ယူကရိန်းစစ်ပွဲကြောင့် အာရှရဲ့စီးပွားရေး ပိုမိုနှေးကွေးဖွယ်ရှိကြောင်း အေဒီဘီဘဏ် သတိပေး

မနီလာ၊ ဧပြီ-၆-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုကြောင့် အာရှဒေသရဲ့စီးပွားရေးဟာ ယခုနှစ်အတွင်းမှာ ခန့်မှန်ထားတာထက် ပိုမိုနှေးကွေးနိုင်ဖွယ်ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) က သတိပေးလိုက်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးတွေနာလန်ပြန်ထူဖို့ ရုန်းကန်နေရချိန်မှာ ယူကရိန်းစစ်ပွဲကြောင့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေ လွဲချော်သွားနိုင်တယ်လို့ အေဒီဘီဘဏ်က ခန့်မှန်းထားပါတယ်။

တရုတ်နဲ့ အိန္ဒိယအပါအ၀င် အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာနိုင်တယ်လို့ အေဒီဘီဘဏ်က မျှော်မှန်းထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ခန့်မှန်းချက်မှာတော့ အာရှရဲ့ စီးပွားရေးဟာ ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာဟာ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်နေရကြောင်း အေဒီဘီဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ အာရှဒေသရဲ့စီးပွားရေးဟာ ၅ ဒသမ ၃ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW