မေ ၊ ၁၄ – ၂၀၂၂ SP(VOM) မန္တလေး-ပြင်ဦးလွင် အဆင်းလမ်း မိုင်တိုင်အမှတ် ၁၆ / ၃ အနီး ကျောက်ချော နတ်စင်ကွေ့နားမှာ ဒီကနေ့ ညနေပိုင်းက ကားတစ်စီး တိမ်းမှောက်မီးလောင်ပြီး ကားပေါ်ပါတဲ့ လူ ၁၉ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ဒီညနေ ၅ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ကားက Isuzu ကားဖြစ်တယ် ၊ ကားပေါ်မှာက လူ ၃၀လိုက်ပါလာခဲ့တယ် ၊ အဲ့ဒီအထဲက အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၇ ယောက် ပြင်းထန်ဒဏ်ရာရတယ် ” လို့ စေတနာမွန် လူမှုကူညီရေး (အုန်းချော)က ပြောပါတယ်။ အဲ့ဒီ တိမ်းမှောက်တဲ့ကားဟာ CNG ဓာတ်ငွေ့သုံး ကားအမျိုးအစားဖြစ်တာကြောင့်…
Read MoreMonth: May 2022
ရေဦးမြို့မှာ မနေ့က ၁ ရက်ထဲ ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်
မေ ၊ ၁၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့မှာ မနေ့ မေ ၁၄ ရက် ၁ ရက်ထဲမှာ ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၃ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ပထမ ဖြစ်စဥ်က ရေဦးမြို့ရဲ့တောင်ဘက် ၅ မိုင်လောက်ဝေးတဲ့ မစိုးရိမ်ရွာ ယူကလစ်တောထဲမှာ ၂ လောင်းပြိုင်တွေ့ရတယ် ၊ သေဆုံးသူတွေက မောင်ချစ်နိုးနဲ့ ဒေါ်တင်မာဝင်း ဖြစ်တယ် ၊ ဒုတိယ ၂ လောင်းပြိုင်ဖြစ်စဥ်က နှောကုန်းရွာနားက နှောကုန်း – ချမ်းသာ မူးဘောင်လမ်းမှာတွေ့ရတာပါ ၊ သေဆုံးသူတွေက အမျိုးသား ၁ ဦးနဲ့…
Read Moreနေတိုးအဖွဲ့ထဲ ဖင်လန်ဝင်ရင် မှားမယ်လို့ ရုရှားသမ္မတ သတိပေး
မော်စကို၊ မေ-၂၀၂၂ မျိုးဆက်(VOM) ဖင်လန်နိုင်ငံအနေနဲ့ ကြားနေဝါဒကို စွန့်လွှတ်ပြီး နေတိုးအဖွဲ့ထဲဝင်ဖို့ လုပ်ဆောင်ခြင်းဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ ဖင်လန်နိုင်ငံရဲ့ လုံခြုံရေးကို ရုရှားအနေနဲ့ ခြိမ်းခြောက်မှုမရှိကြောင်း ဖင်လန် သမ္မတSauli Niinistö ကို ပူတင်က ပြောဆိုပါတယ်။ ဖင်လန်သမ္မတက မကြာမီကြေညာဖွယ်ရှိတဲ့ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ဖို့ တရားဝင်တောင်းဆိုမှုမတိုင်မီ ရုရှားသမ္မတ ပူတင်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲပါတယ်။ ဆွီဒင်နိုင်ငံကလည်း ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက် အနောက်အုပ်စုနဲ့ ပူးပေါင်းဖို့ သူ့ရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။ ဖင်လန်ဟာ ရုရှားနိုင်ငံနဲ့ ကီလိုမီတာ ၁၃၀၀ (၈၁၀ မိုင်) နယ်နိမိတ်ထိစပ်နေပါတယ်။ နေတိုးအဖွဲ့ထဲဝင်ဖို့ ဖင်လန်ရဲ့အားထုတ်မှုနဲ့ပတ်သက်ပြီး လက်တုံဲပြန်ဖို့ တိကျတဲ့ ခြိမ်းခြောက်မှုတွေကို ပူတင်က မပြောပေမယ့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက လက်တုံ့ပြန်မယ်လို့ ပြောဆိုထားပါတယ်။ လက်ရှိမှာလည်း ရုရှားဟာ ဖင်လန်ကို…
Read Moreရွှေဘိုနဲ့ ဝက်လက်ကြားက ရွာပေါင်း ၂၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ
မေ ၊ ၁၅-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားက ကျေးရွာတွေဘက်ကို အခုလ ၁၃ ရက်ကစလို့ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ တိုးမြင့် လုပ်ဆောင်လာတဲ့အတွက် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။ ” ဘာကြောင့်ပြေးရတာလည်းဆိုတော့ စစ်ကြောင်းဝင်လာတယ်ကြားရင် ရွာလုံးကျွတ်ပြေးရတယ် ၊ မပြေးပဲ ရွာမှာကျန်နေခဲ့ရင် ကျန်တဲ့သူက ဒလန်ဆိုပြီး စွပ်စွဲခံရတယ် ၊ ရွာမှာက စစ်ကြောင်းလည်းကြောက်ရ ၊ PDF လည်းကြောက်ရဆိုတော့ သူများပြေးရင် ပြေးရတာပါ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာပေါင်း ၂၀ ကျော်နဲ့ ဒေသခံပြည်သူ ၉ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီရွာတွေကတော့ ရွှေဘိုမြို့နယ်ရဲ့ အရှေ့တောင်ပိုင်း ၊…
Read Moreနယူးယောက်ပြည်နယ် စူပါမားကတ်မှာ သေနတ်ပစ်ခတ်မှု လူ ၁၀ ဦး သေဆုံး
ဝါရှင်တန်၊ မေ ၁၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ သေနတ် ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ဒီဖြစ်စဥ်ဟာ လူမျိုးရေးအရ လှုံ့ဆော်တဲ့ အမုန်းတရား ရာဇ၀တ်မှုအဖြစ် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ Buffalo မြို့မှာ အဲဒီဖြစ်စဥ် ဖြစ်ခဲ့ပြီးနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ရဲတွေက သူ့ကို အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ သံသယရှိသူဟာ စနေနေ့မွန်းလွဲပိုင်းမှာ လူစည်ကားတဲ့ စူပါမားကတ်တစ်ခုထဲ ဝင်ရောက် ပစ်ခတ်ခြင်းမပြုမီ၊ တိုက်ခိုက်မှုကို အွန်လိုင်းမှာ ထုတ်လွှင့်ဖို့ ကင်မရာကို အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ FBI ကတော့ အဲဒီပစ်ခတ်မှုဟာ အကြမ်းဖက် အစွန်းရောက် လုပ်ရပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ “ကျွန်တော်တို့ ဒီဖြစ်ရပ်ကို အမုန်းတရား ရာဇ၀တ်မှုနဲ့ လူမျိုးရေးအရ လှုံ့ဆော်တဲ့ အကြမ်းဖက် အစွန်းရောက်မှု…
Read Moreမန္တလေး စက်မှုဇုန်အတွင်း လောင်းကစားဝိုင်းကြီး ဖမ်းဆီး
မေ-၁၅-၂၀၂၂ VOM မန္တလေး စက်မှုဇုန်အတွင်း လောင်းကစားကို တရားဝင်သဖွယ် ပွဲတော်ကဲ့သို့ လောင်းကစားနေတာကို ဒီနေ့နေ့ခင်းပိုင်းမှာ သက်ဆိုင်ရာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့၊ စက်မှုဇုံ ( ၂ ) ၊ ကနောင်မင်းသားကြီးလမ်း (၁၃၉)လမ်းနဲ့ (၅၉)လမ်းဒေါင့်မှာရှိတဲ့ မဟာဓာတ်အားလိုင်း အများပိုင်နေရာကို မြေဖို့၊ ဝင်းခတ်၊ ကာရံပြီး တရားဝင်လောင်းကစားဝိုင်းသဖွယ် စည်ကားစွာ လောင်းကစားနေကြလို့ ပတ်ဝန်းကျင်ထိခိုက်ကြောင်း တိုင်ကြားချက်ကြောင့် ဝင်ရောက်ဖမ်းဆီးတာလို့ ပတ်ဝန်းကျင်နေသူတွေက ပြောပါတယ်။ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ထုတ်ပြန်ရာမှာတော့ အမျိုးသား ၄၅ယောက်၊ အမျိုးသမီး ၇ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပြီး အောင်ပင်လယ်ရဲစခန်းမှာ လောင်းကစားအက်တွေနဲ့ ဆက်လက်အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #လောင်းကစားဝိုင်းဖမ်းဆီး
Read Moreအမ်းနဲ့ မင်းပြားမှာ မြေမြုပ်မိုင်းပေါက်လို့ အမျိုးသား ၂ ဦး သေဆုံး
မေ ၁၅-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ထင်းခွေသွားတဲ့ ပန်းမြောင်းတိုက်နယ်ဒေသခံ ဦးမောင်သာထွန်း အသက် (၆၀) နှစ်ဟာ ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်ပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒါ့အပြင် အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စု ဒါးလက်မြောက်ကျေးရွာမှာ မနေ့ မေလ ၁၄ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်က သီဟို၌စိုက်ခင်းအတွင်း မြေမြုပ်မိုင်းနင်းမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံတဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ကျေးရွာတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဒါးလက်မြောက်ရွာအနီး မြေမြုပ်မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး ကျေးရွာတာဝန်ခံ ဦးသန်းဦးက “ ဖြစ်တာကတော့ သီဟို၌စိုက်ခင်းထဲကိုသွားပြီး သီဟို၌စေ့တွေကောက်တယ်။ ပြီးတော့ တောထဲကိုလည်း ဝမ်းစာရှာဖို့သွားရင်း နင်းမိတာပါ။ သူ့အခြေအနေကတော့ ဒဏ်ရာကအရမ်းပြင်းတော့ မနေ့က အဲဒီနေရာမှာပဲ ဆုံးသွားပါတယ်။…
Read Moreမိုးအဆက်မပြတ်ရွာနေတာကြောင့် ဗန်းမောက် – ဟုမ္မလင်းကားလမ်းမှာ ၃ ရက်မြောက်ထိ ကားတွေ ပိတ်မိနေ
မေ ၊၁၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့တို့ကို ကိုယ်ထူကိုယ်ထ ဆက်သွယ်ဖောက်လုပ်ထားတဲ့ ဗန်းမောက် – အနောက်တော – နမ့်စက် – ဟုမ္မလင်း ကားလမ်းဘက်မှာ အဆက်မပြတ် မိုးရွာနေတဲ့အတွက် ကားတွေ သွားလာလို့မရဘဲ တောင်ပေါ်မှာ ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” အခုလ ၁၃ ရက်ကနေစလို့ လမ်းမကောင်းလို့ ကားတွေ ပိတ်မိနေတာပါ ၊ ကုန်စိမ်းနဲ့ စားသောက်ကုန်တွေကတော့ ရက်ကြာလာတဲ့အတွက် ပုတ်သိုးပျက်စီးကုန်တယ် ၊ ပိတ်မိနေတဲ့ ကားအရေအတွက်က အတက်ကားရော အဆင်းကားပါဆို ၅၀ ကျော်မယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။ အရင်က အခုလို မိုးဦးကာလတွေနဲ့ မိုးရာသီတွေမှာ ကောလင်း ၊ ပင်လည်ဘူး ၊ ဖောင်းပြင် ဟုမ္မလင်းလမ်းကို ကားတွေက အသုံးပြု…
Read Moreကျင်စန်းကျော့ ဂိတ်ပေါက် အသစ်ကနေ တရုတ်ဘက်ကို ကြံတွေ စတင်ပို့
မေ ၁၆-၂၀၂၂ Shy V (VOM) မြန်မာနဲ့ တရုတ် အဓိကကုန်သွယ်ရာ ဂိတ်တခုဖြစ်တဲ့ ကျင်စန်းကျော့ကနေ ဂိတ်ပေါက်အသစ် ထပ်ဖွင့်ပြီး မနေ့ မေလ ၁၅ ရက်နေ့ကစတင်ကာ တရုတ်ဘက်ကို ကြံတွေ စတင် တင်ပို့နေပြီဖြစ်တယ်လို့ မြန်မာဘက်က ကြံ လုပ်ငန်းရှင်ကုန်သည်တွေဆီက သိရပါတယ်။ “မနေ့ကတော့ ၇ စီးဝင်တယ်။ တရက်ကို ဘယ်နှစီး ဝင်နိုင်မယ်ဆိုတာတော့ မသိသေးဘူး။ တရက်ကို အစီး ၅၀ ဝင်နိုင်အောင်တော့ ကြိုးစားသွားမယ်။” လို့ မြန်မာ လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။ တရုတ်ဘက်က ကြံ ကုမ္ပဏီတွေအနေနဲ့ အခု မေလမှာ နောက်ဆုံးအနေနဲ့ လက်ခံမှာဖြစ်လို့ အမြန်ဆုံး နယ်ခြား စည်းရိုးတွေဖျက်၊ တံခါးပေါက်တွေဖွင့်ပြီး လမ်းတွေညှိ၊ ကရိန်းတွေ အထိုင်ချကာ အမြန်ဆုံး စီစဉ်နေရတာဖြစ်တယ်လို့ သိရပါတယ်။…
Read Moreမြိုင်မြို့နယ်မှာ တိုက်ပွဲရှောင်ရင်း အိုးအိမ်မဲ့ ဖြစ်သွားရတဲ့ ပြည်သူ ၂ ထောင်နီးပါးရှိနေ
မေ ၊ ၁၆-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေတိုးမြင့် လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲရှောင်ပြည်သူအရေအတွက်ဟာလည်း တိုးမြင့်လာနေပြီး အဲ့ဒီ တိုက်ပွဲရှောင်တွေထဲကပြည်သူ ၂ထောင်နီးပါးဟာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် အိုးမဲ့ အိမ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မြိုင်မြို့နယ် ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ” အခုလ ၁၃ ရက်စလို့ မြိုင်နယ် မြောက်ပိုင်းကို အထူးစစ်ဆင်ရေးလုပ်ပြီး တပ်က စစ်ကြောင်းထိုးလာတယ် ၊ ပိတောက်ကန် ခေါ် ရွာရှည်ရွာထဲကို လက်နက်ကြီးကျည်တွေကျပြီး ပေါက်ကွဲတယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ ဘယ်သူမှ မသိကျဘူး ၊ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ် အဖိုးအဖွား လင်မယား ၂ ယောက်နဲ့ အသက် ၃၀…
Read More