ယူကရိန်းအရေး ရုရှားက တရုတ်ကိုအကူအညီတောင်း၊ ကူညီရင်ဆိုးကျိုးနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သတိပေး

ဝါရှင်တန်၊ မတ်-၁၄-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းအရေးမှာ တရုတ်နိုင်ငံအနေဖြင့် ရုရှားကိုကူညီပေးမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်က သတိပေးလိုက်ကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။   ရုရှားက ယူကရိန်းကို ကျူးကျော်၀င်ရောက်ပြီးနောက် စစ်ရေးအကူအညီပေးဖို့အတွက် တရုတ်ကို ရုရှားကတောင်းဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာ၀န်ရှိသူတွေက အမေရိကန်သတင်းဌာနအချို့ကို ထုတ်ဖော်ပြောဆိုထားပါတယ်။   ဒါပေမယ့် ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကတော့ ရုရှားရဲ့ဒီလိုတောင်းဆိုမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အမေရိကန်နဲ့ တရုတ်တာ၀န်ရှိသူတွေအကြား ရောမမှာ ဒီနေ့မဆွေးနွေးမီ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။   ယူကရိန်းအရေးစတင်ချိန်မှစပြီး တရုတ်ဟာကာလရှည်မဟာမိတ်ဖြစ်တဲ့ ရုရှားကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုမှုတွေပြုခဲ့ပေမယ့် စစ်ရေး သို့မဟုတ် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုတစုံတရာပေးခဲ့ကြောင်း လူသိရှင်ကြား မတွေ့ရသေးပါဘူး။   ဒါပေမယ့် ရုရှားဟာ မောင်းသူမဲ့လေယာဉ်တွေ၊ စစ်ဘက်ဆိုင်ရာ ကိရိယာတွေ ကူညီဖို့ မကြာသေးမီရက်အတွင်းက တရုတ်နိုင်ငံကိုအထူးတောင်းဆိုခဲ့တယ်လို့…

Read More

တရုတ်မှာ ကိုဗစ်-၁၉ ကူးစက်မှု နှစ်နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေ ဖြစ်ပေါ်နေ

ပေကျင်း၊ မတ်-၁၃-၂၀၂၂ မျိုးဆက်(VOM)   တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုဟာ မတ် ၁၃ ရက်မှာတော့ ၃၄၀၀ နီးပါးထိရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုထားပြီး ဒီအရေအတွက်ဟာ ကပ်ရောဂါစတင်ပြီး ၂နှစ်တာကာလအတွင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။   နိုင်ငံတွင်းရှိ ပြည်နယ် ၁၉ ခုနီးပါးမှာ အိုမီခရွန်နဲ့ ဒယ်လ်တာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်မှုတွေရှိနေစဉ်မှာ မြို့တော်ရှန်ဟိုင်းရှိ စာသင်ကျောင်တွေကို အာဏာပိုင်တွေက ပိတ်ထားပြီး အရှေ့မြောက်ပိုင်းက မြို့အချို့ကိုလည်း လော့ခ်ဒေါင်းချထားပါတယ်။   တရုတ်အာဏာပိုင်တွေဟာ မြောက်ကိုရီးယားနဲ့ ထိစပ်နေတဲ့ ယန်ဂျီမြို့ကို အပြည့်အ၀ပိတ်ချထားပြီး ဂျီလင်မြို့ကိုတော့ တစိတ်တပိုင်း လော့ခ်ဒေါင်းချတာကို မတ် ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။   ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိပြီးနောက် တရုတ်နိုင်ငံဟာ လော့ခ်ဒေါင်းချတာ၊ ခရီးသွားကန့်သတ်တာနဲ့ စစ်ဆေးမှုအကြီးအကျယ်ပြုလုပ်တာအပါအ၀င် ဗိုင်းရပ်စ် လုံး၀မကူးစက်စေရေး မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။…

Read More

အွန်လိုင်းက ရက်ချိန်းယူပြီး ပတ်စပို့စ် လျှောက်ထားရမယ့်စနစ် လက်တွေ့မှာ အဆင်မပြေနိုင်ဘူးလို့ သိရ

မတ် ၁၃-၂၀၂၂ GG (VOM)   နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လူကိုယ်တိုင်လာရာက်တန်းစီစောင့်ဆိုင်းခြင်းအစား အွန်လိုင်းကနေ ရက်ချိန်ပြီး လျှောက်ထားရမယ့်စနစ်ကို အခုလထဲမှာပဲ စတင်လုပ်ဆောင်မယ်လို့ ရန်ကုန်ပတ်စပို့စ်ရုံးက အသိပေးထားပါတယ် ။   အခုလို ပြောင်းလဲမယ့် အွန်လိုင်းစနစ်က ပတ်စပို့ကို ကိုယ်တိုင်လျှောက်ထားမယ့်သူတွေအတွက် အဆင်မပြေကြောင်း၊ ဝက်ဘ်ဆိုက်ကိုဝင်ရောက်ဖို့အဆင်မပြေခြင်း၊အသုံးမပြုတတ်ခြင်း စတဲ့အခက်အခဲတွေရှိတယ်လို့ ပတ်စ်ပို့လျှောက်ထားသူတွေဆီက သိရပါတယ်။   ” အခုဝင်ကြည့်နေတာ သူတို့ဝက်ဘ်ဆိုက်က ဝင်မရဘူး။ ဝင်ရရင်လည်း ဖောင်ဖြည့်တာတွေက မရင်းနှီးဘူး၊လုပ်တတ်မှာမဟုတ်ဘူး။ဒီကြားထဲ အင်တာနက်က အဆင်မပြေတာ ရှိအုံးမယ်။ကျနော်တို့လို နယ်ကလူတွေအတွက် အဆင်မပြေပါဘူး။လူကိုယ်တိုင်ဆိုရင်မှ ကိုယ့်ဘာသာ ရုံးကိုသွားစောင့်လုပ်ရင် လုပ်တတ်သေးတယ် ၊ အခုကတော့ ပွဲစားတွေနဲ့ ကုမ္ပဏီတွေက ပိုအလုပ်ဖြစ်မယ်၊သူတို့တောင်းသလောက်ပေးနေရတော့မှာပေါ့ “လို့ မလေးရှားကိုသွားဖို့စောင့်ဆိုင်းနေသူ တဦးကပြောပါတယ်။   မတ်လ ၂၁ ရက်နေ့ကစပြီး ပတ်စ်ပို့စ်ရုံးကို လူကိုယ်တိုင်လာရောက်တန်းစီစောင့်ဆိုင်းစရာမလိုတော့ဘဲ အွန်လိုင်းကနေသာ ရက်ချိန်းရယူပြီး သတ်မှတ်ရက်မှာ ရုံးကိုသွားကာ…

Read More

ရုရှားက ဓါတုလက်နက်တွေ သုံးလာနိုင်ဖွယ်ရှိ၊ အမေရိကန်က ယူကရိန်းကို လက်နက် ဒေါ်လာသန်း ၂၀၀ ဖိုးထပ်ပို့မည်

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၂ မျိုးဆက်(VOM)   ရုရှားဟာ ယူကရိန်းကိုကျူးကျော်ပြီးနောက် ဓါတုလက်နက်တွေအသုံးပြုလာနိုင်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်စတိုတင်ဘာ့ဂ်က သတိပေးပြောဆိုလိုက်ပါတယ်။   မကြာသေးမီအချိန်အတွင်းက ယူကရိန်းမှာ ဓါတုပစ္စည်းနဲ့ ဇီ၀လက်နက် ဓါတ်ခွဲခန်းတွေရှိတယ်ဆိုတဲ့ ရုရှားရဲ့ စိတ်ပျက်ဖွယ်ပြောဆိုမှုတွေကို ကြားသိခဲ့ရကြောင်း၊ ဒီလိုလုပ်ကြံပြောဆိုမှုတွေအောက်မှာ ရုရှားဟာ ဓါတုလက်နက်တွေ သုံးနိုင်တဲ့ အစီအစဉ်ရှိလာနိုင်တာကြောင့် မိမိတို့ နိုးနိုးကြားကြားရှိနေရမယ်လို့ နေတိုးအကြီးအကဲက ဂျာမန်သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောဆိုပါတယ်။   ရုရှားဟာ ယူကရိန်းမှာ ဓါတု သို့မဟုတ် ဇီ၀လက်နက်အသုံးပြုတာ သို့မဟုတ် ဒါတွေကိုအသုံးပြုပြီး ယူကရိန်းကို စွပ်စွဲတိုက်ခိုက်မှုပြုနိုင်ခြေနဲ့ပတ်သက်ပြီး စောင့်ကြည့်ရမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ပက်စကီကလည်း ပြောဆိုထားပါတယ်။   အမေရိကန်ကတော့ ရုရှားရဲ့ခြိမ်ခြောက်မှုခံနေရတဲ့ ယူကရိန်းအတွက် ဒေါ်လာသန်း ၂၀၀ ဖိုးရှိတဲ့ လက်နက်တွေ ထပ်မံထောက်ပံ့ပေးမယ်လို့ နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က မတ် ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

ဒါရိုက်တာမိုက်တီး နေအိမ်မှာ ဖမ်းဆီးခံရ

မတ် ၁၃-၂၀၂၂ KK(VOM)   ဒါရိုက်တာမိုက်တီးကို ရန်ကင်းမြို့နယ်၊ ၁၆ရပ်ကွက်၊ ဘောက်ထောက်က နေအိမ်မှာ မနေ့ မတ်လ ၁၂ရက် ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းက သိရပါတယ်။   ဒါရိုက်တာမိုက်တီးကို ရန်ကင်းမြို့နယ်၊ ဘောက်ထော်က နေအိမ်မှာ တာမွေမြို့နယ်ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်က VOMကိုပြောပါတယ်။   “သတင်းက မှန်ပါတယ် ညကလာဖမ်းတာ၊ တာမွေ ရဲစခန်းက လာဖမ်းတာ၊ အခုတာမွေရဲစခန်းမှာပါ”လို့ သူကပြောပါတယ်။   လက်တလောမှာ တာမွေမြို့နယ်ရဲစခန်းက ဒါရိုက်တာမိုက်တီး(ခ)ဦးသန်းထွန်းဇော်ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။   တာမွေမြို့နယ်ရဲစခန်းက ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ရက်နေ့ညကလည်း ဒါရိုက်တာမိုက်တီးကို မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခဲ့ပြီး တရားရင်ဆိုင်ရကာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်မြောက်လာသူတဦးလည်းဖြစ်ပါတယ်။   ဒါရိုက်တာမိုက်တီးဟာ ယခင်…

Read More

ကျင်စန်းကျော့ဂိတ် ပြန်ဖွင့် ၊ ကိုဗစ် စစ်ဆေးမှုတွေ အဆင့်ဆင့်လုပ်ရတဲ့အပြင် အသီးအနှံကိုပါ ပိုးစစ်ဆေးမှု ရှိ

မတ် ၁၃-၂၀၂၂ GG (VOM)   ယာယီပိတ်ထားတဲ့ မူဆယ်ကျင်စန်းကျော့နယ်စပ်ဂိတ်ကို တရုတ်ဘက်ကပြန်ဖွင့်ပေးလိုက်တာကြောင့်နှစ်နိုင်ငံ ကုန်သွယ်မှုတွေ ပြန်လုပ်နေပြီလို့ သိရပါတယ်။   နယ်စပ်ဂိတ်ကနေ ကုန်သွယ်ခွင့်ပြန်လည်ခွင့်ပြုလိုက်ပေမယ့် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်နဲ့ ဆေးစစ်မှုတွေကတော့ အဆင့်ဆင့်လုပ်ဆောင်ရတာကြောင့် တရုတ်ဘက်ခြမ်းမှာတင် အချိန် ရက်သတ္တပတ်လောက်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။   ” သူတို့သိမှတ်ထားတဲ့နေရာမှာ သက်မှတ်နာရီအတိုင်းပိုးသတ်ဖို့ရပ်နားရမယ်၊နောက်ပြီး ဆေးစစ်ပြီး ဆေးအောင်တဲ့ ကားတွေက အကောက်ခွန်လုပ်ငန်းဆောင်ရွက်ရမယ်၊F ဇုန်မှာ ဆေးထပ်စစ်မယ်၊ပြီးရင်ရောင်း။ရောင်းပြီးကားချိန်း။ပိုးထပ်စစ်။ဆေးအောင်မှပြည်မကြီးထဲ တင်ပို့ခွင့်ရမှာဖြစ်တယ် “လို့ မြန်မာကုန်သည်လုပ်ငန်းရှင်တဦးကပြောပါတယ်။   ဒါ့အပြင် မြန်မာဘက်ကနေတင်ပို့မယ့် အသီးအနှံတွေကိုလည်း ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးမှုတွေရှိတယ်လို့ သိရပါတယ်။   ” စစ်ဆေးမှုတွေကတော့ ရှိတယ်၊ဒီဘက်က မြန်မာယာဉ်မောင်းတွေဝင်လို့မရဘူး။သူတို့တရုတ်ယာဉ်မောင်းပဲရတယ်။တရုတ်ဘက်ရောက်ရင် အသီးတွေကိုလည်း ပိုးစစ်တယ်လို့ကြားတယ်၊ ရှန်တိန်တွေနဲ့ပဲ ကုန်သွယ်မှုလုပ်နေရတုန်းပဲ။ ဂိတ်ကတော့ မနေ့ကညနေ ၃ နာရီမှာ ပြန်ဖွင့်တာ “လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင်…

Read More

စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ရန်ကုန်-ကလေး ကားခတွေ သိန်းဂဏန်းအထိ မြင့်တက်

မတ် ၁၂-၂၀၂၂ KK(VOM)   စက်သုံးဆီစျေးမြင့်တက်လာတာကြောင့် ရန်ကုန်-ကလေး ကားလက်မှတ်တွေ သိန်းချီ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကလေး ကနေ ရန်ကုန်အသွားနဲ့ ရန်ကုန်ကနေ ကလေး သို့ အပြန်လက်မှတ်စျေးတွေလည်း ဈေးနူန်းမတူသလို နေ့စဥ်ထွက်တဲ့ကားတွေရှိနေပြီး အလှည့်ကျရက်နဲ့ထွ က်တဲ့ကားတွေလည်းရှိတယ်လို့ အောင်မေတ္တာရပ်ကွက်နေသူတဦးက ပြောပါတယ်။   “ဟိုအရင်က ငါးသောင်း အခုနောက်ပိုင်း ရှစ်သောင်း တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းအထိ ပေါက်တယ်”လို့ သူကပြောပါတယ်။   ရန်ကုန်မှကလေးမြို့သို့ သွားရောက်သူတစ်ဦးက”ရန်ကုန်ကနေ သွားရင် အောင်မင်္ဂလာအဝေးပြေးမှာ လက်မှတ်ဝယ်ရင် ရှစ်သောင်းပဲပေးရတယ်၊ ဒါပေမယ့် တိုက်ရိုက်မရောက်ဘူး မုံရွာကနေတဆင့် ချိန်းပေးတာ”လို့ ပြောပါတယ်။   ရန်ကုန်-ကလေး ကားလက်မှတ်တွေ ဝယ်ယူရာမှာ ကားလေး၊ကားကြီးအပေါ်မူတည်၍ ကားလက်မှတ်ခတွေ ပြောင်းလဲသွားတာဖြစ်တယ်လို့ ရန်ကုန်-ကလေး ကားဂိတ်မှ တာဝန်ရှိသူတဦးကပြောပါတယ်။   “ကလေးဆို အနောက်က တစ်သိန်း…

Read More

မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှာ တရားမဝင် သစ်တွေ သယ်လာတဲ့ ကား ၁၁ စီး နဲ့ လူ ၁၆ ယောက် အဖမ်းခံရ

မတ် ၊ ၁၂ -၂၀၂၂ SP(VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ဂွေချောင်းကျေးရွာအနီး မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းမှာ မနေ့ မတ် ၁၁ ရက် ညနေပိုင်းမှာ သစ်ခွဲသားဆိုက်စုံကို တရားမဝင် သယ်ဆောင်လာတဲ့ ကား ၁၁ စီးကို နယ်မြေခံ သစ်တောဘိနယ်အဖွဲနဲ့ လမ်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သစ်တောအသိုင်းအဝိုင်းဆီက သိရပါတယ်။   ” သစ်တန်ချိန် ခန့်မှန်း တန် ၃၀ ကျော်မယ် ၊ မြေပြင်တိုင်းတာတော့ မလုပ်ရသေးဘူး ၊ကား ၁၁ စီးနဲ့ လူ ၁၆ က သယ်ဆောင်လာတာဖြစ်တယ် “လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။   ပြီးခဲ့တဲ့နှစ် မတ်လစကလို့ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ် အကြားမှာရှိတဲ့…

Read More

အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်ကို ဒုံးကျည်တစ်စင်းကို မှားယွင်းပစ်ခတ်ခဲ့

ဒေလီ၊ မတ်-၁၂-၂၀၂၂ မျိုးဆက်(VOM)   အိန္ဒိယစစ်ဘက်ဟာ ပါကစ္စတန်ဘက်သို့ ဒုံးကျည်တစ်စင်းကို မတ် ၁၁ ရက်မှာ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်စဉ်အတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့်လို့ အိန္ဒိယဘက်က ပြောပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လွန်စွာစိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဖြစ်စဉ်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုရှိဘူးလို့ အိန္ဒိယဘက်ကပြောပါတယ်။   အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။   ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း မီယန်ချန်နူမြို့အနီးသို့ အလွန်မြန်တဲ့နှုန်းနဲ့ ပျံသန်းလာတဲ့ အရာ၀တ္တုတစ်ခု ပျက်ကျခဲ့ပြီး သူ့ရဲ့ပျံသန်းမှုလမ်းကြောင်းဟာ ခရီးသည်တင်လေယာဉ်တွေအတွက် အန္တရာယ်ရှိခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်ကပြောပါတယ်။   ၂၀၂၂ ခုနှစ်မတ်လ ၉ ရက်မှာ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်နေစဉ်အတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့် ဒုံးကျည်တစ်စင်း မတော်တဆပစ်ခတ်မိခဲ့တာဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အိန္ဒိယ အဆင့်မြင့်တရားရုံးတစ်ခုကို…

Read More

လူရွှင်တော်သရုပ်ဆောင် ဖိုးဖြူ ကွယ်လွန်

မတ် ၁၂-၂၀၂၂ KK(VOM)   လူရွှင်တော်သရုပ်ဆောင် ဖိုးဖြူဟာ မနေ့ မတ်လ ၁၁ရက် ည ၇ နာရီဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ် OSC ဆေးရုံမှာ အဆုတ်ရောဂါနဲ့ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားတယ် ရုပ်ရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။   ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ လူရွှင် တော်ဦးဖိုးဖြူရဲ့ နာမည်အရင်းမှာ ဦးဖြူဝင်းရွှေလို့ သိရပါတယ်။   ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသားများစုစည်း၍ ၁၉၈၅ ခုနှစ်မှာ ဇာဂနာ (ကိုသူရ)က မြပုဏ္ဏမာအမည်နဲ့ အငြိမ့်ကဖို့ စီစဉ်ခဲ့ရာ လူရွှင်တော်ဦးဖိုးဖြူလည်းပါဝင်ခဲ့ပါတယ်။   သရုပ်ဆောင်လူရွှင်တော်ဦးဖိုးဖြူ ကွယ်လွန်တာနဲ့ပတ်သက်ပြီး လူရွှင်တော်ဦးဇာဂနာက “ကျွန်တော်တို့အဖွဲ့ထဲမှာ သူကအသက်အကြီးဆုံး၊ အားလဲနာတယ် ခင်လဲခင်တယ်ဆိုတဲ့ ပြက်လုံးကို သူရှာလာခဲ့တာ၊ သူ့ရဲ့ပထမနာမည်က မီးဇာ၊ ဖိုးဖြူ လို့ ကျွန်တော်ပြောင်းပေးခဲ့တာ၊ အခုတော့ မြပုဏ္ဏမာကို ဒုတိယမြောက်ခွဲခွာသူပေါ့”လို့ လူမှုကွန်ရက်စာမျက်နှာမှာ…

Read More
VOM News

FREE
VIEW