တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်သန်းနီးပါး ရေဘေးသင့်နေ

ပေကျင်း၊ အောက်တိုဘာ-၁၁-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း နှစ်သန်းနီးပါး ရေဘေးသင့်နေတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် အဲဒီပြည်နယ်ရှိ ခရိုင်နဲ့မြို့ ၇၀ ကျော်မှာ နေအိမ်ပြိုကျမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပွားနေပါတယ်။
 
လက်ရှိအချိန်ထိ မိုးသည်းထန်စွာရွာသွန်းမှုတွေက ကယ်ဆယ်ရေးအားထုတ်မှုတွေ အဟန့်အတားဖြစ်နေပါတယ်။
 
ရေဘေးကြောင့် လူ တစ်သိန်းနှစ်သောင်းကျော်ကို အရေးပေါ်ရွှေ့ပြောင်း ကယ်ဆယ်နေရာချထားရပြီး ပြည်နယ်အတွင်းမှာ နေအိမ် ၁၇၀၀၀ ကျော်ပြိုကျခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။
 
အခြားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး အချက်အလက်ထုတ်ပြန်ခြင်းမရှိပေမယ့် မြေပြိုမှုတစ်ခုကြောင့် ရဲတပ်ဖွဲ့၀င်လေးဦးသေဆုံးသွားတယ်လို့ ဂလိုဘယ်တိုင်းမ်သတင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။
 
ရှန်ဇီပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရေဘေးဟာ ယခုနှစ်အစောပိုင်းက ဟီနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာထက် ပိုမိုဆိုးရွားဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
 
Ref : BBC
photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW