ယူကရိန်းအတွက် ပိုလန်က တိုက်လေယာဉ်တွေပို့ဖို့ ကမ်းလှမ်းချက် အမေရိကန်ပယ်ချ

၀ါရှင်တန်၊ မတ်-၉-၂၀၂၂
မျိုးဆက်(VOM)
 
ရုရှားရဲ့ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ယူကရိန်းလေတပ်ကို အင်အားဖြည့်တင်းမှုအဖြစ် ယူကရိန်းလေယာဉ်မှူးတွေ မောင်းဖို့ကျွမ်းကျင်ပြီးသားဖြစ်တဲ့ ရုရှားလုပ် MiG-29 တိုက်လေယာဉ်တွေကို ဂျာမနီမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို လွှဲပြောင်းပေးမယ့် ပိုလန်ရဲ့ ကမ်းလှမ်းမှုကို အမေရိကန်က ပယ်ချလိုက်ပါတယ်။
 
အမေရိကန်ဟာ ယူကရိန်းအတွက် လက်နက်တွေကူညီမှုကို အရှိန်မြှင့်လုပ်ဆောင်နေပေမယ့် နေတိုးအဖွဲ့၀င်နိုင်ငံတခုကနေ စစ်ပွဲဇုန်ကို ပို့ဆောင်မယ့်ကိစ္စဟာ နေတိုးမဟာမိတ်အဖွဲ့အတွက် စိုးရိမ်စရာဖြစ်စေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။
 
ဒီကိစ္စနဲ့ ခက်ခဲတဲ့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုလန်၊ နေတိုးအဖွဲ့နိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း ဒါပေမယ့် ပိုလန်ရဲ့အဆိုပြုချက်ဟာ ခိုင်လုံတဲ့ကိစ္စလို့ မထင်မိကြောင်း ပင်တဂွန်ပြေားရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။
 
ပိုလန်ဟာ ယူကရိန်းအတွက် သူ့ရဲ့ MiG-29 တိုက်လေယာဉ်တွေကို ဂျာမနီရှိ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းသို့ ဖြန့်ကြက်ပြီး အမေရိကန်ရဲ့ လက်ထဲမှာထားရှိဖို့ အဆင်သင့်ဖြစ်နေပြီလို့ မတ် ၈ ရက်နေ့မှာ ကြေညာခဲ့ပြီး အဲဒီလေယာဉ်အမျိုးအစားတွေရှိတဲ့ အခြားနိုင်ငံတွေကိုလည်း အလားတူလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
 
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ ရုရှားနဲ့ တိုက်ရိုက်စစ်ဖြစ်မယ့်အရေးကို မလိုလားဘူးလို့ နေတိုးအဖွဲ့က ပြောဆိုထားသလို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း ယူကရိန်းကို အမေရိကန်တပ်ဖွဲ့၀င်တွေ စေလွှတ်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW