ဟိုက်ပါဆိုးနစ်လက်နက် သုတေသနတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျ ထုတ်ပြန်

လန်ဒန်၊ ဧပြီ-၆-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတို့ဟာ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်တွေနဲ့ အဲဒီလက်နက်တွေကို ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ သုံးနိုင်ငံ သဘောတူညီချက်ဖြစ်တဲ့ AUKUS ပူးပေါင်းဆောင်ရွက်မှု စာချုပ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဟိုက်ပါဆိုးနစ်လက်နက်တွေ ထုတ်လုပ်နေပြီး ပြီးခဲ့တဲ့လက ယူကရိန်းမှာ ရုရှားက ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို အသုံးပြုပြီးနောက်မှာ ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျတို့ အဲဒီလက်နက်တွေနဲ့ ပတ်သက်ပြီး သုတေသနတွေ တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဟိုက်ပါဆိုးနစ်လက်နက်တွေဟာ သူတို့ရဲ့ အမြန်နှုန်းနဲ့ အမြင့်ရောက်နိုင်စွမ်းတွေကြောင့် မြေပြင်အခြေစိုက် ရေဒါတွေကနေ ရှောင်လွှဲနိုင်ပြီး ခုခံကာကွယ်ဖို့ ခက်ခဲပါတယ်။

ဗြိတိန်မှာတော့ လက်ရှိမှာ ဟိုက်ပါဆိုးနစ်ဒုံးကျည် ပိုင်ဆိုင်ခြင်းမရှိသေးပါဘူး။

အမေရိကန်နဲ့ သြစတြေးလျတို့ကတော့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ရှိနှင့်ပြီးသား ပူးတွဲအစီအစဉ်တခုရှိပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW