ဝန်းသို ဂေါက်ကွင်းထဲမှာ ဦးခေါင်းပြတ်နေတဲ့ လူသေအလောင်း ၂ လောင်းတွေ့

မေ ၊ ၃-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ဝန်းသို ဂေါက်ကွင်းထဲမှာ မနေ့ မေလ ၂ရက် မနက်ပိုင်းက ဦးခေါင်းပြတ်နေတဲ့ လူသေရုပ်အလောင်း ၂ လောင်း တွေ့ခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။

“တွေ့ရတဲ့ ရုပ်အလောင်းက အမျိုးသား နဲ့ အမျိုးသမီး ဖြစ်တယ် ၊ ဦးခေါင်းပြတ် သေဆုံးနေတာဖြစ်တယ် ” လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။

သေဆုံးသူ ၂ ဦးနဲ့ ပတ်သက်ပြီး နယ်ခံလူမှုကူညီရေးအဖွဲ့တွေက” သေဆုံးသူ ၂ ယောက်က အင်းဗုတ်ရွာက ဦးမောင်ဘိုနဲ့ ဒေါ်သန်းသန်းဝင်းတို့ လင်မယား နှစ်ယောက်ဖြစ်တယ် ၊ မနက် ၅ နာရီလောက်မှာ နေအိမ်ကနေ လူတစုရဲ့ဖမ်းဆီး​​ခြင်းကို ခံရပြီးနောက် သေဆုံးတာကို ပြန်တွေ့ရတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ရုပ်အလောင်း ၂ လောင်းကို နယ်ခံပရဟိတအဖွဲ့တွေက ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ဖို့အတွက် ဝန်းသိုဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဝန်းသို #ခေါင်းပြတ်ရုပ်အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW