အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကမ္ဘောဒီးယား ၀န်ကြီးချုပ်တိုက်တွန်း

ဖနွမ်းပင်၊ မေ-၃-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံကိုယ်စားလှယ်ဟာ အခုလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပြီး ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ နစက ဥက္ကဌကို ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က တိုက်တွန်းလိုက်ပါတယ်။

ယခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာ၀န်ယူထားတဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ မေ ၂ ရက်မှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ဆွေးနွေးခဲ့ကြပြီး အခုလိုက်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အားလုံးပါ၀င်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးမှာ အဆင်ပြေချောမွေ့တဲ့ အခြေအနေတခု ဖန်တီးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်တို့အပါအ၀င် မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်နေသူအားလုံးနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံနိုင်ရေးဟာ အရေးကြီးကြောင်း ၀န်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

နှစ်ဘက်ဆွေးနွေးကြရာမှာ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်တင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းရာမှာ အင်အားအလွန်အကျွံသုံးတာကို ရှောင်ရှားဖို့ အရေးကြီးကြောင်း၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အချိန်နဲ့တပြေးညီ ထိထိရောက်ရောက်ပေးဖို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Ref:The Phnom Penh Post
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW