မဟာမြိုင်ကားလမ်းမှာ ကုန်ကား၁စီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ကားသမားတွေပြော

ဧပြီ ၊ ၂၂-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ်၊ ပျဥ်းကိုင်းကျေးရွာအနီး ၊ မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်းမှာ မနေ့ ဧပြီ၂၁ရက် နေ့လယ်ပိုင်းက ကုန်ကားတစ်စီး ဓားပြတိုက်ခံခဲ့ရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ဓားပြတိုက်ခံရတဲ့ကားက ၁၂ ဘီးကုန်တင်ကားဖြစ်တယ် ၊ မော်လိုက်မြို့နယ် ၊ ကင်းတပ်ရွာဘက်က ကားဖြစ်တယ် ၊ မုံရွာကနေ ကုန်တွေနဲ့ တက်လာတာ ” လို့ ကားသမားတယောက်က ပြောပါတယ်။

မုံရွာ-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက ” ပျဥ်းကိုင်းရွာနဲ့ ၇ မိုင်အလိုမှာ ဓားပြတိုက်ခံရတာပါ ၊ လူသုံးကုန်နဲ့ စားသုံးကုန်ပစ္စည်း ကာလတန်ဘိုး သိန်း ၁ ထောင်လောက်ရှိတယ် ၊ ဓားပြက လူ အယောက် ၂၀ ကျော်တယ် ” လို့ ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့ ကုန်ကားဟာ မော်လိုက်မြို့နယ် ၊ ကင်းတပ်ကျေးရွာက ဦးမင်းမင်းနဲ့ ဦးသားသားကြီး ဆိုသူတို့ မောင်းနှင်းလာတာဖြစ်ပြီး ကားပေါ်က ကုန်ပစ္စည်းတွေ ဓားပြတိုက်လုယူခံရတာဖြစ်တယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ကြောင်းဘေးက မြို့နယ်တွေနဲ့ ကျေးလက်ဒေသတွေဟာ ပြီးခဲ့တဲ့ နှစ်ကစလို့ ရေလမ်းကြောင်းမှာ မကြာခဏ ဓားပြအတိုက်ခံရတဲ့အတွက် ကုန်းလမ်းခရီးနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့အခါ အခုလို ဓားပြအတိုက်ခံရတာဖြစ်တယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုံစာ-မဟာမြိုင်ကားလမ်းတနေရာ
#voiceofmyanmar #VOM #မဟာမြိုင်လမ်း #ကုန်ကားဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW