ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ပြစ်ဒဏ်ချမှတ်

ဧပြီ ၆-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုလုပ်တယ်ဆိုပြီး စွဲဆိုထားတဲ့အမှုအတွက် တစ်ယောက်ကို ငွေဒဏ် ၅ သောင်းစီပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေဆီက သိရပါတယ်။

သူတို့ကို့ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက စစ်တွေ အကျဉ်းထောင်အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။

အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့က အထက်တန်းရှေ့နေဦးကျော်စိုးလငါ်က ” သူတို့ကို ဒီနေ့အမိန့်ချလိုက်ပါတယ်။ ထောင်ဒဏ် ၄ လအစား ငွေဒဏ် ၅ သောင်း ဆောင်တယ်”လို့ ပြောပါတယ်။

ဦးညီပုရဲ့သမီးဖြစ်သူ မကြည်ကြည်ဦးက သူ့ရဲ့ဖခင်ဖြစ်သူကို ​ပြန်လွှတ်ပေးဖို့အတွက်လည်း တောင်းဆိုပါတယ်။

” ကျမတို့က အဖေနဲ့တွေ့ဖို့ စစ်တွေကိုလည်း မလာနိုင်ဘူး။ လမ်းခရီးစရိတ်တွေက အရမ်းများတယ်။ လာရင်လည်း တွေ့ရမှာ မဟုတ်တဲ့အတွက် မလာဖြစ်ဘူး။ ပြစ်ဒဏ်ချတာနဲ့ ပတ်သက်ပြီး အဲ့ဒါတွေက သူတို့လုပ်နေကျဖြစ်တဲ့အတွက် အထွေအထူးပြောစရာမရှိပါဘူး” လို့ ဦးညီပုရဲ့ သမီးဖြစ်သူကပြောပါတယ်။

သူတို့နှစ်ယောက်ကို ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုလုပ်တယ်ဆိုပြီး ရာဇသက်ကြီး ဥပဒေပုဒ်မ-၁၃၀(က)နဲ့ မဲမသမာမှုလုပ်ဖို့အားပေးကူညီတယ်ဆိုပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ရွေးကောက်ပွဲဆိုင်ရာအမှု မတိုင်မီကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥဒေနဲ့ ဦးညီပုကိုထောင်ဒဏ် ၉ နှစ်နဲ့ ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတာ ဖြစ်စ်ပါတယ်။

ဒါ့အပြင် ဦးညီပုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

ရာဇသက်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)ဟာ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပြီး မဲမသမာမှုပြုလုပ်ဖို့အတွက် အားပေးကူညီမှု ပုဒ်မ ၁၀၉ ကတော့ ဥပဒေမှာ တိတိကျကျ ပြဌာန်းထားတာမရှိကြောင်း ရှေ့နေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဦးညီပု #ဦးမင်းအောင် #ရွေးကောက်ပွဲဆိုင်ရာအမှု #ပြစ်ဒဏ်ချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW