တောင်ဥက္ကလာပ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး သိန်းနှစ်ထောင်ကျော်ပါသွား

ဧပြီ ၆-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဒီကနေ့ နေ့လယ်ပိုင်းက အမည်မသိသူတွေက ဓားပြတိုက်ခဲ့ရာ ငွေသိန်းနှစ်ထောင်ကျော်ပါသွားတယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ကို ဒီကနေ့ နေ့လယ် တစ်နာရီခွဲ အမည်မသိအမျိုးသားလေးဦးက ကားတစ်စီးနဲ့ရောက်လာပြီး ဘဏ်လုံခြုံရေးဝန်ထမ်းနှစ်ဦးကို ကျင်စက်နဲ့တို့၊ သေနတ်ပြကာ ကောင်တာပေါ်မှာ တင်ထားတဲ့ ငွေသိန်းနှစ်ထောင်ကျော်ကို ယူသွားတယ်လို့ အမည်မဖော်လိုသူရဲတဦးက ပြောပါတယ်။

“မီးပြတ်တဲ့အချိန် ကားနဲ့ရောက်လာပြီး ဘဏ်ဝန်ထမ်းနှစ်ဦးကို ကျင်စက်နဲ့တို့ပြီး နှစ်ယောက်က သေနတ်ပြပြီး ကောင်တာပေါ်မှာ တင်ထားတဲ့ ပိုက်ဆံကိုယူသွားတာ၊ သိန်းနှစ်ထောင်လို့ သိရတယ်”လို့ သူကပြောပါတယ်။

အဲ့ဒီဓားပြတိုက်ခံရမှုနဲ့ပတ်သတ်ပြီး VOMက တောင်ဥက္ကလာ KBZ ဘဏ်ကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေက တောင်ဥက္ကလာ KBZ ဘဏ်အတွင်းနဲ့ အနီးတစ်ဝိုက်မှာ ကားတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

နစကအစိုးရလက်ထက်မှာ မြန်မာတစ်နိူင်ငံတစ်ဝန်း ဓားပြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး KBZ ဘဏ်မှာ လေးကြိမ်တိုင်တိုင် ဓားပြတိုက်ခံရပြီး ဒီကနေ့ ဓားပြ
တိုက်ခံရတာဟာ ငါးကြိမ်မြောက်ဖြစ်တယ်လို့ စာရင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #KBZ #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW