ဘိုကလေးမှာ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးကို အိမ်ပေါ်တက်ပြီး အဓမ္မပြုကျင့်

ဘိုကလေး ၊ ဇွန်လ ၇ ၊ ၂၀၂၂
မင်းမြတ်

ဘိုကလေးမြို့နယ်၊မဂူချောင်းတွင်းကျေးရွာမှာ မနေ့ ဇွန်လ ၆ ရက် ညနေဘက်က
အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးတည်း နေအိမ်မှာရှိနေချိန် ကွမ်းစားချင်တယ်လို့ပြောပြီး အိမ်ပေါ်တက် အဓမ္မသားမယားပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ပတ်ဝန်းကျင်နေသူတွေဆီက သိရပါတယ်။

”ဘိုကလေးမြို့နယ် မဂူချောင်းတွင်းကျေးရွာမှာမနေ့ကဖြစ်တာပါ။အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတည်း ရှိနေချိန်တစ်ရွာ
ထဲနေ အောင်သူရအသက် ၂၄နှစ်က နေအိမ်ကိုရောက်လာပြီးကွမ်းစားချင်တယ်ဟာလို့
ပြောပြီးတော့အိမ်ပေါ်တက်ပြီးအဓမ္မကျင့်တာ။
ကောင်မလေးက အသက် ၁၈ နှစ်အရွယ်”လို့အိမ်နီးချင်းဖြစ်သူတဦးက ပြောပါတယ်။

အဲဒီနောက် သူများကိုပြန်ပြောရင် နင့်ကိုသတ်ပစ်မယ် ခြိမ်းခြောက်ပြီး ဒုတိယအကြိမ် ထပ်မံအဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး
ဘိုကလေး မြို့မရဲစခန်းကတာဝန်ကျ အရာရှိကိုမေးကြည့်တော့

”ကောင်မလေးက ၂ ကြိမ် အဓမ္မပြုကျင့်တယ်လို့ တိုင်ကြားထားတယ်။လက်ရှိအဓမ္မပြုကျင့်တယ်လို့ ဆိုသူကိုဖမ်းဆီး စစ်ဆေးနေတယ်။ကွမ်းယာစားချင်တယ် ဆိုပြီး အိမ်ပေါ်တက်အဓမ္မပြုကျင့်တာလို့ပြောတယ်။”လို့
ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး အသက် ၁၈ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူကိုယ်တိုင် တိုင်တန်ချက်အရ အောင်သူရအသက်(၂၄)နှစ်ကိုဘိုကလေးမြို့မရဲစခန်းမှာ (ပ)၃၁၃ ၂၀၂၂ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့အမှုဖွင့်ဖမ်းဆီး အရေးယူထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး #အဓမ္မကျင့်မှု #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW