ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ သေနတ်နဲ့ပစ်ခတ်ခံရ

ဧပြီ ၇-၂၀၂၂
Voice Of Myanmar

ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာမှာနေထိုင်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ ဒီကနေ့ မနက် ၁၁နာရီခွဲက သေနတ်နဲ့လာရောက် ပစ်ခတ်ခံရတယ်လို့ အိမ်ယာမှာနေထိုင်သူတွေဆီက သိရပါတယ်။

ဗဟန်းမြိုနယ်၊ ရွှေဂုံရိပ်မွန်၊အိမ်ယာတိုက် ၅ မှာ နေထိုင်တဲ့ ဗဟိုဘဏ်ဒုဥက္ကဌဒေါ်သန်းသန်းဆွေကို ကားတစ်စီးနဲ့ အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ အိမ်ယာမှာ နေထိုင်သူတဦးကပြောပါတယ်။

“သေမသေတော့ မသိဘူး စစ်တပ်တွေ ရဲတွေရော
အများကြီးပဲ စစ်နေတယ်”လို့ သူကပြောပါတယ်။

မြန်မာနိူင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌ သေနတ်နဲ့ပစ်ခတ်ခံရတာဟာ မှန်ကန်ပြီး လက်တလောအခြေအနေအရ ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ ဒု-ဝန်ကြီးတစ်ဦးက VOM ကို ပြောပါတယ်။

“ရန်ကုန်မှာ အပစ်ခံရတာ ဆေးရုံဆေးကုသမှုခံယူနေတယ် မစိုးရိမ်ရပါဘူး “လို့ ပြောပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ပွားရာ ရွှေဂုံရိပ်မွန်အိမ်ယာနဲ့ အနီးတဝိုက်မှာ ကားတွေကို စစ်ဆေးနေတယ်လို့ ဗဟန်းမြို့နယ်နေသူတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဗဟိုဘဏ်ဒုဥက္ကဋ္ဌ #သေနတ်ပစ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW