ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ဦးချစ်ခိုင်သားအဖအပါအဝင် ၆ ဦးကို အဂတိပုဒ်မနဲ့အမှုဖွင့်

ဧပြီ ၂၆-၂၀၂၂
KT+KK(VOM)

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ဦးချစ်ခိုင်သားအဖအပါအဝင် ၆ ဦးကို အဂတိပုဒ်မနဲ့ဒီကနေ့ နေပြည်တော်မှာ အမှုဖွင့်လိုက်တယ်လို့ အဂတိလိုက်စား

မှုတိုက်ဖျက်ရေးကော်မတီကနေ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်း၊ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူးဟောင်း ဦးကျော်ဆန်း၊ လျှပ်စစ်ဓာတ်အား
ပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်နဲ့ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မနေ့ နေ့လယ်ပိုင်းက ပုဒ်မ-၅၅/၆၃နဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ နကစပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဖမ်းတာဟုတ်ပါတယ် မနေ့က ဖမ်းလိုက်တာ သူရယ် သူသားရယ် ဝန်ကြီးဟောင်းတွေလည်းပါတယ်၊ အခုတရားစွဲဆိုနိူင်ဖို့ ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

အမှုဖွင့်ရတဲ့အကြောင်းအရင်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင် အဂတိလိုက်စားမှုတွေရှိနေတာကြောင့် အမှုဖွင့်လှစ်ရတာဖြစ်တယ်လို့ နကစပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်တလောမှာ ဦးချစ်ခိုင်နဲ့ သားဖြစ်သူ ဦးဝင်းမင်းခိုင်တို့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို VOM အနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိပါဘူး။

ဦးချစ်ခိုင်ဟာ ဧဒင်စီးပွားရေးအုပ်စုရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သလို မြန်မာ့ရှေ့ဆောင်ဘဏ်၊ DENKO စက်သုံးဆီဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မန္တလေးအပန်းဖြေ‌ဂေါက်ကွင်းနှင့် ဟိုတယ်လုပ်ငန်းစုတို့ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။

ဇေကမ္ဘာဦးခင်ရွှေနှင့်သားဖြစ်သူ ဦးဇေသီဟတို့ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ဗဟန်းမြို့နယ်မှာ ဖမ်းဆီးခံရပြီး ပုဒ်မ ၂၁ နဲ့အမှုဖွင့်ကာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည်ထောင်စုဝန်ကြီးဟောင်းဦးအုန်းဝင်း၊ဦးချစ်ခိုင်သားအဖအပါအဝင် #၆ ဦးကိုအဂတိပုဒ်မနဲ့အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW