ရွှေညဝါဆရာတော်ကို ထောင်ဒဏ် ၂နှစ်ချမှတ်

ရန်ကုန် ၊ဒီဇင်ဘာ၂၈၊၂၀၂၁ KK(VOM)   ရွှေညဝါဆရာတော်ကို ဒီကနေ့ မနက်ပိုင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်၂နှစ် ချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေနေတွေဆီက သိရပါတယ်။   ရွှေညဝါဆရာတော်ဦးပညာသီဟကို စစ်တပ်က နိူင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပြီး ကျန်းမာရေးမကောင်းဘူးလို့ ရှေနေတဦးက ပြောပါတယ်။   “ဆရာတော်က နေမကောင်းဘူး လမ်းလည်းကောင်းကောင်းမလျှောက်နိူင်တော့ဘူး အခုလိုအမိန့်ချတာစိတ်ထဲမကောင်းဘူး”လို့ ပြောပါတယ်။   ဆရာတော်ဦးပညာသီဟကို ယခင်က နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့ပေမယ့် ဒီကနေ့အမိန့်ချရာမှာတော့ ၅၀၅(ခ)နဲ့ ပြောင်းလည်း အမိန့်ချခဲ့တာဖြစ်တယ်လို့ ရှေနေတွေဆီက သိရပါတယ်။   စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အချိန်ကစပြီး ဆရာတော်ဟာ ထောင်တွင်းဆေးရုံနဲ့ အပြင်ဆေးရုံတွေမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ ပြန်လည်လွှတ်မြောက်လာတဲ့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။   ရွှေညဝါဆရာတော်ကို ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး ၉ လ ကျော်ကြာမှ ခုလိုအမိန့်ချမှတ်ခဲ့တာ…

Read More

အင်ဒို-ပစိဖိတ်ဒေသအတွက် ရန်ပုံငွေသုံးဆတိုးထားတဲ့ အမေရိကန်ကာကွယ်ရေးဥပဒေ အတည်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၈-၂၀၂၁ မျိုးဆက်(VOM)   အင်ဒို-ပစိဖိတ်ဒေသအတွင်း ကာကွယ်ဟန့်တားမှုကိုမြှင့်တင်ဖို့အတွက် ရန်ပုံငွေပိုမိုခွဲဝေထားတဲ့ ကာကွယ်ရေး ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၇ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။   ၂၀၂၂ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေးဥပဒေဟာ ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ ၇၆၈ ဒသမ ၂ ဘီလီယံထိ ခွင့်ပြုထားပါတယ်။   အဲဒီဥပဒေမှာ အင်ဒို-ပစိဖိတ်ဒေသ ကာကွယ်ဟန့်တားမှုအတွက် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံပါ၀င်ပြီး ၂၀၂၁ ခုနှစ်ကထက် သုံးဆကျော်ပိုမိုများပြားကာ ဒါဟာ တရုတ်၏စစ်ရေးတည်ဆောက်မှုကို တန်ပြန်ရန်ကြိုးပမ်းတဲ့ အရိပ်လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။   အမေရိကန်ကလက်ခံကျင်းပတဲ့ နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ပစိဖိတ်ဒေသစစ်ရေးလေ့ကျင့်ခန်းမှာ ထိုင်၀မ်ကိုဖိတ်ကြားဖို့ အမေရိကန်အစိုးရကို အားပေးတဲ့အချက်လည်း ဥပဒေမှာ ပါ၀င်လာပါတယ်။   ဒ့ါအပြင် ဥပဒေကြမ်းမှာ ရုရှားနဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာ ယူကရိန်းတပ်ဖွဲ့၀င်တွေအတွက် ဒေါ်လာ သန်း ၃၀၀…

Read More

အာဖဂန်မှာ အမျိုးသားအဖော်မပါဘဲ အမျိုးသမီးတွေခရီးမသွားဖို့ တာလီဘန်တို့ အမိန့်ထုတ်

ကဘူး၊ ဒီဇင်ဘာ-၂၈-၂၀၂၁ မျိုးဆက်(VOM)   အာဖဂန်နစ္စတန်မှာ ကုန်းလမ်းခရီးနဲ့ခရီးသွားမယ့် အမျိုးသမီးတွေအနေနဲ့ အမျိုးသားအဖော်ပါမှသာ သွားလာခွင့်ရှိမယ်လို့ တာလီဘန်တို့က အမိန့်ထုတ်လိုက်ပါတယ်။   ဒါဟာ သြဂုတ်လအတွင်း အာဖဂန်ကို တာလီဘန်အဖွဲ့ကထိန်းချုပ်လိုက်ပြီးနောက် အမျိုးသမီးတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုအဖြစ် ထုတ်ပြန်လိုက်တဲ့ တင်းကြပ်မှုတွေထဲက တခုဖြစ်ပါတယ်။   အမျိုးသမီးတွေဟာ ၄၅ မိုင်ထက်ကျော်လွန်ခရီးသွားမယ်ဆိုရင် မိသားစု၀င်ထဲက အမျိုးသားတဦးပါရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဒါ့ပြင် ခေါင်းစွပ်ပုဝါမ၀တ်တဲ့ အမျိုးသမီးတွေကို ယာဉ်စီးနှင်းခွင့်မပြုဖို့ ယာဉ်ပိုင်ရှင်တွေကို တာလီဘန်တို့က ညွှန်ကြားထားပြီး ယာဉ်ပေါ်မှာ သီချင်းဖွင့်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။   နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်ဟာ အမျိုးသမီးတွေအတွက် အကျဉ်းကျခံရသလို အခြေအနေမျိုးထိ ဦးတည်သွားနိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။   လက်ရှိမှာလည်း မိန်းကလေးတွေအတွက် အလယ်တန်းကျောင်းအများစုကို ပိတ်ထားဆဲဖြစ်ပြီး အမျိုးသမီးအများစုကို အလုပ်မလုပ်ဖို့ တာလီဘန်တို့က တားမြစ်ထားပါတယ်။   Ref:…

Read More

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးကာလအပစ်ရပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂၈-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာ နှစ်သစ်ကူးကာလအတွင်း အပစ်အခတ်ရပ်စဲကြဖို့နဲ့ နိုင်ငံတွင်းရှိအဖွဲ့အစည်းအသီးသီးအနေနဲ့ ထိန်းသိမ်းသည်းခံပြီး ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလမသဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။   မြန်မာပြည်သူတွေဟာ အရင်ကတည်းက ဒုက္ခဆင်းရဲတွေ့ကြုံနေရပြီး ကိုဗစ်-၁၉ ရောဂါကြောင့်လည်း စီးပွားရေးတွေ ထိခိုက်နေကြောင်း၊ ပြည်သူတွေအတွက် သေနတ်သံတွေတိတ်အောင်လုပ်ဖို့လိုအပ်ပြီး ကလေးငယ်တွေရဲ့အနာဂါတ်ဟာ ဒီအပေါ်မူတည်နေတယ်လို့ သူကပြောပါတယ်။   မြန်မာနိုင်ငံကရင်ပြည်နယ်နဲ့ အခြားနေရာတွေမှာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ တိုးပွားလာတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ အပစ်အခတ်ရပ်စဲဖို့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း တောင်းဆိုထားပါတယ်။ ဖြစ်စဉ်မှာပါ၀င်နေတဲ့အဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ဆောင်ရွက်ကြဖို့၊ အရပ်သားတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်ူး ဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အကူအညီလိုအပ်သူတွေဆီကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေ ပေးအပ်ခွင့်ပြုဖို့ကို မစ္စဟေဇာက တောင်းဆိုပါတယ်။   သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ယခုလအစောပိုင်းမှာ စတင်တာ၀န်ထမ်းဆောင်ခဲ့ပြီး မြန်မာပြည်သူတွေကို ကူညီဖို့၊…

Read More

သရုပ်ဆောင် ပိုင်တံခွန် ကို အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ် ချမှတ်

ရန်ကုန်၊ဒီဇင်ဘာ ၂၇၊၂၀၂၁ KK(VOM)   သရုပ်ဆောင်ပိုင်တံခွန်(ခ)စစ်ကိုပိုင် ကို ဒီကနေ့မနက်ပိုင်းက အင်းစိန်ထောင် အထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေနေတွေဆီက သိရပါတယ်။   အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သရုပ်ဆောင်၊မော်ဒယ်၊ ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီကနေ့မနက်ပိုင်း ပုဒ်မ ၅၀၅(က)နဲ့အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာဖြစ်တယ် တရားလွှတ်တော်ရှေနေတဦးက ပြောပါတယ်။   “လိုပြသက်သေလာထွက်ရမဲ့ အချိန်ကိုအမိန့်ချတာသက်သေက မလာတော့ မင်းဆန္ဒပြတုန်းက ပါလားဆိုပြီး ဓာတ်ပုံထုတ်ပြတယ် သူကလည်းဝန်ခံတယ်ဝန်ခံတော့ အပြစ်ရှိတယ်ဆိုပြီး အမိန့်ချတာ”လို့သူကရှင်းပြပါတယ်။   တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရဆိုပါက တရားလိုနဲ့ တရားလိုပြ သက်သေတွေစုံလင်အောင်စစ်ပြီးမှသာ အမိန့်ချမှတ်ရမှာဖြစ်တယ်လို့ ရှေနေတဦးကသုံးသပ်ပြောဆိုပါတယ်။   သရုပ်ဆောင်ပိုင်တံခွန်(ခ)စစ်ကိုပိုင်နဲ့ အဆိုတော် တူးတူး အပါအဝင် ၂၀ ဦးကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်လှစ်ခဲ့တယ်လို့ ဧပြီ ၇ ရက် ည ၈ နာရီ…

Read More

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ဒီဇင်ဘာ ၂၇-၂၀၂၁ KK(VOM)   စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ဒီကနေ့မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။   အမှုလိုက်ရှေ့နေတဦးက”နယ်ဘက်တွေမှာ ၅၀၅(က)ဆို ၂နှစ်ပဲချတာ၊ ရန်ကုန်မှာ သုံးနှစ်ချရမယ် ညွန်ကြားထားတာ အသံကြားတယ်၊ တိတိကျကျတော့မသိဘူး” လို့ ပြောပါတယ်။   စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်တယ်လို့ နိူင်ငံရေးလှုပ်ရှားသူတဦးက ပြောပါတယ်။   “အစ်မက နေမကောင်းဘူး ဆီးချိုလည်းရှိတယ် ဆေး ကုသခွင့်မရဘူးလို့ ပြောတယ် စိတ်မကောင်းဘူး၊ အ ခုထောင်သုံးနှစ်ချတယ်ဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်တယ် “လို့ သူကပြောပါတယ်။   NLD အစိုးရလက်ထက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ ဒေါ်သန်းမြင့်အောင်ဟာ ကော်မတီအဖွဲ့၀င်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူတဦးဖြစ်ပါတယ်။   We…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ၂ ခု အပြီးသတ်အမိန့်မချဖြစ်၊ သဘာဝဘေးစီမံအမှုအတွက် ဒေါက်တာဇော်မြင့်မောင် ဗွီဒီယိုကတဆင့် သက်သေထွက်ဆို

ဒီဇင်ဘာ ၂၇-၂၀၂၁ KT(VOM)   ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပါပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ အမှု ၂ ခုအတွက် ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာ အပြီးသတ်အမိန့်ချဖို့ပြုလုပ်ထားပေမယ့် ဒီကနေ့အမိန့်ချဖြစ်ဘဲ လာမယ့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။   နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့မနက်ပိုင်းပြုလုပ်တဲ့ ရုံးချိန်းမှာ အခုလို ဒုတိယအကြိမ်မြောက် ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။   ဒါ့အပြင် ဒီကနေ့ ရုံးချိန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်သဘာဝဘေးစီမံဥပဒေပုဒ်မအမှုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ ဗီဒီယိုကနေ တဆင့် သက်သေထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။   #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #အပြီးသတ်အမိန့်မချဖြစ်

Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ ၃နှစ်ကလေးအပါအဝင် လူ၃ ဦးသေဆုံး

ဒီဇင်ဘာ ၂၅-၂၀၂၁ GH (VOM)   ရန်ကုန်-မန္တလေး အမြန်လမ်း ၊ မိုင်တိုင်အမှတ် (၁၇၈/၄)နှင့် (၁၇၈/၅)ကြားမှာ ဒီကနေ့ နေ့လယ်ပိုင်းက Pajero အမျိုးအစားကားတစီး အရှိန်လွန်တိမ်းမှောက်ခဲ့လို့ အသက် ၃ နှစ်အရွယ်ကလေးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သာဂရအမြန်လမ်းရဲစခန်းကနေ သိရပါတယ်။   “ကနဦး သိရှိချက်အရ ကားကဝိတ်များတယ်၊အရှိန်များတယ်၊လူကလည်း များတယ်၊ ဟိုက်လိုက် ပါဂျဲရိုးကားလေးကားကလည်းသေးတယ်၊ဒါကြောင့်အရှိန်များပြီးမှောက်တယ်လို့သုံးသပ်တယ်။ အရင်က မလင်းလင်းထွန်းဆိုတဲ့ အသက် ၃၈ နှစ်ဆုံးတယ်၊နောက်မောင်ခွန်ဆန်ဖြိုးလင်းဆိုတာအသက်၃နှစ်ကျော်ဆုံးတယ်။နောက်ထပ်ယာဉ်မောင်းကိုအောင်ဇော်ဝင်းထပ်ဆုံးပါတယ်။ဆေးရုံမှာဆုံးတာပါ။အားလုံး ၃ ယောက်ပေါ့။ ဒဏ်ရာရတဲ့သူ ရှိ၊မရှိကိုလည်း စိစစ်နေပါတယ်”လို့ သာဂရအမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။   တိမ်ူမှောက်တဲ့ယာဉ်ပေါ်မှာ ကျား(၄)ဦး၊ မ(၄)ဦးနဲ့ ကလေး(၅)ဦး အားလုံးစုစုပေါင်း(၁၃)ဦး လိုက်ပါလာတာဖြစ်ကြောင်း၊ သေဆုံးသူတွေကတော့ ယာဉ်မောင်းနဲ့ အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဥိးတို့ဖြစ်တယ်လို့သိရပါတယ်။   ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦးအနက် (၅)ဦးကိုတော့ သာဂရ RESCUE AMBULANCE…

Read More

အီရန်က ပဲ့ထိန်းဒုံးပျံတွေပစ်ခတ် စစ်ရေးလေ့ကျင့်ပြီး အစ္စရေးကိုသတိပေး

တီဟီရန်၊ ဒီဇင်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   အီရန်ဟာ ပင်လယ်ကွေ့ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးကို သတိပေးလိုက်တာဖြစ်တယ်လို့ အီရန်စစ်ဘက်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒီဇင်ဘာ ၂၄ ရက်မှာပြီးဆုံးခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာတော့ အီရန်ဟာ ပဲ့ထိန်းဒုံးပျံတွေနဲ့ ခရုဇ်ဒုံးပျံတွေပါ ပစ်လွှတ်ခဲ့ပါတယ်။   အဲဒီစစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးအာဏာပိုင်တွေအမှားအယွင်းတွေကို သတိပေးဖို့ အလွန်ရှင်းလင်းတဲ့ သတင်းစကားဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုစိန်ဆာလာမီက နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့်ပြောပါတယ်။   စစ်ရေးလေ့ကျင့်မှုမှာ အီရန်စစ်ဘက်ဟာ အမျိုးအစားမတူတဲ့ ပဲ့ထိန်းဒုံးပျံ ၁၆ စင်းကိုပစ်လွှတ်ခဲ့ပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ထိမှန်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။   စစ်ရေးလေ့ကျင့်မှုအတွင်း ပဲ့ထိန်းဒုံးပျံတွေကို အီရန်ကပစ်လွှတ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဗြိတိန်ကပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်ပြီး ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  …

Read More

အသံထက်မြန်တဲ့ဒုံးပျံ စမ်းသပ်အောင်မြင်သွားပြီလို့ ရုရှားသမ္မတပူတင် အခိုင်အမာဆို

မော်စကို၊ ဒီဇင်ဘာ-၂၅-၂၀၂၁ မျိုးဆက်(VOM)   ရုရှားနိုင်ငံဟာ အသံထက်ငါးဆမြန်တဲ့ ဒုံးပျံတွေကို ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက အောင်မြင်စွာစမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပြီလို့ သမ္မတပူတင်က အခိုင်အမာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   Tsirkon အမျိုးအစားအသံထက်မြန်တဲ့ ဒုံးပျံစနစ်တွေကို ယမန်နေ့ကအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၊ သိပ္ပံနှင့်ပညာရေးကောင်စီတို့ရဲ့ ပူးတွဲအစည်းအဝေးမှာ သမ္မတပူတင်ကပြောဆိုခဲ့တာဖြစ်တယ်လို့ အာအိုင်အေသတင်းဌာနကဆိုပါတယ်။   အဲဒီဒုံးပျံစနစ်ဟာ မြေပြင်နဲ့ရေပြင်ပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ မိမိတို့ရဲ့ နောက်ဆုံးပေါ်ဒုံးပျံအမျိုးအစားဖြစ်ကြောင်း သမ္မတပူတင်ကပြောဆိုပါတယ်။   စမ်းသပ်မှုကို အောင်မြင်ချောမွေ့စွာပြုလုပ်နိုင်ခဲ့ပြီးဒါဟာ ရုရှားရဲ့လုံခြုံရေးနဲ့ ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သူကပြောပါတယ်။   အသံထက်မြန်သည့်ဒုံးပျံစနစ်ကို တီထွင်ခဲ့တဲ့ အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်နာတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး ဒုံးပျံတွေကို ရုရှားရေတပ်မှာ လာမည့်နှစ်အတွင်းတပ်ဆင်ဖို့ ရည်ရွယ်ထားကြောင်း သမ္မတပူတင်ကပြောပါတယ်။   Ref: Reuters Photo: AFP #voiceofmyanmar #VOM #မော်စကို

Read More
VOM News

FREE
VIEW