ထိုင်၀မ်က လွတ်လပ်ရေးကြိုးပမ်းလာရင် စစ်ပွဲဖြစ်လာမယ်လို့ တရုတ်နိုင်ငံ သတိပေး

ပေကျင်း ၊ဇွန်-၁၂-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်ကို တရုတ်နိုင်ငံမှခွဲထွက်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းမှုမှန်သမျှ တရုတ်နိုင်ငံရဲ့ စစ်ရေးအရ အရေးယူမှုတွေဖြစ်ပေါ်လာလိမ့်မယ်လို့ အမေရိကန်ကို တရုတ်က သတိပေးပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲပြင်ပမှ တရုတ်နိုင်ငံခြားရေး၀န်ကြီး ဝေဖန်ဟီက အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့တွေ့ဆုံရာမှာ အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

ထိုင်၀မ်ကို တရုတ်နိုင်ငံကနေ ထွက်ထုတ်လိုက်တာဟာ တရုတ်စစ်တပ်အနေနဲ့ ဘယ်လိုနည်းနဲ့မဆို တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာနည်းလမ်းမရှိကြောင်း တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်ဟီက ပြောပါတယ်။

ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်လေယာဉ်တွေနေ့စဉ်နဲ့အမျှ စံချိန်တင်ပမာဏထိ များပြားနေပြီး ဒါဟာဒေသတွင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး ဒါဟာရန်စတဲ့သဘောဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

ထိုင်၀မ်ကို နိုင်ငံအစိတ်အပိုင်းတရပ်အဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပြီး ထိုင်၀မ်ကို လက်နက်တွေရောင်းချနေတဲ့ အမေရိကန်ရဲ့ရပ်တည်ချက်ကို တရုတ်ကာကွယ်ရေး၀န်ကြီးက ပြစ်တင်ရှုတ်ချထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW