စီးပွားရေးအခြေအနေကြောင့် ပါကစ္စတန်ပြည်သူတွေလက်ဖက်ရည်လျှော့သောက်ဖို့ အာဏာပိုင်တွေ တိုက်တွန်း

အစ္စလာမ္မာဘတ်၊ ဇွန်-၁၅-၂၀၂၂
မျိုးဆက်(VOM)

ပါကစ္စတန်မှာ နိုင်ငံ့စီးပွားရေးအခြေအနေကို ထိန်းသိမ်းထားဖို့အတွက် လက်ဖက်ရည်သောက်တဲ့ ပမာဏကိုလျှော့ချဖို့ ပြည်သူတွေကို အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။

တနေ့ကို လက်ဖက်ရည်အနည်းငယ်သာသောက်သုံးခြင်းဖြင့် ပါကစ္စတန်ရဲ့ သွင်းကုန်ပမာဏမြင့်မားခြင်းကို လျှော့ချနိုင်မှာဖြစ်ကြောင်း ပါကစ္စတန်ထိပ်တန်း၀န်ကြီးတစ်ဦးဖြစ်သူ အာဆန်အီကဘားက ပြောပါတယ်။

နိုင်ငံမှာ နိုင်ငံခြားအရန်ငွေနည်းပါးခြင်းကြောင့် သွင်းကုန်တွေအတွက် ပေးချေဖို့ နှစ်လအောက်သာ လုံလောက်တော့မှာဖြစ်ပြီး ရန်ပုံငွေ အရေးပေါ်လိုအပ်နေပါတယ်။

မိမိတို့နိုင်ငံဟာ လက်ဖက်ခြောက်ကို ပြည်ပမှတင်သွင်းရတဲ့ နိုင်ငံဖြစ်တာကြောင့် လက်ဖက်ခြောက်သုံးစွဲမှုကို လျှော့ချဖို့ ပြည်သူတွေကို မေတ္တာရပ်ခံကြောင်း ၀န်ကြီး အာဆန်အီကဘားက ပြောပါတယ်။

ဒါပေမယ့် ဒီလိုလုပ်ဆောင်ခြင်းက နိုင်ငံရဲ့ ဆိုးရွားနေတဲ့ ငွေကြေးပြသနာကို ဖြေရှင်းနိုင်ခြင်းရှိမရှိအပေါ် ပြည်သူတွေက သံသယရှိနေပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လက်ဖက်ခြောက်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ယမန်နှစ်မှာ ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးထိ ၀ယ်ယူခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW