ရွာစားကြီးနှင့် သူ၏ မင်းသမီးများ

ဆူးငှက် ရှေးတုန်းက အငြိမ့်ညွန့်ပေါင်းတွေ သိပ်ပေါတယ်။ ပေါရောပေါ့။ သဘင်ပညာကို တကယ်တတ်သူတွေလည်း ပါတာကိုး။ လက်ဆည်ကန် “ယပ်ဝင်း”ဘုရားပွဲ အငြိမ့်ညွန့်ပေါင်းက နာမည်အကြီးဆုံးလို့ ဆိုကြပါတယ်။ စိန်ဗေဒါကြီးနဲ့ မင်းသမီး အကျော်အမော်တွေပွဲလေ။လေဘာတီ မမြရင်၊ ဥက္ကလာအေးကြည်၊ ယုဝတီ မသောင်းခင်၊ သြဘာသောင်းတို့က ပင်တိုင်။ လူရွှင်တော်က ဦးသင်္ခါ၊ ဦးဓာတ်ခိုး၊ ကိုအာလူး၊ ကိုဓာတ်စိန်တဲ့။ တော်ရုံတန်ရုံနဲ့လည်း ဒီညွန့်ပေါင်းပွဲမှာ အနားမကပ်ရဲကြဘူး။ ချိတ်လုံး ခွင်လုံးနဲ့ပက်ရတာ မဟုတ်ဘူး။ နဖူးတွေ့၊ဒူးတွေ့ လာဘ်လုံးတွေနဲ့ လူရယ်အောင် လုပ်ရတာကလား။ ပညာပြည့်ပါမှ …။ ဒီညွန့်ပေါင်းမှာ ကမယ့် မင်းသမီးက စိန်ဗေဒါကြီးဆီ သီချင်းသွားတိုက် ထားရတယ်။ အဲလို ကြိုတိုက်ထားတာတောင် တကယ် ကမယ့်ညမှာ ဦးဗေဒါဆိုတဲ့ အရှိန်နဲ့ လန့်နေလို့ မကခင်ကတည်းက ဆိုင်းဝိုင်းဘက် ဦးတချချ လုပ်နေရတယ်။ ဒါမှလည်း ဦးဗေဒါကြီးက ကိုယ်က,နိုင်မယ့် အဆစ်မျိုးနဲ့…

Read More

(၂)နှစ်ကျော်တဲ့အထိ အနိမ့်ဆုံးလစာနူန်းထားသစ် မသတ်မှတ်နိုင်တာကြောင့် စက်ရုံအလုပ်သမားတွေ လုပ်ခလစာ နစ်နာဆုံးရှုံးနေရ

ဇွန် ၇-၂၀၂၂ VOM ( GG) အနည်းဆုံးလုပ်ခလစာနူန်းထားသစ် သတ်မှတ်ရမယ့်ကာလထက် ၂နှစ်ကျော်ကြာတဲ့အထိ မသတ်မှတ်နိုင်သေးတဲ့အတွက် အလုပ်သမားတွေရဲ့ လုပ်ခလစာတွေနစ်နာဆုံးရှုံးနရပြီး ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။ ဒါကြောင့် အနည်းဆုံးလုပ်ခလစာနူန်းထားသစ်ကို အမြန်ဆုံးသတ်မှတ်ပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားကာ နူန်းထားအနေနဲ့ဆိုရင် တစ်ရက်ကို ၇၂၀၀ ကျပ်သတ်မှတ်ပေးဖို့ အလုပ်သမားတွေကပြောဆိုပါတယ်။ ” တကယ်ဆို အနိမ့်ဆုံးလုပ်ခလစာနူန်းအသစ်က သတ်မှတ်ရမယ့်ကာလ အများကြီးကျန်ခဲ့ပြီ။ အခုမေလဆို၂နှစ်ပြည့်ပြီ။ အခုထိ မသတ်မှတ်နိုင်သေးဘူး။အဲ့ဒီလိုမသတ်မှတ်နိုင်တော့ အလုပ်သမားတွေရပိုင်ခွင့် ဆုံးရှုံးတယ်။တကယ်လို့သာ နူန်းထားသစ်ကို သတ်မှတ်နိုင်ခဲ့မယ်ဆိုရင် ဥပမာ တရက်၆၀၀၀ ထားပါစို့။အလုပ်သမားတယောက် တရက်ကို၁၂၀၀ ပိုရမယ်၊တစ်လကို၃၆၀၀၀ ၊တစ်နှစ်ဆို ၄ သိန်းကျော် နစ်နာသွားပြီလေ၊ “လို့ အလုပ်သမားအရေးဆောင်ရွက်သူတဦးကပြောပါတယ်။ လက်ရှိရန်ကုန်က စက်ရုံအလုပ်ရုံ အချို့ဟာ လုပ်သက်ရင့်ဝန်ထမ်း ၊ ကျွမ်းကျင်ဝန်ထမ်း တွေကိုပါ လုပ်ခလစာတိုးပေးတာမျိုးမရှိသလို ကျွမ်းကျင်ကြေး၊အရည်အချင်းအလိုက် အပိုကြေးပေးတာတွေလည်းမရှိဘဲ ဝန်ထမ်းအားလုံးကို တစ်ရက်အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်သာပေးနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။…

Read More

ဘိုကလေးမှာ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးကို အိမ်ပေါ်တက်ပြီး အဓမ္မပြုကျင့်

ဘိုကလေး ၊ ဇွန်လ ၇ ၊ ၂၀၂၂ မင်းမြတ် ဘိုကလေးမြို့နယ်၊မဂူချောင်းတွင်းကျေးရွာမှာ မနေ့ ဇွန်လ ၆ ရက် ညနေဘက်က အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးတည်း နေအိမ်မှာရှိနေချိန် ကွမ်းစားချင်တယ်လို့ပြောပြီး အိမ်ပေါ်တက် အဓမ္မသားမယားပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ပတ်ဝန်းကျင်နေသူတွေဆီက သိရပါတယ်။ ”ဘိုကလေးမြို့နယ် မဂူချောင်းတွင်းကျေးရွာမှာမနေ့ကဖြစ်တာပါ။အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတည်း ရှိနေချိန်တစ်ရွာ ထဲနေ အောင်သူရအသက် ၂၄နှစ်က နေအိမ်ကိုရောက်လာပြီးကွမ်းစားချင်တယ်ဟာလို့ ပြောပြီးတော့အိမ်ပေါ်တက်ပြီးအဓမ္မကျင့်တာ။ ကောင်မလေးက အသက် ၁၈ နှစ်အရွယ်”လို့အိမ်နီးချင်းဖြစ်သူတဦးက ပြောပါတယ်။ အဲဒီနောက် သူများကိုပြန်ပြောရင် နင့်ကိုသတ်ပစ်မယ် ခြိမ်းခြောက်ပြီး ဒုတိယအကြိမ် ထပ်မံအဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘိုကလေး မြို့မရဲစခန်းကတာဝန်ကျ အရာရှိကိုမေးကြည့်တော့ ”ကောင်မလေးက ၂ ကြိမ် အဓမ္မပြုကျင့်တယ်လို့ တိုင်ကြားထားတယ်။လက်ရှိအဓမ္မပြုကျင့်တယ်လို့ ဆိုသူကိုဖမ်းဆီး စစ်ဆေးနေတယ်။ကွမ်းယာစားချင်တယ် ဆိုပြီး အိမ်ပေါ်တက်အဓမ္မပြုကျင့်တာလို့ပြောတယ်။”လို့ ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး…

Read More

နိုင်ဂျီးရီးယားမှာ ဘုရားကျောင်းထဲ သေနတ်သမားတွေ တိုက်ခိုက်မှု လူ ၅၀သေဆုံး

အဘူဂျာ၊ ဇွန်-၇-၂၀၂၂ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အွန်ဒိုပြည်နယ်မှာ ဘုရားကျောင်း၀တ်ပြုသူတွေကို သေနတ်သမားတွေက တိုက်ခိုက်မှုကြောင့် လူအယောက် ၅၀ သေဆုံးသွားပါတယ်။ သေနတ်သမားတွေဟာ ပြည်နယ်အတွင်း အိုဝိုမြို့ရှိ စိန့်ဖရန့်စစ်ကက်သလစ်ဘုရားကျောင်းအတွင်း ၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတဦးနဲ့ အခြား၀တ်ပြုသူအချို့ကို ပြန်ပေးဆွဲသွားကြောင်း မျက်မြင်သက်သေတွေကပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်းပါ၀င်ကြောင်း အွန်ဒိုပြည်နယ်လွှတ်တော်အမတ်ကပြောပါတယ်။ ဒါဟာ ယုတ်ညံ့သောလုပ်ရပ်ဖြစ်ကြောင်း နိုင်ဂျီးယားသမ္မတ ဘူဟာရီက ပြစ်တင်ရှုတ်ချထားပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ မကြာသေးမီကာလများအတွင်း အကြမ်းဖက်မှုတွေ တိုးပွားလာနေပြီး ပြန်ပေးဆွဲမှုတွေနဲ့ အကြမ်ဖက်တိုက်ခိုက်မှုတွေ နေရာအနှံ့ဖြစ်ပွားနေပါတယ်။ မတ်လအတွင်းကလည်း အဘူဂျာနဲ့ နိုင်ငံမြောက်ပိုင်း ကာဒူနာမြို့ကြားရှိ အရေးပါတဲ့ ရထားလမ်းကို ပစ်မှတ်ထားပြီး သေနတ်သမားတွေက တိုက်ခိုက်မှုကြောင့် ရထားပေါ်ပါခရီးသည်ကိုးဦးသေဆုံးခဲ့ပြီး ခရီးသည်ဒါဇင်များစွာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ Ref: BBC Photo: WIKI60S/OLUMIDE OWADUGE #voiceofmyanmar #VOM #အဘူဂျာ

Read More

တန့်ကြည်တောင်ဘုရားဖူးသွားတဲ့ကား ပစ်ခတ်ခံရပြီး အမျိုးသားတဦး သေဆုံး

ဇွန် ၇-၂၀၂၂ GG(VOM) ပုဂံဒေသရဲ့စွယ်တော်လေးဆူထဲမှာပါတဲ့ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရားကို ဘုရားဖူးသွားတဲ့ကားတစီး ပစ်ခတ်ခံရပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဇွန်လ ၇ ရက်နေ့မနက် အစောပိုင်းမှာ ဒေသခံဧည့်လမ်းညွှန်အပါအဝင် လူ ၈ ယောက်ဟာ ပုဂံတဖက်ကမ်းမှာရှိတဲ့ တန့်ကြည်တောင်ဘုရားဖူးသွားချိန် တောင်တက်ကားပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီး ဆေးရုံကိုပို့ဆောင်နိုင်ခဲ့ပေမယ့် သေဆုံးသွားတယ်လို့သိရပါတယ်။ “ဘုရားဖူးသွားကြတယ်၊အတက်ပဲရှိသေးတယ် စစတက်ခြင်းပဲရှိသေးတယ်၊ သူတို့အပစ်ခံလိုက်ရတယ်ပေါ့။အဲ့ဒီဘက်မှာ ဆေးကုသဖို့မလွယ်လို့ ဒီဘက်ကမ်းကိုပြန်သယ်လာကြတယ်၊ အဲ့ဒီဘက်ကိုတော့ သူတို့ကားနဲ့သွားလို့မရဘူး။ဒီဘက်ကနေ စက်လှေနဲ့သွားရတယ်၊စက်လှေနဲ့ဒီဘက်ကမ်းကနေပို့ ဟိုဘက်ကမ်းရောက်တော့မှ စက်လှေဂိတ်ကနေပဲ တောင်ပေါ်ကိုပို့တဲ့ကားတွေရှိတယ်။ကားအသင်းတွေရှိတယ်၊ကားအသင်းကကားငှားပြီးတက်မှာပေါ့။ဟိုဘက်ကမ်းမှာသွားချိန် ပစ်ခံရတယ်၊အားလုံးပေါင်းဒီဘက်က ဂိုက်ရောဆို၈ယောက်ပါတယ်ပြောတယ်။ “လို့ ပုဂံဒေသခံတဦးကပြောပါတယ်။ ပစ်ခတ်ခံရပြီး သေဆုံးသူဟာ ကားခေါင်းခန်းထဲမှာ ယာဉ်မောင်းနဲ့အတူ စီးနင်းခဲ့သူဖြစ်ပြီး ရင်ဘတ်ကိုသေနတ်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့သူတွေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိဘူးလို့သိရပြီး အဲ့ဒီဘုရားဖူးသူတွေဟာ မြိတ်ဘက်ကလို့သိရပါတယ်။ အဲ့ဒီပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကို ထုတ်ပြန်တာမျိုးမရှိသေးဘဲ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ စစ်တပ်နဲ့ရဲကတော့ စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေတယ်လို့…

Read More

ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလုပ်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေ

ဝါရှင်တန်၊ ဇွန်-၇-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ များမကြာခင်အချိန်အတွင်း နျူကလီးယားစမ်းသပ်မှုပြုလုပ်နိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တကယ်လို့ဒီလို စမ်းသပ်မှုပြုလုပ်ခဲ့မယ်ဆိုရင် ဂျပန်နဲ့ တောင်ကိုရီးယားတို့အပါအ၀င် အမေရိကန်နဲ့ မဟာမိတ်တွေက တုံ့ပြန်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။ မြောက်ကိုရီးယားဟာ လာမယ့်ရက်အနည်းငယ်အတွင်း ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ဖို့ ကြိုးပမ်းလာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က ဇွန် ၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေဟာ အင်ဒို-ပစိဖိတ်ဒေသအပြင် ကမ္ဘာတ၀န်းမှာရှိကြောင်း၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေရဲ့ ခြိမ်းခြောက်မှုတွေအပေါ် မဟာမိတ်တွေအနေနဲ့ နားလည်းသဘောပေါက်တယ်လို့သူကပြောပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်တွေ ကြိမ်ဖန်များစွာ စမ်းသပ်ပစ်ခတ်မှုတွေကြောင့် ပိုမိုတင်းကြပ်ဖို့အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန်ရဲ့ အဆိုပါပြုမှုကို တရုတ်နဲ့ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ တကယ်လို့ နောက်တကြိမ် နျူကလီးစမ်းသပ်မှုတွေ မြောက်ကိုရီးယားက လုပ်ဆောင်လာမယ်ဆိုရင် လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တခုချမှတ်နိုင်ဖို့…

Read More

ဝက်လက်မြို့မှာ မူ/လွန်ကျောင်းအုပ်ဆရာမကြီး ၁ ဦးအပါအဝင် ၁ ရက်ထဲ လူ၃ဦး အသတ်ခံရ

ဇွန် ၊ ၇ -၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့မှာ မနေ့ ဇွန် ၆ ရက် တရက်ထဲ မူ/လွန် ကျောင်းအုပ်ဆရာမကြီး ၁ ဦးအပါအဝင် လူသတ်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားကာ သေဆုံးသူ လူ ၃ ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ပရဟိတသမားတဦးက “မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ဝက်လက် မြို့နယ် ၊ မင်းသာကန်ကျေးရွာအုပ်စု ၊ ဘိုတဲကျေးရွာမှာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်၊ နောက်ပြီး သူ့ရဲ့ညီမ မကေဇာခိုင်တို့ ၂ ဦးကို အသတ်ခံရတယ် ၊ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တယ် ၊ အလားတူ ဖြစ်စဥ်မျိုး မနေ့က ညနေ ၃ ဝန်းကျင်ကလည်း…

Read More

လှိုင်သာယာမှာ ဗုံးနှစ်ကြိမ်ပေါက် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန်လ ၇၊ ၂၀၂၂ KK(VOM) လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၅ ရပ်ကွက်နဝရတ်လမ်းမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ရာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ခြောက်နာရီကျော်က အမှတ် ၅ ရပ်ကွက် နဝရတ်လမ်းက လမ်းဘေးအမှိုက်ပုံးအတွင်း ဗုံးပေါက်ကွဲခဲ့ရာ လမ်းလျှောက်လာသူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။ “လမ်းဘေးအမှိုက်ပုံးက ထပေါက်တာ ပေါက်တဲ့အချိန် လမ်းသွားလမ်းလာတစ်ဦးထိသွားတယ် စစ်တပ်ကလာတော့ နောက်တစ်လုံးထပ်ပေါက်တယ် ပေါက်တဲ့အိမ်နားက နှစ်ယောက်ထိတယ်”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နဲ့ရဲတွေရောက်လာချိန် ၇ နာရီကျော်မှာ လမ်းဘေးမှာချထားတဲ့အမှိုက်ထုပ်အတွင်းကနေ ဗုံးထပ်ပေါက်လို့ မျက်နှာချင်းဆိုင်အိမ်က သားအမိနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးနဲ့ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လှိုင်သာယာပြည်သူ့ဆေးရုံကို ဆေးကုသမှုခံယူ​နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ အမှတ် ၅ ရပ်ကွက် နဝရတ်လမ်းနှင့်လမ်းဆုံတွေမှာ စစ်ဆေးမှုတွေ…

Read More

ပခုက္ကူခရိုင်မှာ ၁၀ ရက်အတွင်း ၂ လောင်းပြိုင် လူသတ်မှု ၃ ကြိမ် အပါအဝင် လူသတ်မှု ၆ ကြိမ်ထက် မနည်းဖြစ်ပွား

ဇွန် ၊ ၇၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေ ၂၇ ရက်ကစလို့ ဒီလ ၇ ရက်အထိ ၁၀ ရက်တာကာလအတွင်း လူသတ်မှု အကြိမ်ရေ ၆ မှု ထက် မနည်းဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူနယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာမှာ ဇွန် ၆ ရက် မနေက နေ့လယ် ၁ နာရီဝန်းကျင်မှာ ၂ လောင်းပြိုင် လူသတ်မှု ဖြစ်တယ် ၊ သေဆုံးသူတွေက ဦးမြင့်အောင်နဲ့ သူ့မိန်းမ ဒေါ်ခင်ရီ တို့ဖြစ်ကြတယ် ” လို့ ဒေသခံ လူမှုကူညီရေး ပရဟိတသမား တစ်ယောက်က ပြောပါတယ်။ ဒါ့အပြင်…

Read More
VOM News

FREE
VIEW