ရွှေရည် …. သရဖီ၊ အမှီအလွမ်း

ဆူးငှက် “ဟောင်းရွက်ညှာ ခါလှစ်လို့ တာသစ်တဲ့ နံ့ကြိုင် သုတ်ဖြူးလေဆော်က ပန်းကံ့ကော် ဝတ်မှုံကျင်း သင်းတယ်လို့လှိုင်။ ကြယ်နှစ်ဆိုင် သွယ်ပြိုင်လို့ပဝင်း စိတ္တရယ်နှင့် ငွလသော်တာတို့ ယုဂန်ချာတောင်တော်စွန်းမှာ… ထွန်းထိန်လို့လင်း..” နေ့ပူလိုက်..၊ ညချမ်းလိုက်နှင့် တစာစာ သီဆိုနေသော သင်္ကြန်တေးသွားများကို နားထောင်ရင်း တန်ခူးလက ကြိုဆိုနေလေပြီ။ တောင်လေအဝှေ့မှာ ရွက်ဆုတ်ပြက္ခဒိန်စာရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေကျသွားတာမြန်ဆန်လွန်းလှသည်။ ငြီးငွေ့ဖွယ်နွေဦးကို လူးလိမ့်ခံစားရင်း သရဖီရနံံ့ကို သင့်ခနဲရလိုက်တော့ ရင်ထဲမှာလည်း ငယ်လွမ်း ဝေဒနာက ထလာပြန်၏။ ဟောသည်လို ရာသီပေါ့လေ…။ ×××××× ××××× “မြိုင်ခြေငယ်သင်းပါလို့ အင်ကြင်းငယ်ရွှေဖီ ဝတ်မှုန်ငယ်စီသည် မြစ်နဒီသောင်တခိုက မောင်မယ်ညို မူးပြန်တော့တယ်လေး…” နေသည် ဒက္ခိဏယာဉ်စွန်းတန်းဆီသို့ တိမ်းညွတ် ယိမ်းယိုင်နေရာမှ ခေါင်းထောင်ထူမတ်လာ၏။ ထိုအခါ တောင်လေးက သြဘာပေးသည်။ နည်းနည်းလေး ထူမတ်လာသည်နှင့် အပူစွမ်းက သိသိသာသာပြသည်။ သစ်ပင်သစ်တောတချို့ ရွက်ကြွေခါချ ပူပန်ကြ၏။ သစ်ပင်သစ်တော…

Read More

ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေအပေါ် မူဝါဒ အပြောင်းအလဲကြောင့် ပဲနှမ်းဈေးကွက် အတွင်း အရောင်းအဝယ် ခဏ ရပ်တန့်သွားပေမယ့် ပို့ကုန်ပဲတွေ အမြင့်ဈေးဖြင့် အရောင်းအဝယ် ပြန်ကောင်းနေ

မန္တလေး ဧပြီ ၆ -၂၀၂၂ SM(VOM) ဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ ဒေါ်လာငွေအပေါ် မူဝါဒ အပြောင်းအလဲကြောင့် ပဲနှမ်းဈေးကွက် အတွင်း အရောင်းအဝယ် ခဏ ရပ်တန့်သွားပေမယ့် ပို့ကုန်ပဲတွေတော့ အမြင့်ဈေးနဲ့ အရောင်းအဝယ် ပြန်ကောင်းနေတယ်လို့ ပဲကုန်သည်တွေဆီက သိရပါတယ်။ ဧပြီ ၃ ရက်နေ့က ပြည်ပကနေ ဝင်ရောက်တဲ့ နိုင်ငံခြားငွေတွေကို တစ်ရက် အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမှာဖြစ်ပြီး တဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၅၀ အဖြစ် ဗဟိုဘဏ်က သက်မှတ်လိုက်လို့ ပြည်တွင်းပို့ကုန်သမားတွေ အရောင်းအဝယ် ရပ်တန့်သွားခဲ့ပါတယ်။ ပို့ကုန်သမား အများစုဟာ တင်ပို့ကုန်ကို ကြိုတင်ဝယ်ယူသိုလှောင် တင်ပို့ကြတာမျိုးဖြစ်လို့ခုလို ရုတ်တရက် သက်မှတ်လိုက်ခြင်းက ပို့ကုန်သမားတွေအပေါ်ထိခိုက်မှုများရှိကြောင်း ပြောဆိုနေကြပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် ပို့ကုန်ပဲတွေဟာ အရောင်းအဝယ်ပြန်လည်းကောင်းမွန်လာကြောင်းနဲ့ ပို့ကုန်ပဲတွေအမြင့်ဈေးပြန်ဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ…

Read More

ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ ကျွဲ၊နွားသယ်လာတဲ့ကား ချောက်ထဲထိုးကျပြီး လူသေဆုံးမှုရှိခဲ့

ဧပြီ ၊ ၆-၂၀၂၂ SP (VOM) ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်အကြား၊ အာရှလမ်းမကြီး၊ ကော့နွဲတံတား အလွန် ကျောက်ခွဲစက်အနီး ချောက်ထဲကို ဒီကနေ့ မနက်၉ နာရီဝန်းကျင်က ကျွဲနွားသယ်ဆောင်လာတဲ့ ကားတစ်စီး ထိုးကျခဲ့ပြီး လူသေဆုံးတာတွေရှိတယ်လို့ ပုလဲဖြူ လူမှုကူညီရေး အသင်းဆီက သိရပါတယ်။ ” အပျက်အစီးများတယ် ၊ ကားထဲမှာ ပိတ်မိ ညှပ်နေတဲ့ လူနာတစ်ဦးကို အခုဆေးရုံပို့နေတာပါ ၊ ညှပ်နေတဲ့ ကျန်ကားသမားကိုတော့ မီးသတ်ကယ်ဆယ်ရေးအဖွဲ့က ကရိန်းတွေနဲ့ လုပ်နေတုန်း ” လို့ ပုလဲဖြူ လူမှုကူညီရေးအသင်း ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် ချောက်ထဲထိုးကျတဲ့ ကျွဲနွားသယ်ဆောင်လာတဲ့ကားဟာ ၆ ဘီးယာဥ်အမျိုးအစားဖြစ်ပြီး ကားပေါ်ပါ လူ ၂ ဦးအနက် တစ်ဦး ဒဏ်ရာရ ၊ တစ်ဦး သေဆုံးကာ ကျွဲ၊နွား…

Read More

မုံရွာ စီးပွားရေးတက္ကသိုလ်နားမှာ ပေါက်ကွဲမှုဖြစ်ပြီး အိမ်စီးကားထိမှန်ကာ ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဧပြီ ၊ ၆-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စီပွားရေးတက္ကသိုလ်အနီး မြို့ရှောင်လမ်းမှာ ဒီကနေ့ ညနေ၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး အိမ်စီးကား ၁ စီးထိမှန်ကာ ကားပေါ်ပါ လာသူ လူတချို့ သေဆုံး၊ဒဏ်ရာရတယ်လို့ ရွှေဇလုပ်ရပ်ကွက်ခံတွေဆီက သိရပါတယ်။ ” လမ်းဘေးထောင်မိုင်း ပေါက်ကွဲပြီး သွားလာနေတဲ့ အိမ်စီးကားထိမှန်လို့ လူသေဆုံး ၊ ဒဏ်ရာရတာ ” လို့ မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို သွားရောက်ကူညီပေး ခဲ့တဲ့ ပရဟိတသမားတယောက်က ” ကျောက္ကာ မြောက်ရွာက အိမ်စီးကား Mark(2) Crown အဖြူရောင်ကို မိုင်းထိမှန်တာပါ ၊ ကားပေါ်မှာက မူလွန်ကျောင်းအုပ် အငြိမ်းစား ဆရာမကြီး ဒေါ်ခင်မိုးကတော့ မိုင်းစထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ် ၊…

Read More

ခရီးသွားလာသူတွေကို ကိုဗစ်ဆေးထိုးလက်မှတ်နဲ့ မှတ်ပုံတင်တွေ စစ်ဆေးနေတာကြောင့် အခက်အခဲဖြစ်နေ

ဧပြီ ၆၊ ၂၀၂၂ Shy V(VOM) မန္တလေး – လားရှိုး အဝေးပြေးလမ်းမပေါ်မှာ ဧပြီလ လဆန်းပိုင်းကစပြီး ခရီးသွားလာသူတွေကို ကိုဗစ်ဆေးထိုးလက်မှတ်နဲ့ မှတ်ပုံတင်တွေ စစ်ဆေးနေတာကြောင့် ကားတွေ ပိတ်မိတာနဲ့ နာရီကြာကြာ စောင့်ဆိုင်း‌နေကြရလို့ အခက်အခဲဖြစ်နေရတယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ မန္တလေး – ပြင်ဦးလွင်ကြား၊ ၂၂ မိုင် ဇီးပင်ကြီးမှာ ကိုဗစ်ဆေးထိုးလက်မှတ်နဲ့ မှတ်ပုံတင်တွေ စစ်ဆေးနေတာကြောင့် ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက ကားတွေ ရာနဲ့ချီစောင့်ဆိုင်း ပိတ်မိ‌ခဲ့တယ်လို့ ယာဉ်မောင်း တဦးက ပြောပါတယ်။ “ကားတွေ ၁ နာရီကြာ နေပူထဲရပ်စောင့်နေရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေလည်းပါလို့ အခက်အခဲဖြစ်ရတယ်။”လို့ သူက ပြောပါတယ်။ မန္တလေးကနေ လားရှိုးအတက် ပြင်ဦးလွင် ၂၂ မိုင်ဇီးပင်ကြီးဂိတ်မှာ စစ်ဆေးတာဖြစ်ပြီး အဆင်းကိုတော့ ပိတ်ချင်းမြောင်ရဲစခန်းရှေ့မှာ…

Read More

တောင်ဥက္ကလာပ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး သိန်းနှစ်ထောင်ကျော်ပါသွား

ဧပြီ ၆-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဒီကနေ့ နေ့လယ်ပိုင်းက အမည်မသိသူတွေက ဓားပြတိုက်ခဲ့ရာ ငွေသိန်းနှစ်ထောင်ကျော်ပါသွားတယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ကို ဒီကနေ့ နေ့လယ် တစ်နာရီခွဲ အမည်မသိအမျိုးသားလေးဦးက ကားတစ်စီးနဲ့ရောက်လာပြီး ဘဏ်လုံခြုံရေးဝန်ထမ်းနှစ်ဦးကို ကျင်စက်နဲ့တို့၊ သေနတ်ပြကာ ကောင်တာပေါ်မှာ တင်ထားတဲ့ ငွေသိန်းနှစ်ထောင်ကျော်ကို ယူသွားတယ်လို့ အမည်မဖော်လိုသူရဲတဦးက ပြောပါတယ်။ “မီးပြတ်တဲ့အချိန် ကားနဲ့ရောက်လာပြီး ဘဏ်ဝန်ထမ်းနှစ်ဦးကို ကျင်စက်နဲ့တို့ပြီး နှစ်ယောက်က သေနတ်ပြပြီး ကောင်တာပေါ်မှာ တင်ထားတဲ့ ပိုက်ဆံကိုယူသွားတာ၊ သိန်းနှစ်ထောင်လို့ သိရတယ်”လို့ သူကပြောပါတယ်။ အဲ့ဒီဓားပြတိုက်ခံရမှုနဲ့ပတ်သတ်ပြီး VOMက တောင်ဥက္ကလာ KBZ ဘဏ်ကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက တောင်ဥက္ကလာ KBZ ဘဏ်အတွင်းနဲ့ အနီးတစ်ဝိုက်မှာ ကားတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက…

Read More

ကုလသမဂ္ဂ ဖျက်သိမ်းဖို့အစီအစဉ်မရှိရင် ရုရှားကိုအရေးယူဖို့ ယူကရိန်းသမ္မတ တိုက်တွန်း

ကိယက်ဗ်၊ ဧပြီ-၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားစစ်တပ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ရာဇ၀တ်မှုတွေကို ကျူးလွန်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။ ယူကရိန်းအရပ်သားအများအပြား သတ်ဖြတ်ခံခဲ့ရပြီး ရုရှားတပ်ဖွဲ့၀င်တွေဟာ အရပ်သားတွေကို အပျော်သဘောနဲ့ တင့်ကားတွေအသုံးပြုသတ်ဖြတ်ခဲ့တယ်လို့ သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗီဒီယိုကတဆင့် မိန့်ခွန်းပြောရာမှာ ပြောဆိုပါတယ်။ ကုသလမဂ္ဂကို ဖျက်သိမ်းဖို့ အဆင်သင့်ဖြစ်နေပြီးလား၊ နိုင်ငံတကာ ဥပဒေတွေ ကျရှုံးတဲ့အချိန်ရောက်ပြီလား။ ဒီမေးခွန်းတွေရဲ့အဖြေက မဟုတ်ဘူးဆိုရင် ရုရှားကို ချက်ချင်းအရေးယူရမှာဖြစ်ပြီး တာ၀န်ခံမှုကိုရှောင်လွှဲလို့မရဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကုလသမဂ္ဂမှာ ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရရှိထားတဲ့ ဗီတိုအာဏာကို လူသတ်ခွင့်အဖြစ်ပြောင်းလဲနေတဲ့ နိုင်ငံတနိုင်ငံနဲ့ မိမိတို့ ရင်ဆိုင်နေရတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ အရပ်သားရာချီပြီး သတ်ဖြတ်ခံရတဲ့ ဓါတ်ပုံတွေနဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း သမ္မတက မိန့်ခွန်းပြောပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ သေဆုံးနေတဲ့…

Read More

ယူကရိန်းစစ်ပွဲကြောင့် အာရှရဲ့စီးပွားရေး ပိုမိုနှေးကွေးဖွယ်ရှိကြောင်း အေဒီဘီဘဏ် သတိပေး

မနီလာ၊ ဧပြီ-၆-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုကြောင့် အာရှဒေသရဲ့စီးပွားရေးဟာ ယခုနှစ်အတွင်းမှာ ခန့်မှန်ထားတာထက် ပိုမိုနှေးကွေးနိုင်ဖွယ်ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) က သတိပေးလိုက်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးတွေနာလန်ပြန်ထူဖို့ ရုန်းကန်နေရချိန်မှာ ယူကရိန်းစစ်ပွဲကြောင့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေ လွဲချော်သွားနိုင်တယ်လို့ အေဒီဘီဘဏ်က ခန့်မှန်းထားပါတယ်။ တရုတ်နဲ့ အိန္ဒိယအပါအ၀င် အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာနိုင်တယ်လို့ အေဒီဘီဘဏ်က မျှော်မှန်းထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ခန့်မှန်းချက်မှာတော့ အာရှရဲ့ စီးပွားရေးဟာ ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာဟာ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်နေရကြောင်း အေဒီဘီဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ၂၀၂၃…

Read More

ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ပြစ်ဒဏ်ချမှတ်

ဧပြီ ၆-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုလုပ်တယ်ဆိုပြီး စွဲဆိုထားတဲ့အမှုအတွက် တစ်ယောက်ကို ငွေဒဏ် ၅ သောင်းစီပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဆီက သိရပါတယ်။ သူတို့ကို့ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက စစ်တွေ အကျဉ်းထောင်အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့က အထက်တန်းရှေ့နေဦးကျော်စိုးလငါ်က ” သူတို့ကို ဒီနေ့အမိန့်ချလိုက်ပါတယ်။ ထောင်ဒဏ် ၄ လအစား ငွေဒဏ် ၅ သောင်း ဆောင်တယ်”လို့ ပြောပါတယ်။ ဦးညီပုရဲ့သမီးဖြစ်သူ မကြည်ကြည်ဦးက သူ့ရဲ့ဖခင်ဖြစ်သူကို ​ပြန်လွှတ်ပေးဖို့အတွက်လည်း တောင်းဆိုပါတယ်။ ” ကျမတို့က အဖေနဲ့တွေ့ဖို့ စစ်တွေကိုလည်း မလာနိုင်ဘူး။ လမ်းခရီးစရိတ်တွေက အရမ်းများတယ်။ လာရင်လည်း တွေ့ရမှာ မဟုတ်တဲ့အတွက် မလာဖြစ်ဘူး။ ပြစ်ဒဏ်ချတာနဲ့ ပတ်သက်ပြီး…

Read More

ဟိုက်ပါဆိုးနစ်လက်နက် သုတေသနတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျ ထုတ်ပြန်

လန်ဒန်၊ ဧပြီ-၆-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတို့ဟာ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်တွေနဲ့ အဲဒီလက်နက်တွေကို ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ သုံးနိုင်ငံ သဘောတူညီချက်ဖြစ်တဲ့ AUKUS ပူးပေါင်းဆောင်ရွက်မှု စာချုပ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဟိုက်ပါဆိုးနစ်လက်နက်တွေ ထုတ်လုပ်နေပြီး ပြီးခဲ့တဲ့လက ယူကရိန်းမှာ ရုရှားက ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို အသုံးပြုပြီးနောက်မှာ ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျတို့ အဲဒီလက်နက်တွေနဲ့ ပတ်သက်ပြီး သုတေသနတွေ တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဟိုက်ပါဆိုးနစ်လက်နက်တွေဟာ သူတို့ရဲ့ အမြန်နှုန်းနဲ့ အမြင့်ရောက်နိုင်စွမ်းတွေကြောင့် မြေပြင်အခြေစိုက် ရေဒါတွေကနေ ရှောင်လွှဲနိုင်ပြီး ခုခံကာကွယ်ဖို့ ခက်ခဲပါတယ်။ ဗြိတိန်မှာတော့ လက်ရှိမှာ ဟိုက်ပါဆိုးနစ်ဒုံးကျည် ပိုင်ဆိုင်ခြင်းမရှိသေးပါဘူး။ အမေရိကန်နဲ့ သြစတြေးလျတို့ကတော့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ရှိနှင့်ပြီးသား ပူးတွဲအစီအစဉ်တခုရှိပါတယ်။ Ref:…

Read More
VOM News

FREE
VIEW