ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်း ရာထူးကနေဖယ်ရှားခံရ

လာဟိုး ၊ဧပြီ-၁၀-၂၀၂၂
မျိုးဆက်(VOM)

ပါကစ္စတန်ဝန်ကြီးချုပ်အိုင်မရာခန်းဟာ အယုံအကြည်မရှိအဆိုမဲခွဲမှုမှာ ရှုံးနိမ့်ပြီးနောက် ရာထူးကနေထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

သူဟာ နိုင်ငံ့စီးပွားရေးစီမံခန့်ခွဲမှု လွဲမှားတယ်လို့ အတိုက်အခံပါတီတွေက စွပ်စွဲခဲ့ပြီး မတ်လကုန်မှာ သူ့အပေါ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့ပေမယ့် အဲဒီအဆိုတင်သွင်းမှုကို တားမြစ်ခံခဲ့ပါတယ်။

အဲဒီနောက် အတိုက်အခံပါတီတွေက အဲဒီကိစ္စကို တရားရုံးချုပ်သို့ တင်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် အိုင်မရာခန်းဟာ ဖွဲ့စည်းမှုအခြေခံဥပဒေနဲ့မညီတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီး အယုံအကြည်မရှိ အဆိုမဲခွဲမှုကို ဆက်လက်လုပ်ဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပါတီဝင်အချို့က ကန့်ကွက်ခဲ့ပေမယ့် အယုံအကြည်မရှိအဆိုမဲခွဲမှုကို တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့ပါတယ်။

အိုင်မရာခန်းဟာ ပါကစ္စတန်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူးမှနှုတ်ထွက်ခဲ့ရတဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref:NHK
Phito:Getty Images
#voiceofmyanmar #VOM #လာဟိုး

Related posts

Leave a Comment

VOM News

FREE
VIEW