သံတမန်နည်းလမ်းဖြင့်သာ စစ်ပွဲအဆုံးသတ်နိုင်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

ကိယက်ဗ်၊ မေ ၂၂-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး တခုတည်းသောနည်းလမ်းဟာ သံတမန်နည်းလမ်းသာဖြစ်တယ်လို့ ယူကရိန်း သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုပါတယ်။

ယူကရိန်းနိုင်ငံဟာ စစ်မြေပြင်မှာ ရုရှားကို အောင်ပွဲခံနိုင်တယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် စစ်ပွဲဟာ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းမှာသာ အပြီးအပြတ် ရပ်တန့်သွားနိုင်ကြောင်း ဇီလန်စကီးက
ပြောပါတယ်။

ဒီအတောအတွင်း လူဟန့်ခ်ဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ ရုရှားတပ်ဖွဲ့တွေက အရှိန်မြှင့်ဆောင်ရွက်နေချိန်မှာ ဆီဗီရိုဒွန်နက်ခ် အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။

တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပိုလ်မြို့မှာ တိုက်ပွဲတွေ ပြီးဆုံးပြီးနောက် ရုရှားတပ်တွေကို အခြားနေရာတွေမှာ ပြန်လည်နေရာချထားပြီး အရှေ့ဘက်မှာ ထိုးစစ်အရှိန်မြှင့်လျှက်ရှိပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW