မုန်တိုင်းအန္တရယ် သတိပေးထားတဲ့ စစ်တွေမြို့ ပွိုင့်ကမ်းခြေရဲ့ ဒီကနေ့ညနေပိုင်းမြင်ကွင်း(Photo News)

မတ်၂၁-၂၀၂၂
SW(VOM)

ဘင်္ဂလားပင်လယ်အော်က စစ်တွေမြို့ ပွိုင့်ကမ်းခြေကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက လာရောက်လည်ပတ်သူတွေ ရှိနေသေးတာကို တွေ့မြင်ရပါတယ်။

စစ်တွေမြို့မှာတော့ လေတိုက်နှုန်းဟာ ပုံမှန်အနေအထားမဟုတ်တာကိုတွေ့ရပြီး စစ်တွေ ပွိုင့်ကမ်းခြေမှာဆိုရင်လည်း အရင်နေ့တွေကနဲ့မတူဘဲ လေထုထဲမှာ သဲတွေပါလာတာကို တွေ့ရပါတယ်။

စစ်တွေပွိုင့်ကမ်းခြေက သရက်သီးရောင်းချနေတဲ့ အမျိုးသမီးတယောက်က” လေမုန်တိုင်း ရှိတယ်လို့လည်းကြားထားပါတယ်။ ဒါကြောင့် လေတိုက်တာက အရင်နေ့တွေနဲ့မတူဘူး။ လေတိုက်နှုန်းပိုမြန်နေတယ်”လို့ ပြောပါတယ်။

လေမုန်တိုင်းသတိပေးချက်တွေရှိနေပေမယ့်လည်း ကမ်းခြေက်ို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကတော့ ပုံမှန်သွားလာနေတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #မုန်တိုင်း #မြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW