်းပြန်တက်လာပါ့မယ်၊သစ်တောထိန်းသိမ်းမှုအားနည်းနေပါတယ်၊မြို့ လူထုကတော့ ကန်တော်ကြီးကို အရင်လို့ ရေပြန်တက်ပြီးလှလှ ပပမြင်ချင်ကြတာပေါ့၊” လို့လည်း စိမ်းလန်း…
Read Moreပြည်ခရိုင်ထဲက CDM(၃)ဦးနဲ့ အရပ်သား(၁)ဦး ဖမ်းဆီးခံရ
စက်တင်ဘာ ၅-၂၀၂၁ CKC(VOM) ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့နယ်မှာ CDM ပြုလုပ်နေသူ(၃)ဦးနဲ့ အရပ်သား(၁)ဦးကို မနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်စော ၂ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနေ့က အဖမ်းခံလိုက်ရတယ် ။ စစ်တပ်က သတင်းအတိအကျရတယ်လို့ထင်တယ်။ ကြက်ခြံကို စစ်ကား၂ စီးနဲ့လာဝိုင်းထားပြီးမှ ဝင်ဖမ်းသွားတယ်လို့သိရတယ်။အခုဖမ်းခံရတဲ့ CDM လုပ်သူတွေက ရှောင်နေကြတာကြာပြီ “လို့ မြို့ခံတစ်ဦးကပြောပြပါတယ်။ ဖမ်းဆီးခဲလိုက်ရတဲ့သူတွေဟာ ပညာရေးဝန်ကြီးဌာန၊ ရဲဝန်ထမ်း ၊ လျှပ်စစ်၀န်ကြီးဌာနတို့က အမျိုးသားဝန်ထမ်းတွေဖြစ်ပြီး သူတို့အလုပ်လုပ်နေတဲ့ ပေါက်ခေါင်းမြို့နယ်ထဲက ကြက်ခြံတစ်ခုမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ပြည်ခရိုင်ထဲမှာ ရဲဝန်ထမ်း ၊ စစ်သားအပါအဝင် အစိုးရ…
Read Moreမြို့သစ်မြို့နယ်က ရဲဝန်ထမ်းအိမ်ယာမှာဗုံးပေါက်လို့ လုံခြုံရေးတိုးမြှင့်ချထား
စက်တင်ဘာ ၅-၂၀၂၁ KK(VOM) မကွေးတိုင်း၊ မြို့သစ်မြို့နယ်က ရဲဝန်ထမ်းအိမ်ယာမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ခဲ့လို့ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီကနေ့မနက် ၅နာရီခွဲက မြို့သစ်မြို့နယ်၊ ရွှေလရောင်ရပ်ကွက်မှာရှိတဲ့ ရဲဝန်ထမ်းအိမ်ယာမှာ ဗုံးပေါက်တာ၊ ဗုံးပေါက်ခဲ့ပြီးနောက် အခုလို လုံခြုံရေးတိုးမြှင့်ချထားတာဖြစ်နိူင်တယ်၊ မနေ့ကလည်း စည်ပင်ရုံးဗုံးပေါက်တယ်၊ ပြီးခဲ့တဲ့လတွေ EPCရုံးနဲ့အုပ်ချုပ်ရေးမှူးရုံးတွေ မှာ ဗုံးပေါက်တာရှိတယ်၊ ဒါကြောင့် စစ်တပ်နဲ့ရဲတွေက ပိုမိုတင်းကျပ်လာတာဖြစ်တယ်”လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ ရဲဝန်ထမ်းအိမ်ယာဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိပေမယ့် စစ်တပ်နဲ့ရဲတွေဟာ ရွှေလရောင်ရပ်ကွက်နဲ့လမ်းဆုံတွေမှာ အိမ်စီးကားနဲ့လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ စက်တင်ဘာ ၄ရက်နေ့ ညပိုင်းကလည်း မြို့သစ်မြို့နယ် စည်ပင်ရုံးမှာ ဗုံးပေါက်ခဲ့မှုဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြို့သစ်မြို့နယ်မှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း ရပ်ကျေးအုပ်ချုပ်ရေးရေးမှူးရုံးတွေနဲ့ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါသေးတယ်။…
Read Moreဆိုင်ကယ်စစ်ဆေးဖို့ တားချိန် ရပ်မပေးလို့ သေနတ်နဲ့ ပစ်ပြီးဖမ်းတဲ့ အရေအတွက်များလာ
စက်တင်ဘာ ၅ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ လမ်းသွားလမ်းလာ လူတချို့ကို စစ်သားနဲ့ ရဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးဖို့ တားတဲ့အခါ အတားခံရတဲ့ ဆိုင်ကယ်တွေက ရပ်မပေးပဲ မောင်းနှင်ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးနေတဲ့ ဖြစ်စဥ်တွေဟာ အခုလ ၅ ရက်အတွင်း ဖြစ်ပွားမှု အကြိမ်ရေ သိသိသာသာတိုးလာနေတယ်လို့ နိုင်ငံရေးလေ့လာ အကဲခတ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ပြီးခဲ့တဲ့ သြဂုတ်လထဲက အဲ့ဒီလို ဖြစ်စဥ်တွေ ရှိခဲ့တယ် ၊ ဒါပေမယ့် ဖြစ်ပွားမှု အကြိမ်ရေ နည်းတယ် ၊ အခု စက်တင်ဘာထဲမှာ မြို့နယ်တိုင်း နေရာတိုင်းမှာလို ဖြစ်နေတဲ့အတွက် ဖြစ်ပွားမှု အရေအတွက်က တိုးလာနေတာဖြစ်တယ် ” လို့ စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးလေ့လာသူ သုတေသန ပညာရှင်…
