၂၀၂၀ ရွေးကောက်ပွဲကိစ္စနဲ့ အမှုဖွင့်အရေးယူထားသူ သုံးထောင်နီးပါးရှိ

ဇွန် ၁-၂၀၂၂
KK(VOM)

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူခံထားရသူ သုံးထောင်နီးပါးရှိတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားခဲ့ပါတယ်။

” ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လုပ်ငန်းတွေအပေါ် ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့သူ
၂၄၁၇ ဦးကို တရားစွဲထားတယ်၊ အမှုပေါင်း၃၇၃ မှုမှာ အမိန့်ချပြီးတဲ့အမှု ၃၆၄ မှုရှိတယ်၊ နောက်၉ မှုပဲကျန်တော့တယ်၊ အမိန့်ချဖို့ အားလုံးအမှုဖွင့်အရေး
ယူထားတာ၂၈၉၆ဦးရှိတယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

ဒီလိုအမှုဖွင့်အရေးယူခံထားရတဲ့သူတွေထဲမှာ နိုင်ငံတော်သမ္မတဟောင်း၊နိုင်ငံတော်အတိုင်ပင်ခံဟောင်း၊ပြည်ထောင်စုဝန်ကြီးဟောင်းတွေ တိုင်း နဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းတွေနဲ့ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းတွေအပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့တွေလဲပါတယ်လို့ ရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲနှစ်ကြိမ်ပေးမိလို့ အရေး
ယူခဲရတဲ့ မိသားစုဝင်တဦးက “ကျွန်မဦးလေးဆို မဲတစ်ကြိမ်ပဲပေးတာ၊ ရွေးကောက်ပွဲပြီးတော့ မဲနှစ်ကြိမ်ပေးတယ်ဆိုပြီး ပြသာနာတက်ရော၊ အမှန်တကယ်က သူလည်းဘာမှမသိဘူး အဲ့ကိစွနဲ့ပဲအဖမ်းခံရတယ် ထောင်တစ်နှစ်ကျသွားတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖြစ်ပွားခဲ့တဲ့ အမှုပေါင်းက ၁၀၇၇ မှု၊ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူဆောင်ရွက်ခဲ့တဲ့ အမှု၅၄၆ မှု၊တရားစွဲတင်ပြီးအမှု၃၄၅ မှု၊ပိတ်သိမ်းခဲ့တဲ့ အမှု၁၉၉ မှု၊ဥပဒေအကြံပြုချက်တောင်းခံဆဲ ၂မှု ရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူထားခံရတဲ့သူတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၁၃၀(က)၊ ပုဒ်မ ၁၀၉ တို့နဲ့ ပုဒ်မ ၅၇၊၅၈(ဃ)၊၅၉(စ)/၆၂၊၅၉(ဇ) အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #၂၀၂၀ရွေးကောက်ပွဲ #အရေးယူခံထားရသူ #သုံးထောင်နီးပါးရှိ

Related posts

Leave a Comment

VOM News

FREE
VIEW