မူဆယ်က နေအိမ်တအိမ် ထပ်မံဓားပြတိုက်ခံရ

မေ ၁၆-၂၀၂၂
VOM (GG)

မူဆယ်မြို့၊ ပင်လုံရပ်ကွက်မှာ မနေ့ မေလ ၁၅ ရက်
ညပိုင်းက နေအိမ်တစ်အိမ် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

” မနေ့ကည ၇ နာရီလောက် မှာဖြစ်တာ။ ဓားပြတိုက်ခံရတာက တရုတ်အိမ်လို့ပြောတယ်။ ဓားပြတိုက်သူတွေက လမ်းဆုံမှာကားချင်းတိုက်မိတော့ ကားရောပစ္စည်းတွေရောအကုန်ထားပြီး ထွက်ပြေးကြလို့ အကုန်ပြန်ရတာ၊ ပိုင်ရှင်တွေပြန်အပ်ပြီးပြီလို့သိရတယ်” လို့ မူဆယ်ဒေသခံတဦးကပြောပါတယ်။

သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦးအပါအဝင် လူသုံးဦးက သေနတ်ပြပြီး နေအိမ်အတွင်းရှိ ငွေကြေးနဲ့ပစ္စည်းတွေယူဆောင်သွားခဲ့ပေမယ့် ဓားပြတိုက်သူတွေဟာ လမ်းမှာယာဉ်တိုက်မှုဖြစ်ခဲ့လို့ ကားနဲ့အတူ ပစ္စည်းတွေပါထားကာ ထွက်ပြေးသွားတဲ့အတွက် ဓားပြတိုက်ခံရတဲ့ပစ္စည်းတွေ အကုန်ပြန်ရလိုက်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိတော့ ဓားပြတိုက်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း မူဆယ်မြို့က Sai Nyee – SecondHand mobile & laptop ဖုန်းဆိုင် ဓားပြတိုက်ခံရပြီး ငွေသိန်း ၁၀၀၀ တန်ဖိုးရှိ ပစ္စည်း တွေပါသွားပါတယ်။

အဲ့ဒီဓားပြတိုက်မှုမှာပါဝင်သူ ၃ ဦးကိုတော့ ဖမ်းဆီးရမိထားပြီး ပါသွားတဲ့ပစ္စည်းရဲ့ ၃ ပုံ ၁ပုံပြန်ရထားတယ်လို့သိရပါတယ်။

လက်ရှိ မူဆယ်မြို့မှာ ဆိုင်ကယ်လုယက်မှုတွေ၊ နေအိမ်ဓားပြတိုက်တာတွေ ၊ဖုန်းလုယက်တာတွေမကြာခဏဆိုသလိုဖြစ်ပွားနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW