နစက ဥက္ကဋ္ဌ နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယဥက္ကဋ္ဌတို့ တွေ့ဆုံ

မေ ၃၀-၂၀၂၂
KT + KK (VOM)

နစက ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု တို့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။

နစက ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေဆုံဆွေးနွေးမှုဟာ လေးကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။

အရင်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌစောထော့လေးအဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာလည်းရှိပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP)ဒုတိယဥက္ကဋ္ဌ နိုင်အောင်မငေး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မေလ ၂၂ ရက်က တွေဆုံဆွေးနွေးခဲ့ပါသေးတယ်။

ဒါ့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်အဖွဲ့နဲ့လ
ည်း မေလ ၂၀ ရက်က တွေ့ဆုံခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ ALP ၊ DKBA ၊ KNU/ KNLA-PC ၊ PNLO ၊ NMSP ၊ LDU ၊ RCSS အဖွဲ့ (၇) ဖွဲ့ တို့ဖြစ်ပြီး NCA မှာ လက်မှတ်မထိုးထားတဲ့ UWSA၊ NDAA ၊ SSPP အဖွဲ့ (၃)ဖွဲ့လည်း စာရင်းပေးထားတယ်လို့ နစက ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

နစကကောင်စီဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဧပြီလ ၂၂ ရက်ကဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နစက #UWSA #တွေ့ဆုံမှု #ငြိမ်းချမ်းရေးဆွေးနွေး

Related posts

Leave a Comment

VOM News

FREE
VIEW