Read Moreရန်ကုန်မြို့က မြို့နယ်(၃)ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့
ရန်ကုန်၊စက်တင်ဘာ ၅-၂၀၂၁ KK(VOM) ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ၊ကမာရွတ်နဲ့မင်္ဂလာဒုံမြို့နယ်က စည်ပင်ရဲဝန်ထမ်းအိမ်ရာ၊ဆက်သွယ်ရေးရုံးနဲ့ ဆီဆိုင်တွေမှာ မနေ့ စက်တင်ဘာ ၄ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ဋရပ်ကွက် သုနန္ဒာလမ်းဆုံဆက်သွယ်ရေးရုံးအနီးမှာ မနေ့ည၉ နာရီခန့် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သုန္ဒာလမ်းကပြည်သူတစ်ဦးကပြောပါတယ်။ “ဗုံးက နှစ်ခါပေါက်တာ ၉နာရီမှာတစ်ကြိမ် နောက်မိနစ် ၂၀အကြာမှာ တစ်ကြိမ်ပေါက်တယ်၊ ရုံးနားမှာပေါက်တယ်ပြောတယ် လူတော့မထိခိုက်ဘူး”လို့ သူကရှင်းပြပါတယ်။ ကမာရွတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဗဟိုလမ်းမကြီးပေါ်မှာရှိတဲ့ စည်ပင်ရဲဝန်ထမ်းအိမ်ရာအတွင်း မနေ့ည၇နာရီက ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိဘူးလို့ ၇ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ အလားတူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ခြောက်လမ်းသွားလမ်းမပေါ်ရှိ Terminal ဓာတ်ဆီဆိုင်အနီးအနောက်ဖက်၊ Elite ကားဝင်းရှေ့မှာလည်း မနေ့ည ၈နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။ …
Read Moreမုံရွာနယ် လယ်ဇင်ရွာမှာ လူ ၈ ဦး အဖမ်းခံရ
စက်တင်ဘာ ၅ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကိုရောက်နေတဲ့ လူတွေနဲ့ပတ်သက်ပြီး အဖမ်းခံလိုက်ရတယ်လို့ လယ်ဇင်စံပြကျေးရွာဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ” ရွာခံ လူ ၆ ယောက်နဲ့ ရွာကိုရောက်နေတဲ့ လူ ၂ ယောက် အားလုံး ၈ ယောက် အဖမ်းခံရတာဖြစ်ပြီး အဲ့ဒီ ၈ ယောက်ထဲမှာ ရွာက ကလေး ၁ ယောက်က အသက် ၁၈ နှစ်မပြည့်သေးဘူး ” လို့ လယ်ဇင်စံပြကျေးရွာခံ တစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် လယ်ဇင်စံပြကျေးရွာ ပဒေသာကွက်သစ်မှာနေတဲ့ ဒေသခံ တစ်ယောက်က ” မနေ့က နေ့ခင်းပိုင်းမှာ စစ်ကားနဲ့ ရဲကား ၁၀ စီးလောက်ရွာထဲကို ရောက်လာတယ် ၊ ရွာက လူတွေလည်း ကြောက်လို့…
Read Moreတန့်ဆည်မြို့မရဲစခန်းကနေ စျေးထွက်ဝယ်တဲ့ ရဲ ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ
စက်တင်ဘာ ၊ ၅ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့ ၊ မေတ္တာမြိုင်ရပ်ကွက် ၊ စျေးသစ်တောင်ဘက်လမ်းထဲမှာ မနေ့ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီဝန်းကျင်က ရဲ ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ တန့်ဆည်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” စျေးသစ်တောင်ဘက်လမ်းထဲက ဦးအောင်ကျော်မိုးရဲ့ အိမ်ရှေ့ခြံစည်းရိုးဘေးမှာ ဆိုင်ကယ် ၁ စီးနဲ့ ရဲ ၂ ယောက် သေနေတာဖြစ်တယ် ” လို့ မေတ္တာမြိုင်ရပ်ကွက်နေ ဒေသခံ တစ်ယောက်က ပြောပါတယ် ။ ဒါ့အပြင် တန့်ဆည်မြို့မရဲစခန်းနဲ့ နီးစပ်သူ တစ်ယောက်က ” ညနေက စျေးဝယ်ထွက်သွားတဲ့…
Read More