လှိုင်သာယာမှာ ဗုံးနှစ်ကြိမ်ပေါက် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန်လ ၇၊ ၂၀၂၂
KK(VOM)

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၅ ရပ်ကွက်နဝရတ်လမ်းမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ရာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ခြောက်နာရီကျော်က အမှတ် ၅ ရပ်ကွက် နဝရတ်လမ်းက လမ်းဘေးအမှိုက်ပုံးအတွင်း ဗုံးပေါက်ကွဲခဲ့ရာ လမ်းလျှောက်လာသူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

“လမ်းဘေးအမှိုက်ပုံးက ထပေါက်တာ ပေါက်တဲ့အချိန် လမ်းသွားလမ်းလာတစ်ဦးထိသွားတယ် စစ်တပ်ကလာတော့ နောက်တစ်လုံးထပ်ပေါက်တယ် ပေါက်တဲ့အိမ်နားက နှစ်ယောက်ထိတယ်”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နဲ့ရဲတွေရောက်လာချိန် ၇ နာရီကျော်မှာ လမ်းဘေးမှာချထားတဲ့အမှိုက်ထုပ်အတွင်းကနေ ဗုံးထပ်ပေါက်လို့ မျက်နှာချင်းဆိုင်အိမ်က သားအမိနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးနဲ့ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လှိုင်သာယာပြည်သူ့ဆေးရုံကို ဆေးကုသမှုခံယူ​နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ အမှတ် ၅ ရပ်ကွက် နဝရတ်လမ်းနှင့်လမ်းဆုံတွေမှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်းဗုံးပေါက်ကွဲမှုတွေနဲ့သေနတ်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #လှိုင်သာယာ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW