မန္တလေး – ရွှေဘို ကားလမ်းပေါ်က အောင်တေဇ စက်သုံးဆီအရောင်းဆိုင် ဓားပြတိုက်ခံရ

ဇွန် ၊ ၆-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက် မြို့နယ် ၊ စိုင်နိုင်လေးကျေးရွာအနီး မန္တလေး – ရွှေဘို ကားလမ်းပေါ်က စက်သုံးဆီအရောင်းဆိုင် ၁ ဆိုင်ဟာ မနေ့ဇွန် ၅ ရက် ည ၇ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ဒီမနက် ကားသမားတွေဆီက သိရပါတယ်။

” ဓားပြတိုက်ခံရတဲ့ ဆီဆိုင်က အောင်တေဇဆိုင်ဖြစ်တယ် ၊ ဆီရောင်းရငွေ ပိုက်ဆံ သိန်း ၃၀ ကျော် ပါသွားတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။

ဝက်လက် မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးကလည်း ” စက်သုံးဆီဆိုင် ဓားပြတိုက် လုယက်ခံရတာ ဖြစ်တယ် ၊ အမှုဖွင့် စစ်ဆေးနေတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညကလည်း စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ ရွာဝေးရပ်ကွက်၊ မန္တလေး – စစ်ကိုင်း – ရွှေဘိုးကားလမ်း မှာရှိတဲ့ စွမ်းထက်ကျော် စက်သုံးဆီဆိုင်ဟာ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့နယ် ၊ ဖန်းခါးကျင်းကျေးရွာအနီး မန္တလေး – မုံရွာ – ရေဦးကားလမ်း ဘေးက BOC စက်သုံးဆီ အရောင်းဆိုင်မှာလည်း အလားတူ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း ဓားပြတိုက်ခံရတာ ၊ လုယက်ခံရတာ ၊ ဖောက်ထွင်းခိုယူခံရတဲ့ ဖြစ်စဥ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝက်လက် #ဆီဆိုင်ဘ#ဓားပြတိုက်ခံရ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW