ရေစကြိုမှာ စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပြီး မိုင်းလာရှင်းသူ ၂ ဦး ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပခန်းကြီး စံပြကျေးရွာ ၊ ပခန်းကြီး အထက်တန်းကျောင်းဝန်းအနီး ရေစကြို-ပခုက္ကူ ကားလမ်းပေါ်မှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးအဖွဲ့က လူ ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ပခန်းကြီးရွာခံတွေဆီက သိရပါတယ်။

စာမေးပွဲ ကြီးကြပ်သူတဦးက ” ကျောင်းဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ ပခန်းကြီးမြို့ဟောင်း အဝင်မုခ်တံခါးနားမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း အမျိုးအစား ၁ လုံး ထပ်မံတွေ့ရလို့ ရှင်းလင်းဖယ်ရှားတဲ့အခါ မိုင်းရှင်း လုံခြုံရေး ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ် ” လို့ ပြောပါတယ်။

” ကလေးတွေ စာမေးပွဲဖြေဆိုပြီး ကျောင်းပြန်ထွက်ချိန် ၁၂ နာရီ ဝန်းကျင်မှာ ပေါက်ကွဲတာပါ “လို့ ကျောင်းသားမိဘတယောက်ကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တနင်္သာရီတိုင်း ရေဖြူမြို့၊ ရေဖြူအထက်တန်းကျောင်းနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ ၊ မြောက်အင်း အထကကျောင်းတို့မှာ စာမေးပွဲဖြေဆိုချိန်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါသေးတယ်။

ပုံစာ-ပေါက်ကွဲတဲ့နေရာ
#VOM #voiceofmyanmar #ရေစကြို #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW