တောင်ကိုရီးယားမှာ ကုန်တင်ကားသမားတွေ သပိတ်မှောက်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေ

ဆိုးလ်၊ ဇွန်-၁၃-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံမှာ ကုန်တင်ကားမောင်းသူထောင်ပေါင်းများစွာရဲ့ သပိတ်မှောက်မှု ခုနှစ်ရက်မြောက်နေ့ထိရှိနေချိန်မှာတော့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လုပ်ငန်းတွေ ထိခိုက်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေကပြောပါတယ်။

ဒီလိုထိခိုက်နစ်နာနေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီနဲ့ ပေါ်စကို စတီးကုမ္ပဏီတို့လည်း ပါ၀င်နေပါတယ်။

ထရပ်ကားသမားတွေဟာ လောင်စာဆီကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် အစိုးရထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဇွန် ၇ ရက်ကတည်းက စတင်ခဲ့တဲ့ သပိတ်ကို အဆုံးသတ်ဖို့ တောင်ကိုရီးယားတာ၀န်ရှိသူတွေနဲ့ ကုန်တင်ကားသမား အဖွဲ့အစည်းတွေအကြား သဘောတူညီချက်မရရှိပြီးနောက် သပိတ်မှောက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကုန်တင်ကားမောင်သူ လေးသိန်းနှစ်သောင်းကျော်ရှိပြီး သူတို့ကို ကိုယ်ပိုင်အလုပ်လုပ်ကိုင်သူတွေအဖြစ် သတ်မှတ်ထားပါတယ်။ သူတို့နဲ့ ပို့ဆောင်ရေး၀န်ကြီးဌာနတို့အကြား ရှစ်နာရီကျော်ကြာတွေ့ဆုံပြီး ကုန်စည်ပို့ဆောင်မှု ပုံမှန်ဖြစ်စေဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပေမယ့်လည်း သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။

Ref: BBC
Photo: Reuters

#voiceofmyanmar #VOM #တောင်ကိုရီးယား #ကုန်တင်ကားသပိတ် #ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW