ပြုံးယမ်း၊ စက်တင်ဘာ-၂၄-၂၀၂၁ မျိုးဆက် (VOM) ကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယားရဲ့ တိုက်တွန်းတောင်းဆိုမှုကို မြောက်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ပယ်ချလိုက်ပါတယ်။ စစ်ပွဲအဆုံးသတ်ရေး ကြေညာဖို့ အချိန်စောလွန်သေးတယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး၀န်ကြီး ရီသီဆောင်က ပြောဆိုလိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။ ကိုရီးယားစစ်ပွဲအဆုံးသတ်ရေး တရား၀င်ကြေညာဖို့အတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုတဲ့မိန့်ခွန်းမှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က တိုက်တွန်းလိုက်ပြီးနောက် ဒီကိစ္စကိုမြောက်ကိုရီးယားက ပယ်ချလိုက်တာဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်ဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့က အဓိကကျတယ်လို့ သမ္မတမွန်ဂျေးအင်က ပြောပါတယ်။ မြောက်ကိုရီးယားကတော့ စစ်ပွဲအဆုံးသတ်ကြောင်း မကြေညာမီ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းရန်နဲ့ အမေရိကန်-တောင်ကိုရီးယား နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်တာတွေကို ကို အဆုံးသတ်ဖို့ လိုလားနေပါတယ်။ Ref :…
Read MoreYear: 2021
မုံးကိုးမြို့က စစ်ဘေးရှောင် ၁၀၀နီးပါးနဲ့ ပရဟိတ ၅ ဦး ကိုဗစ်၁၉ ပိုးတွေ့ရှိလာ
စက်တင်ဘာ ၂၄၊ ၂၀၂၁ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့က စစ်ဘေးရှောင်တွေကို မနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တတိယအကြိမ်အဖြစ် စစ်ရှောင်ပြည်သူ ၃၂ ဦးကို COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ ၁၈ ဦး ပိုး ထပ်တိုးတွေ့ရှိခဲ့ပါတယ်။ ပထမအကြိမ် စစ်ဆေးတုန်းက ၃၇ ဦး၊ ဒုတိယ အကြိမ် စသ်ဆေးရာမှာ ၄၂ ဦးရှိကာ စုစုပေါင်း ၉၇ ဦး ရှိပြီး ဆေးရုံဆင်းသူ မရှိသေးဘူး လို့ လက်ရှိ စီမံခန့်ခွဲနေသူ တာဝန်ရှိ တစ်ဦးက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို အဓိက ကူညီပေးနေတဲ့ ပရဟိတ တွေကိုလည်း ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့က တတိယ…
Read Moreချင်းတွင်းမြစ်ကြောင်း ခရီးသွားမယ်ဆိုရင် မှတ်ပုံတင်နဲ့ ရပ်ကွက်ထောက်ခံစာ မဖြစ်မနေ လိုအပ်
စက်တင်ဘာ ၊ ၂၄ ၊ ၂၀၂၁ ရွှေဘုန်းမြန်စံ (VOM) ပြေးဆွဲသွားလာခွင့်ကို အချိန် ၁ နှစ်ကျော်ကြာ ရပ်နားထားခဲ့ရတဲ့ ချင်းတွင်းမြစ်ကြောင်းက ခရီးသွားလုပ်ငန်း ရေယာဥ်ပြေးဆွဲရေး လုပ်ငန်းတွေဟာ အခုလ ၂၅ ရက် မနက်ဖန်ကစလို့ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့ ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင် ရေယာဥ် အသင်းတွေဆီက သိရပါတယ်။ ” ရေလမ်းကြောင်းနဲ့ ခရီးသွားလိုက်ပါမယ်ဆိုရင် ခရီးသည်တွေဘက်က မဖြစ်မနေ ယူဆောင်လာရမှာက နိုင်ငံသား မှတ်ပုံတင် နဲ့ နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ ပါရမှာဖြစ်တယ် ၊ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြေးဆွဲရမှာမို့ ခရီးသည်တွေဘက် လက်ဆေးတာ ၊ mask တပ်တာ ၊ မျက်နှာကာတပ်တာတွေ လုပ်ပေးရမှာဖြစ်တယ် ” လို့ ခရီးသည်တင်ရေးယာဥ်များ စနစ်တကျ ပြေးဆွဲရေး ညှိနှိုင်းမှုကော်မတီ ၊…
Read Moreမုံရွာ ကျောက္ကာလမ်းမှာ ရဲတစ်ယောက် သေနတ်နဲ့အပစ်ခံရပြီး သေနတ် လုယူခံရ
စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁ ရွှေဘုန်းမြန်စံ (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ ကျောက္ကာလမ်းမှ ကင်းအစောင့် တာဝန်ကျနေတဲ့ ရဲတစ်ယောက်ဟာ ဒီကနေ့ စက်တင်ဘာ၂၃ရက် ညနေပိုင်း ၄ နာရီကျော် အချိန်ဝန်းကျင်က သေနတ်နဲ့ အပစ်ခံရပြီး ၊ ရဲလက်ထဲက သေနတ်ကို လုယူခံလိုက်ရတယ် လို့ လူမှုကူညီရေးအသင်းတခုရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ကင်းစောင့်နေတဲ့ ရဲတစ်ယောက်ကို လူ ၂ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး ရုတ်တရက် သေနတ်ထုတ်ပစ်ပြီး ရဲ သေနတ်ကို လုယူသွားတာ ” လို့ ကျောက္ကာလမ်းမှာနေတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ကင်းစောင့်ရဲ ပစ်ခံရပြီး ရဲသေနတ်…
Read Moreကမ္ဘာ့လေထုညစ်ညမ်းမှုကြောင့် လူဦးရေ ခုနှစ်သန်း နှစ်စဉ်သေဆုံးနေ
ဂျီနီဗာ၊ စက်တင်ဘာ-၂၃-၂၀၂၁ မျိုးဆက်(VOM) ကမ္ဘာ့လေထုညစ်ညမ်းမှုဟာ ယခင်ကထင်မြင်ယူဆထားတာထက် ထက် ပိုမိုအန္တရာယ်များလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။ ဒီလိုလေထုညစ်ညမ်းမှုနှဲ့ဆက်နွယ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်ရှိလူဦးရေ ခုနှစ်သန်းဟာ အချိန်မတိုင်မီ သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဖွဲ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုအားထားနေရတာကြောင့် လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီသေဆုံးမှုဒဏ်ကို အဆိုးရွားဆုံးခံနေရတယ်လို့ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်းကိုလည်း တူညီတဲ့ လေထုညစ်ညမ်းမှုဖြစ်စဉ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါတယ်။ နို၀င်ဘာလတွင်ကျင်းပမယ့် COP26 ထိပ်သီးဆွေးနွေးပွဲမတိုင်မီမှာ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးနဲ့ ရာသီဥတုပြောင်းလဲမှုအပေါ် အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ အဖွဲ့၀င် ၁၉၄ နိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ Ref : BBC Photo:Getty Images #voiceofmyanmar #VOM #ဂျီနီဗာ
Read Moreဩစတြေးလျ ပညာရှင်နဲ့ ပတ်သက်တဲ့အမှု ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဒီနေ့စစ်
နေပြည်တော်-စက်တင်ဘာ ၂၃-၂၀၂၁ KT(VOM) ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ အမှုကို ဒီကနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ပြောပြတာက “ဒီနေ့ဒက္ခိဏသီရိ ခရိုင်တရားရုံးမှာ ဩစတြေးလျ နိုင်ငံသား ရှောင်တာနာပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့တဲ့အမှု နှစ်မှု ဒက္ခိဏခရိုင်တရားရုံးကို ခေါ်ပါတယ် ။မနက် ၁၀ နာရီမှာပေါ့နော် စစစ်ပါတယ်၊ ရှောင်တာနာကိုစွဲထားတာ နှစ်မှုပါ ပထမတစ်မှုကအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃၁-ခ နဲ့ ဒေါ်အောင်ဆန်းစုကကြည်ပါတယ်။ ပြည်ထောင်စုအဆင့်ဝန်ကြီးသုံးယောက် စုစုပေါင်း ၅ ယောက်ကိုစွဲထားတဲ့အမှုကိုစစ်ပါတယ် အမှုစစ်တော့ရှောင်တာနာအပါအဝင် လေးယောက်က Covid 19 ရောဂါကာကွယ်ရေးဝတ်စုံဝတ်ပြီးရုံးရှေ့ကိုရောက်လာပါတယ်၊သူတို့ကိုအာရာဖတ်လိုကားမျိုးနဲ့ခေါ်လာပါကြောင်း”ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရုံးကိုမဆင့်ခေါ်တဲ့ အခြေအကို ဦးခင်မောင်ဇော် ဆက်ပြောတာက “ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဗီဒီယိုကွန်းဖန်းစနစ်နဲ့စစ်ဆေးပါတယ်၊ အားလုံးဆုံတဲ့အခါမှာ ဒက္ခိဏခရိုင်တရားသူကြီးကပြောပါတယ်။ အမှုက ယခင်ရန်ကုန်အရှေ့ပိုင်းတရားရုံးမှာစစ်နေရာကနေ သူ့ရုံး(ဒက္ခိဏခရိုင်တရားရုံး)ကိုရွှေ့ပေးလိုက်တဲ့အတွက်စစ်ဆေးသွားမှာဖြစ်ကြောင်းပြောပါတယ်။…
Read Moreလစ်သူယေးနီးယားမှာ တရုတ်ဖုန်းတွေ အသုံးမပြုကြဖို့ ကာကွယ်ရေး၀န်ကြီးဌာန သတိပေး
ဗီးနီးယပ်၊ စက်တင်ဘာ-၂၃-၂၀၂၁ မျိုးဆက် (VOM) လစ်သူယေးနီးယားနိုင်ငံမှာ တရုတ်ဖုန်းတွေကို စွန့်ပစ်ဖို့နဲ့ တရုတ်ဖုန်းအသစ်တွေ ထပ်မ၀ယ်ကြဖို့ ကာကွယ်ရေး၀န်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံမှ ထုတ်လုပ်ထားတဲ့ 5G စမတ်ဖုန်းတွေကို လစ်သူယေးနီးယား အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနက စမ်းသပ်မှုတွေပြုလုပ်ပြီးနောက် အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ တရုတ်ဖုန်းအသစ်တွေကို မ၀ယ်ဖို့နဲ့ လက်ရှိအသုံးပြုနေတာတွေကိုလည်း ဖြစ်နိုင်သမျှ ဆက်ပြီးမသုံးဖို့ မိမိတို့ အကြံပြုကြောင်း လစ်သူယေးနီးယားကာကွယ်ရေး ဒု၀န်ကြီး Margiris Abukevicius ကပြောပါတယ်။ Xiaomi ဖုန်းအမျိုးအစားတစ်ခုမှာတော့ ဆင်ဆာဖြတ်တောက်ထားတဲ့ကိရိယာပါ၀င်ပြီး အခြား Huawei ဖုန်းအမျိုးအစားတစ်ခုကတော့ လုံခြုံရေးအားနည်းချက်တွေရှိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ပြင်ပကိုပေးပို့ခဲ့တာမရှိဘူးလို့ Huawei ကပြောဆိုထားပြီး Xiaomi ကလည်း ဆက်သွယ်ရေးကို ဆင်ဆာလုပ်မထားဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref : BBC Photo:Getty Images…
Read Moreကျိုက်ထိုမှာ အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ပရဟိတသမားအပါအဝင် လူ ၅ ဦးဖမ်းဆီးခံရ
စက်တင်ဘာ ၂၃-၂၀၂၁ GH ( VOM ) ကျိုက်ထိုမြို့နယ်မှာ တောင်သူစုရပ်ကွက်ရဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်နဲ့ ပရဟိတသမားအပါအဝင် လူ ၅ ဦးကို မနေ့ စက်တင်ဘာ ၂၂ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနေ့က ၁၀ နာရီ ခွဲကျော်လောက်မှာ အုပ်ချုပ်ရေးမှူး ကိုဖမ်းသွားတယ်။ အန်တီက အရမ်းထက်မြက်တယ် ၊ အရင်အစိုးရလက်ထက်မှာတုန်းကလည်း သူရတဲ့ လစာထဲတောင် မရှိတဲ့သူတွေ ဝေမျှတာမျိုးရှိခဲ့တယ်၊ဘာကြောင့်ဖမ်းလဲဆိုတာတော့ အတိကျမသိရဘူး ၊ စစ်မေးစရာရှိလို့ဆိုပြီးခေါ်သွားကြတာ ” လို့ ဒေသခံတယောက်ကပြောပါတယ်။ တောင်သူစုရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘာကြောင့်ဖမ်းဆီးသွားပြီး ဘယ်နေရာမှာထိန်းသိမ်းထားသလဲဆိုတာကို မသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်ဟာ န.စ.က လက်ထက်မှာ ခန့်အပ်ထားသူမဟုတ်ဘဲ အရင်အစိုးရလက်ထဲကအုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စက်တင်ဘာလ ၂၂…
Read Moreကိုဗစ်-၁၉ ကပ်ရောဂါ တစ်နှစ်အတွင်း အဆုံးသတ်နိုင်တယ်လို့ Moderna ကုမ္ပဏီအကြီးအကဲပြော
၀ါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ထိုးနှံမှုတွေ အရှိအဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ ကိုဗစ်-၁၉ ကပ်ရာဂါဟာ တစ်နှစ်အတွင်း အဆုံးသတ်သွားနိုင်ဖွယ်ရှိတယ်လို့ Moderna ကာကွယ်ဆေးကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် စတီဖင်ဘန်ဆယ်လ်က ဆွစ်ဇာလန်အခြေစိုက် Neue Zuercher Zeitung သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ခြောက်လကာလအတွင်း စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစွမ်းရည်ချဲ့ထွင်မှုကို ကြည့်မယ်ဆိုရင် လာမယ့်နှစ်ရဲ့ နှစ်လယ်မှာ ကမ္ဘာပေါ်ရှိလူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ လုံလောက်သောပမာဏရရှိနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့အတွက်လည်း ဖြစ်လာနိုင်ခြေရှိတယ်လို့ သူကပြောပါတယ်။ မကြာမီမှာလည်း ကလေးသူငယ်တွေကအစ ကာကွယ်ဆေးထိုးနှံပေးဖို့ စမ်းသပ်လေ့လာမှုတွေပြုနေတယ်လို့ ဆိုပါတယ်။ ဒီလို လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်မယ်ဆိုရင် တုပ်ကွေးလိုဘဲ လက်ရှိကပ်ရောဂါကို အဆုံးသတ်နိုင်လိမ့်မယ်လို့ စတီဖင်ဘန်ဆယ်လ်က ပြောပါတယ်။ ဒီလိုသာလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ်နှစ်ရဲ့ နှစ်၀က်အတွင်း အခြေအနေပုံမှန်ပြန်ဖြစ်နိုင်ပြီး လက်ရှိအချိန်မှစရင် တစ်နှစ်အတွင်း ဖြစ်လာနိုင်တယ်လို့…
Read Moreမြင်းမူ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်တယောက် သေနတ်နဲ့ပစ်ခတ်ခံရ
ရန်ကုန်၊စက်တင်ဘာ ၂၃၊၂၀၂၁ KK(VOM) မြင်းမူမြို့နယ်မှာ မနေ့ည ၇နာရီက ထမင်းဝယ်နေတဲ့ အမည်မသိလူတယောက်က ဒုရဲအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ၊ မုံရွာ-မန္တလေးကားလမ်းဘေး၊ ချစ်ချစ်စားသောက်ဆိုင်မှာ ထမင်းဝယ်နေစဉ် ဆိုင်ကယ်ဖြင့်ဦးထုတ်ဆောင်းထားသည့် လူတယောက်က ဒုရဲအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် မနေ့စက်တင်ဘာ ၂၂ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျေးရွာနေသူတယောက်က “ရဲက ထမင်းဝယ်နေတာ၊ အဲ့ဒီလူက လွယ်အိတ်ထဲက သေနတ်ထုတ်ပြီးပစ်တာ တချက်ထိတယ်၊ ရဲကပြန်ခုံခံမယ်လုပ်တော့ ပစ်တဲ့သူက ထွက်ပြေးသွားပြီ ပေါင်ကို ၁ချက်ထိသွားတယ်”လို့ သူကပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရသူဟာ မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်အောင်လင်း ဆိုသူဖြစ်ပြီး သေနတ်ထိမှန်ဒဏ်ရာကြောင့် မြင်းမူပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ မြင်းမူမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ခဲ့လို့ သေဆုံးသူတွေရှိခဲ့ပြီး စက်တင်ဘာလ အတွင်းမှာလည်း Mytel…
Read More