မလေးရှားမှာ မဖြစ်မနေသေဒဏ်ပေးမှု ဖျက်သိမ်းဖို့ အစိုးရအဖွဲ့သဘောတူ

ကွာလာလမ်ပူ၊ ဇွန်-၁၀-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားအစိုးရဟာ မဖြစ်မနေသေဒဏ်ပေးမှုကို ဖျက်သိမ်းဖို့ သဘောတူလိုက်ကြောင်း ၀န်ကြီးချုပ်ရုံးမှ ၀န်ကြီးတစ်ဦးဖြစ်သူ ၀မ်ဂျန်နာဒီတွမ်ကူဂျာဖာက အတည်ပြုပြောဆိုလိုက်ပါတယ်။

တရားရုံးကဆုံးဖြတ်လိုက်တဲ့ သေဒဏ်ကဲ့သို့သော ကြီးလေးသောပြစ်ဒဏ်ကို အခြားသောပြစ်ဒဏ် အမျိုးအစားတွေနဲ့ အစားထိုးသွားမယ်လို့ ဇွန် ၁၀ ရက်တမှာ မလေးရှားအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန် ၈ ရက်ကပြုလုပ်တေဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ မဖြစ်မနေသေဒဏ်ပေးရမယ့်အစား အစားထိုးပြစ်ဒဏ်ဆိုင်ရာ လေ့လာမှုအစီရင်ခံစာတရပ်ကို တင်ပြပြီးနောက် မလေးရှားအစိုးရက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

သေဒဏ်ပေးရမယ့် ပြစ်မှုတွေနဲ့ပတ်သက်ပြီး အဆိုပြုထားတဲ့ အစားထိုးစီရင်ချက်တွေကို ဆက်လက်လေ့လာ သုတေသနပြုသွားမှာဖြစ်ကြောင်း မလေးရှားအစိုးရက သဘောတူညီခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ လက်ရှိသေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေကတော့ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်း၀ယ်ဖောက်ကားမှု၊ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနဲ့ သေနတ်လက်၀ယ်ထားရှိ ကိုင်ဆောင်မှုတို့ဖြစ်ပါတယ်။

Ref: CNA
Photo:TRP
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW