ကြာအင်းဆိပ်ကြီးက စက်သုံးဆီဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ပိုင်မိသားစုဝင်တဦးသေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၁၄-၂၀၂၂
GG+KT(VOM)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသွားကားလမ်းဘေးက “ချမ်းမြေ့ဝတီ”စက်သုံးဆီအရောင်းဆိုင် “ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀၀ ကျော်တန်ဖိုးရှိရွှေထည်ပစ္စည်းတွေ ပါသွားသလို သေနတ်နဲ့ပါပစ်ခံရလို့ အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဇွန် ၁၃ ရက် ည ၈ နာရီလောက်မှာ အမည်မသိအမျိုးသား ၄ ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဆိုင်ပိုင်ရှင်နဲ့မိသားစုဝင်တွေကို သေနတ်ပြချိန်းခြောက်ကာ ရွှေထည်ပစ္စည်းတွေကိုယူဆောင်ပြီး မိသားစုဝင်​ဖြစ်သူ ဦးအေးဝင်းနိုင် အသက် ၄၅ နှစ်ဆိုသူကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” သေနတ်မှန်တဲ့သူက ဆိုင်ပိုင်ရှင် ဦးချစ်အောင်ရဲ့ယောက်ဖပေါ့။ မေးစေ့အောက်၊ညာဘက်နှာခေါင်း၊လည်ပင်းနဲ့နောက်စေ့မှာ ​​သေနတ်(၄)ချက် မှန်တယ်လို့ပြောတယ်။ပွဲချင်းပြီးပဲ ၊ဆိုင်ပိုင်ရှင်လည်း အရိုက်ခံရတယ်လို့ကြားတယ်”လို့ ဒေသခံပရဟတိသမားတဦးကပြောပါတယ်။

ဓားပြတိုက်ခံလိုက်ရတဲ့ပစ္စည်းတွေကတော့ လက်ကောက် ၂ ကွင်း၊လက်စွပ် ၂ ကွင်း၊ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊စိန်လက်စွပ် ၁ ကွင်း စုစုပေါင်းခန့် မှန်းတန်ဖိုး ၂၃၀ သိန်းနဲ့ ငွေသား ၁၀ သိန်းကျပ် ပါသွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိတော့ ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိတာမရှိသေးကြောင်းနဲ့သက်ဆိုင်ရာတာဝန်ရှိရဲစခန်းက ကျူးလွန်သူတွေကိုဖမ်းဆီးရမိရေးရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်းမှာလည်း စက်သုံးဆီအရောင်းဆိုင် တွေဓားပြတိုက်ခံရတဲ့ဖြစ်စဥ်တွေ အခုလပိုင်းအတွင်းမှာ ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ကြာအင်းဆိပ်ကြီး #ဆီဆိုင်ဓားပြတိုက်ခံရ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW