တောင်ပြိုတာတွေကြောင့် ဟားခါး – ဖလမ်း ကားလမ်းပိုင်း ယာယီပိတ်ထား

ဇွန် ၊ ၁-၂၀၂၂
SP(VOM)

ချင်းပြည်နယ် (မြောက်ပိုင်း) ၊ ဟားခါးမြို့နယ် ၊ ခွန်ကျုံးကျေးရွာ နဲ့ ဟားခါးမြို့ကြား ၊ ဖလမ်း – ဟားခါး ကားလမ်းမှာ တောင်ပြိုတာတွေဖြစ်နေတဲ့အတွက် ဒီကနေ့ မနက်ပိုင်းကစလို့ အဲ့ဒီလမ်းကို ယာယီပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” မိုးက အဆက်မပြတ်ရွာနေတာပါ ၊ ခွန်ကျုံးရွာနားက ကျောက်တောင်ပြိုကျပြီး ၊ ကျောက်တုံးကြီးတွေ လမ်းပိတ်ဆို့နေတာဖြစ်တယ် ၊ မိုးဆဲသွားရင်တော့ အမြန်ဆုံးဖယ်ရှားပေးနိုင်မှာပါ ၊ အခုတော့ အန္တရာယ်မကင်းတာကြောင့် လမ်းယာယီ ပိတ်ထားတာ “လို့ ကားသမားတယောက်က ပြောပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ” ယာယီလမ်းပိတ်ထားတာက ယာဥ်တွေ အန္တရာယ်ကင်းရှင်စေဖို့ဖြစ်ပါတယ် ၊ ရာသီဥတု ကောင်းမွန်တာနဲ့ လမ်းပြန်ပွင့်ဖို့ အမြန်ဆုံးလုပ်ဆောင်နေပါတယ် ” လို့ ပြောပါတယ်။

လက်တလော ချင်းပြည်နယ်မှာ မိုးရွာသွန်းတာ ၅ ရက် ဆက်တိုက်ရှိနေပြီး ဟားခါး၊ မတူပီ ၊ မင်းတပ် ၊ ကန်ပလက် လမ်းပိုင်းတချို့လည်း ရေတိုက်စားပြီး သွားလာမရ ဖြစ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟားခါး #ဖလမ်း #ကားလမ်း #တောင်ပြို #လမ်းယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW