မုံရွာ စီးပွားရေးတက္ကသိုလ်နားမှာ ပေါက်ကွဲမှုဖြစ်ပြီး အိမ်စီးကားထိမှန်ကာ ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဧပြီ ၊ ၆-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စီပွားရေးတက္ကသိုလ်အနီး မြို့ရှောင်လမ်းမှာ ဒီကနေ့ ညနေ၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး အိမ်စီးကား ၁ စီးထိမှန်ကာ ကားပေါ်ပါ လာသူ လူတချို့ သေဆုံး၊ဒဏ်ရာရတယ်လို့ ရွှေဇလုပ်ရပ်ကွက်ခံတွေဆီက သိရပါတယ်။

” လမ်းဘေးထောင်မိုင်း ပေါက်ကွဲပြီး သွားလာနေတဲ့ အိမ်စီးကားထိမှန်လို့ လူသေဆုံး ၊ ဒဏ်ရာရတာ ” လို့ မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို သွားရောက်ကူညီပေး ခဲ့တဲ့ ပရဟိတသမားတယောက်က ” ကျောက္ကာ မြောက်ရွာက အိမ်စီးကား Mark(2) Crown အဖြူရောင်ကို မိုင်းထိမှန်တာပါ ၊ ကားပေါ်မှာက မူလွန်ကျောင်းအုပ် အငြိမ်းစား ဆရာမကြီး ဒေါ်ခင်မိုးကတော့ မိုင်းစထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ် ၊ အဲ့ဒီကားပေါ်မှာက ဆရာမကြီးရဲ့သားဖြစ်သူ ဦးဇော်မောင်မောင် ဆိုတဲ့သူက ကားမောင်းတယ် ၊ သူရဲ့ မိန်းမဖြစ်သူ ဒေါ်ခင်စုဟန်လည်း ပါတယ် ၊ သူတို့ ၂ ယောက်ကတော့ ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သင်္ကြန်အကတိုက်နေတဲ့ မုံရွာ စီးပွာရေးတက္ကသိုလ်ကျောင်းထဲကို လက်နက်ကြီး ကျည် ၂ ကြိမ်ဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ် ။

ဒါ့အပြင် မနေ့ ဧပြီ၅ရက် နေ့လယ်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် ၊ စခန်းကြီးကျေးရွာနားက မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှာ စျေးဝယ်သွားတဲ့ အိမ်စီးကားတစ်စီး မိုင်းထိမှန်ပြီး ကားပေါ်ပါ လူ ၇ ဦးနက် ၆ ဦးသေဆုံကာ ၁ ဦး ပျောက်ဆုံးနေတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပုံစာ-မုံရွာ စီးပွားရေး တက္ကသိုလ်နား မိုင်းထိတဲ့ကား မြင်ရပုံ
#voiceofmyanmar #VOM #မုံရွာ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW