နယူးဇီလန်၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန် ကိုဗစ်-၁၉ ကူးစက်ခံနေရ

 

၀ယ်လင်တန်၊ မေ-၁၄-၂၀၂၂
မျိုးဆက်(VOM)

ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေးကို အောင်မြင်စွာဦးဆောင်နိုင်ခဲ့သူအဖြစ် ကမ္ဘာကရှုမြင်ခြင်း ခံရတဲ့ နယူးဇီလန်၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်ဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း ၀န်ကြီးချုပ်ရုံးက မေ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၀န်ကြီးချုပ်အာဒန်ဟာ အပျော့စားရောဂါလက္ခဏာတွေ ခံစားနေရပြီး နေအိမ်မှာ ခုနှစ်ရက်ကြာ ကွာရန်တင်း ၀င်ရမှာဖြစ်ကြောင်း နယူးဇီလန်အစိုးရကပြောပါတယ်။

နယူးဇီလန်နိုင်ငံဟာ ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ကပ်ရောဂါစတင်ချိန်မှစပြီဒ ရာဂါကူးစက်မှုကို ထိန်းချုပ်ဖို့ တင်းကြပ်တဲ့ အစီအမံတွေချမှတ်ခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၈၉၂ ဦးသာရှိကာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ သေဆုံးမှုနှုန်း အနိမ့်ဆုံးဖြစ်ပါတယ်။

ဒါပေမယ့် ကန့်သတ်ချက်တွေဖြေလျော့ပြီးနောက်ပိုင်း မတ်လအတွင်းမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ ကူးစက်မှုငါးသောင်းကျော်ထိ ရှိခဲ့ပါတယ်။

၀န်ကြီးချုပ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရပေမယ့်လည်း ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးဖို့ အတွက် အမေရိကန်သို့ သွားရောက်မယ့် ခရီးစဉ်အပေါ် သက်ရောက်မှုမရှိကြောင်း နယူးဇီလန်အစိုးရက ထုတ်ပြန်ထားပါတယ်။

Ref: CNA
Photo: NDTV
#voiceofmyanmar #VOM #ဝယ်လင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW