မန္တလေး-ထုံးဘိုကားလမ်းမှာ ယာဥ်တိမ်းမှောက်ပြီး လူ(၃)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ

ဧပြီ ၄-၂၀၂၂
KK(VOM)

မန္တလေးမြို့၊ ထုံးဘိုကားလမ်း၊ မင်းစုရွာအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက အိမ်စီးယာဥ်တစီး တိမ်းမှောက်ခဲ့ရာ လူ(၃)ဦးသေဆုံးပြီး၊ (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

မုံရွာကနေ မန္တလေးမြို့ကို ပြန်လာတဲ့မိသားစုတွေဟာ အုန်းချောရွာနဲ့မြစ်ငယ်မြို့ကြားရှိ ထုံးဘိုလမ်းပေါ်မှာ ယာဥ်တိမ်းမှောက်ပြီး အခုလို သေဆုံး၊ဒဏ်ရာရတာဖြစ်တယ်လို့ သွားရောက်ကူညီပေးတဲ့ ရွှေမဥ္ဓူပရဟိတအသင်းကနေ သိရပါတယ်။

ရွှေမဥ္ဓူပရဟိတအသင်းမှ ကိုစိုင်းသန်းထိုက်က “သုံးဦးသေတယ် နှစ်ဦးက ဒဏ်ရာရတယ်၊ ဒဏ်ရာ ရသူတွေကလည်း စိုးရိမ်ရတယ်၊ အခု သေတဲ့သူရော ဆေးရုံကို ပို့နေတယ်”လို့ ပြောပါတယ်။

အဲဒီယာဥ်တိမ်းမှောက်ကို ရွှေမဥ္ဓူအသင်းနဲ့အတူ လောကပါလအသင်း-ထာဝရတွဲလက်အသင်း ဖြူစင်မေတ္တာအသင်း တို့ကလည်း သွားရောက်ကူညီပေးခဲ့ကြတာဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ယာဥ်တိမ်းမှောက်ရာမှာ အမျိုးသမီး(၂)ဦးနဲ့အမျိုးသား(၁)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ(၂)ဦးကို မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း နေပြည်တော်၊ ဇမ္မူသီရီမြို့နယ်မှာ ယာဥ်တိမ်းမှောက်မှုကြောင့် လူ၅ဦးသေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ပုသိမ်-ချောင်းသာလမ်းမှာ မတ်လ ၁၉ ရက်နေ့က ကံထူးအောင် Expressကားနဲ့ ပရိုဘောက်ကားတို့ တိုက်မိခဲ့ရာ ပရိုဘောက်ကားမီးလောင်ပြီးယာဥ်ပေါ်ပါသူ ၇ ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။

#VOM #voiceofmyanmar #မန္တလေးထုံးဘိုကားလမ်း #ယာဉ်တိမ်းမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW