ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ ကျွဲ၊နွားသယ်လာတဲ့ကား ချောက်ထဲထိုးကျပြီး လူသေဆုံးမှုရှိခဲ့

ဧပြီ ၊ ၆-၂၀၂၂
SP (VOM)

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်အကြား၊ အာရှလမ်းမကြီး၊ ကော့နွဲတံတား အလွန် ကျောက်ခွဲစက်အနီး ချောက်ထဲကို ဒီကနေ့ မနက်၉ နာရီဝန်းကျင်က ကျွဲနွားသယ်ဆောင်လာတဲ့ ကားတစ်စီး ထိုးကျခဲ့ပြီး လူသေဆုံးတာတွေရှိတယ်လို့ ပုလဲဖြူ လူမှုကူညီရေး အသင်းဆီက သိရပါတယ်။

” အပျက်အစီးများတယ် ၊ ကားထဲမှာ ပိတ်မိ ညှပ်နေတဲ့ လူနာတစ်ဦးကို အခုဆေးရုံပို့နေတာပါ ၊ ညှပ်နေတဲ့ ကျန်ကားသမားကိုတော့ မီးသတ်ကယ်ဆယ်ရေးအဖွဲ့က ကရိန်းတွေနဲ့ လုပ်နေတုန်း ” လို့ ပုလဲဖြူ လူမှုကူညီရေးအသင်း ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ချောက်ထဲထိုးကျတဲ့ ကျွဲနွားသယ်ဆောင်လာတဲ့ကားဟာ ၆ ဘီးယာဥ်အမျိုးအစားဖြစ်ပြီး ကားပေါ်ပါ လူ ၂ ဦးအနက် တစ်ဦး ဒဏ်ရာရ ၊ တစ်ဦး သေဆုံးကာ ကျွဲ၊နွား တချို့လည်း သေဆုံးကာ ဒဏ်ရာရတယ်လို့ သိရပါတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ အခုလို ယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ #အာရှလမ်း #ချောက်ထဲကျ #လူသေဆုံးမှုရှိ

Related posts

Leave a Comment

VOM News

FREE
VIEW