သထုံမှာ မိခင်ကို စိတ်ဝေဒနာရှင်သားက ပေါက်ပြားနဲ့ရိုက်သတ်လို့ မိခင်သေဆုံး၊သားဖြစ်သူပါ သေဆုံး

ဇွန် ၁၀-၂၀၂၂
GG(VOM)

မွန်ပြည်နယ် ၊သထုံမြို့၊ ပေါ်တော်မူကျေးရွာအုပ်စု၊ဂျိုင်းကျေးရွာမှာ သားဖြစ်သူက မိခင်ကို ပေါက်ပြားနဲ့ရိုက်သတ်လို့ အ​မေဖြစ်သူသေဆုံးခဲ့သလို သားဖြစ်သူလည်းသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သားဖြစ်သူက စိတ်ဝေဒနာခံစားနေရသူဖြစ်ဖြစ်ပြီး ဦး​မြင့်ဆွေ အသက်၅၀ နှစ်၊ အမေဖြစ်သူက ဒေါငွေရင် အသက် ၇၄ နှစ်ဖြစ်ပါတယ်။

မိခင်ဖြစ်သူဟာ ပေါက်ပြားနဲ့ပေါက်တဲ့ဒဏ်ရာတွေကြောင့်ပဲ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး သားဖြစ်သူကလည်း မိခင်သေဆုံးပြီးမကြာခင် နေအိမ်မှာပဲ ထပ်မံသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“သူ့သားက ကော်ဖီမစ်တွေလည်း သောက်တယ်၊ သူ့အိမ်အောက်မှာ ခွေးသားပေါက်လေးတွေ လာမွေးတာကိုပြုတ်စားတာတို့လည်းလုပ်တယ်။သူကစိတ်မမှန်ဘူးလေ၊သူ့အမေကို ပေါက်ပြားနဲ့ပေါက်သတ်ချိန် ပတ်ဝန်းကျင်ကလည်းကြည့်ကြတော့ သူကနှလုံးရောဂါအခံလည်းရှိတော့ အဲ့ဒါကြောင့်သေသွားတယ်ထင်ပါတယ်။ အမေကို ဘာလို့သတ်လဲဆိုတာတော့ မသိဘူး ၊ မနေ့က မနက်အစော ၁ နာရီမှာဖြစ်တာပါ”လို့ အကြင်နာတွဲလက်အသင်း(သထုံ)ရဲ့အဖွဲ့ဝင်တဦးကပြောပါတယ်။

သေဆုံးသွားတဲ့ သားအမိ ၂ ဦးရဲ့ ရုပ်အလောင်းကို သထုံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ခဲ့ပြီး အဲ့ဒီကမှတဆင့် မီးသဂြိုလ်ဖို့အတွက် လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းကတော့ သေမှုသေခင်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ #လူသတ်မှု #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW